နားလည်သဘောပေါက်စွာ သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာခြင်း (How To Read The Bible With Understanding Study Guide)

patrick-fore-b_SHPU5M3nk-unsplash

လုသာရင်အမွေအနှစ်ဖောင်းဒေးရှင်း (LHF)က ဒေါက်တာ လိန်းဘာဂ်လန်(ဒ်) ရေးတဲ့ နားလည်သဘောပေါက်စွာ သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာခြင်းဆိုတဲ့ စာအုပ်ကို မြန်မာလို ဘာသာပြန်ထားပါတယ်။ မှာချင်တယ်ဆိုရင် သူတို့ဆီကနေမှာလို့ရပါတယ်။ စာအုပ်က အခမဲ့ဖြစ်ပါတယ်။

သင်းအုပ်ဆရာ ဂျင်းခယ်လာကလည်း စာအုပ်နဲ့တွဲဖတ်လို့ရတဲ့ သင်ခန်းစာတွေရေးခဲ့တယ်။ အပိုင်းဆယ်ပိုင်းက မြန်မာလိုဘာသာပြန်ထားပြီးပြီ။ အောက်မှာ ဖတ်လို့ရပါတယ်။ ဒီသင်ခန်းစာတွေဟာ ကိုယ်ပိုင်လေ့လာတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ အဖွဲ့အလိုက်ကျမ်းစာလေ့လာအစီအစဉ်မှာပဲဖြစ်ဖြစ် အသုံးပြုလို့ရတယ်။ အခန်းတိုင်းရဲ့ အဆုံးပိုင်းမှာ PDF အနေနဲ့ ၎င်းကို ဒေါင်းလုဒ်ဆွဲဖို့ လင့်(ခ်)ရှိပါတယ်။ ကျေးဇူးပြု၍ ဒီစာအုပ်ကို မိတ်ဆွေက ဘယ်လိုအသုံးပြုမှာလဲဆိုတာကို ပြောပြပါဦး။ ဒီမှာ ကျွန်တော်တို့ကို E-mail နဲ့စာပို့လို့ရပါတယ်။

သမ္မာကျမ်းစာကိုနားလည်သဘောပေါက်အောင် ဘယ်လိုဖတ်မလဲ။

အခန်း (၁) ဆက်စပ်မှု

သမ္မာကျမ်းစာကို နားလည်သဘောပေါက်ခြင်းဆိုင်ရာထင်မြင်ချက်အား အယူဝါဒသုံးခုက လွှမ်းမိုးထားပါတယ်။

  • နှုတ်ကပတ်တော်က ခရစ်ယာန်ယုံကြည်သူတွေကို သွန်သင်ဆုံးမဖို့နဲ့ လက်တွေ့ကျင့်ကြံအားထုတ်ဖို့ အခွင့်အာဏာရှိထားပြီးသား ဖြစ်ပါတယ်။ (လူသားတို့ရဲ့ဆင်ခြေသုံးသပ်မှုအရ မဟုတ်ပါ။)
  • ကျွန်တော်တို့တွေဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းရရှိတာ ဖြစ်ပါတယ်။(မထိုက်မတန်ပဲ ရရှိတဲ့သူ့ရဲ့ချစ်ခြင်းမေတ္တာတော်)
  • ကျွန်တော်တို့တွေဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ လက်ခံရရှိတာ ဖြစ်ပါတယ်။

ရောမ ၃၀:၂၈ ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်း

ရောမ ၃၀:၂၁ – ၃၁ကို ဖတ်ပါ။  

၁။ ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းဆိုတာက ဘာလဲ။  

၂။ လူသားမျိုးနွယ်စုတွေဟာ ဘယ်လောက်ထိ အပြစ်ကျူးလွန်ခဲ့ပြီး ဘုရားသခင်ရဲ့ ဘုန်းတော်ကနေ ကျဆင်းသွားခဲ့ကြလဲ။  

၃။ သခင်ယေရှုသေဆုံးခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် လူသားမျိုးနွယ်စုတွေဟာ ဘယ်လောက်ထိ ဖြောင့်မတ်ခြင်းကို ရှိကြလဲ။    

၄။ ကားတိုင်ပေါ်မှာ ခရစ်တော်က ဘာပြဿနာတွေကို ဖြေရှင်းခဲ့လဲ။    

၅။ ဘုရားသခင်က တစ်ဆူးတည်းသောဘုရားဖြစ်တယ်ဆိုတော့ ကယ်တင်ခြင်းဆိုင်ရာပုံစံတွေ ဘယ်နှစ်ခုရှိမှာလဲ။  

ဖြောင့်မတ်ခြင်းဆိုတာက ဘာလဲ။

ကြိယာဝိသေသတစ်ခုအနေနဲ့ အသုံးပြုပါ။ ယေဇကျေလ ၁၈: ၅-၉

ဖြောင့်မတ်ခြင်းက ဖော်ပြထားတယ်။     နာမ်အနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။ မှန်ကန်မှုရဲ့အရည်သွေး (သို့) မှန်တဲ့အရာကိုလုပ်ဆောင်ခြင်းရဲ့အရည်အသွေးဖြစ်ပါတယ်။  

၆။ ဘယ်သူသာလျှင် စစ်မှန်တဲ့ဖြောင့်မတ်သောသူဖြစ်ပါသလဲ။

၇။ ဒီဖြောင့်မတ်ခြင်းကို ကျွန်တော်တို့ ဘယ်လိုရရှိကြတာလဲ။    

၈။ “ဖြောင့်မတ်ခြင်းတရားတော်” ဆိုတဲ့စကားလုံးက ဘာကိုဆိုလိုတာလဲ။    

၉။ ဒီအခြေခံပေါ်မှာ ရောမ ၃:၂၈ က ဘာကိုဆိုလိုတာလဲ။  

ရှင်ယာကုပ် ၂:၂၄ ကိုဖတ်ပါ။

၁၀။ ရှင်ယာကုပ်က တူညီတဲ့နည်းလမ်းနဲ့ ဖြောင့်မတ်ခြင်းကို အသုံးပြုပါသလား။    

ရှင်ယာကုပ် ၂:၂၄ -၁၇ ကိုဖတ်ပါ။

၁၁။ ဒီအခန်းကြီးမှာ ရှင်ယာကုပ်က ဘာအကြောင်းကို ပြောနေတာလဲ။    

ရှင်မဿဲ၂၅း၃၁-၃၆ ကိုဖတ်ပါ။

၁၂။ ဒီကျမ်းပိုဒ်က ရောမ ၃:၂၈ နှင့် ရှင်ယာကုပ် ၂:၂၄ နှစ်ခုစလုံးနှင့် ဘယ်လိုဆက်စပ်မှုရှိလဲ။    

၁၃။ ဖြောင့်မတ်ခြင်းတရားတော်နှင့် သန့်ရှင်းခြင်းတို့၏ ခြားနားမှုက ဘာလဲ။    

၁၄။ ဖြောင့်မတ်ခြင်းတရားတော်နဲ့ သန့်ရှင်းခြင်းတို့၏အကြောင်းကို ကျွန်တော်တို့ဖတ်ခဲ့ရပြီး  

ထိုအကြောင်းအရာတွေကို ဘယ်ကျမ်းပိုဒ်တွေမှာ ဖတ်ခဲ့ရပါသလဲ။ ပိုမိုနားလည်လာအောင် ရှင်မဿဲ ၁၉ ဖတ်ရှုခြင်း။

ရှင်မဿဲ ၁၉:၁၆-၂၈ ကို ဖတ်ပါ။  

၁၅။ အခန်းငယ် ၁၇ မှာ သခင်ယေရှုပြောပြချက်အရ တစ်စုံတစ်ယောက်က ထာ၀ရအသက်ရှင်ခြင်းသို့ ဘယ်လိုဝင်စားတာလဲ။    

၁၆။ အခန်းငယ် ၂၁ မှာ သခင်ယေရှုပြောပြချက်အရ စုံလင်တဲ့သခင်ယေရှုရဲ့ တပည့်တော်တစ်ဦးဖြစ်ဖို့ ဘာကိုလုပ်ဆောင်ရတာလဲ။    

၁၇။ သဘောတရားအရ ချမ်းသာတဲ့လူကို ဘုရားသခင်က အချစ်ဆုံးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က ရုပ်၀တ္တုပိုင်းဆိုင်ရာပစ္စည်း အများဆုံးကို သူတို့အား ကောင်းကြီးပေးတယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်စားတဲ့အခါမှာ ချမ်းသာတဲ့သူဟာ များသောအားဖြင့် အောင်နိုင်တဲ့နိုင် သူဖြစ်တယ်။ အခန်းငယ် ၂၄ အရ ကောင်းကင်နိုင်ငံတော်ထဲကိုဝင်စားဖို့ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးရရှိနိုင်တဲ့ အခွင့်အလမ်းတွေနဲ့ပတ်သက်လို့ သခင်ယေရှုက ဘာပြောထားပါသလဲ။    

၁၈။ အခန်းငယ် ၂၄ ဖော်ပြချက်အရ တပည့်တော်တွေက သခင်ယေရှုကို ဘယ်လိုတုန့်ပြန်ကြပါသလဲ။    

၁၉။ အခန်းငယ် ၂၆ မှာ လူတိုင်း ထာ၀ရအသက်ကို ရနိုင်တဲ့အခွင့် အရေးနဲ့ပတ်သက်လို့ သခင်ယေရှုက ဘာပြောထားသလဲ။    

ရောမ ၃:၂၈ နှင့် ဧဖက် ၂:၈-၉ တို့ကို ဖတ်ပါ။    

၂၀။ ဒီကျမ်းပိုဒ်တွေက ကယ်တင်ခြင်းခံရတဲ့နည်းလမ်းကို ဘာပြောထားပါသလဲ။    

၂၁။ ရှင်မဿဲ ၁၉:၁၇ နှင့် ၂၁ မှာ သခင်ယေရှုရဲ့တုန့်ပြန်မှုကို ကျွန်တော်တို့ ဘယ်လိုနားလည်သင့်ပါသလဲ။  

ရှင်မဿဲ ၁၉ အခန်း တစာ်ခုကိုနားလည်သဘောပေါက်ဖို့ ရှင်မဿဲဲ ၁၉ ရဲ့ ကျယ်ပြန့်တဲ့ ဆက်စာပ်မ+ကို ကြည့်ရှုခြင်း။ 

ရှင်မဿဲ ၁၉:၁-၁၂ ကို ဖတ်ပါ။

၂၂။ ဖာရိရှဲတွေက ဘာလုပ်ဖို့ ကြိုးပမ်းနေခဲ့ကြတာလဲ။    

၂၃။ သူတို့က သခင်ယေရှုကို ဘာမေးခွန်းမေးခဲ့ကြလဲ။    

၂၄။ ဘာကြောင့် သခင်ယေရှုရဲ့အဖြေက သူတို့နှင့်အတူ တပည့်တော်တွေပါ စိတ်ပျက်စေခဲ့တာလဲ။    

၂၅။ ဖာရိရှဲတွေရဲ့မေးခွန်းနဲ့ ချမ်းသာတဲ့လူငယ်ရဲ့မေးခွန်းက ဘယ်လိုတူညီမှုရှိခဲ့လဲ။    

ရှင်မဿဲ ၁၉: ၁၃-၁၅ ကို ဖတ်ပါ။

၂၆။ လူတွေက ဘာလိုချင်ခဲ့တာလဲ။  

၂၇။ ဒါနဲ့ပတ်သက်လို့ တပည့်တော်တွေ ဘယ်လိုထင်ခဲ့ကြလဲ။    

၂၈။ သခင်ယေရှုက ဘာလုပ်ခဲ့လဲ။  

၂၉။ ဘာကြောင့် ဒီပုံပြင်က ဖာရိရှဲတွေရဲ့ မေးခွန်းနဲ့ ချမ်းသာတဲ့လူငယ်ရဲ့ မေးခွန်းမှာ ရှိရတာလဲ။    

ဓမ္မသစ်ကျမ်းကို နားလည်ဖို့ ဓမ္မဟောင်းကို အသုံးပြုခြင်း။ 

ရှင်မာကု ၄:၁၀-၁၂ ကို ဖတ်ပါ။

၃၀။ (ဘုရားသခင်ရဲ့နိုင်ငံတော်ရဲ့လျှိုဝှက်ချက်ဆိုတာကို) ဘယ်သူ (သို့) ဘာလို့ သခင်ယေရှုက ခေါ်တာလဲ။    

၃၁။ ဘာကြောင့် သခင်ယေရှုက ပုံဥပမာတွေနဲ့ သင်ပြတာလဲ။    

၃၂။ ဘယ်ဓမ္မဟောင်းကျမ်းပိုဒ်ကို သခင်ယေရှု ကိုးကားတာလဲ။    

ဟေရှာရ ၆:၁-၁၃ ကို ဖတ်ပါ။

၃၂။ တမန်တော်အနေနဲ့ ဟေရှာရခေတ်အတွင်းမှာ ဒီအခန်းက ဘယ်အချိန်အခါမှာ နေရာယူထားတာလဲ။    

၃၃။ ဘုရားသခင်က သူသွားရမယ့်လူတွေအကြောင်းနဲ့ပတ်သက်ပြီး ဟေရှာရဆီကို ဘာပြောလဲ။ (အခန်းငယ် ၉:၁၀ ကိုကြည့်ပါ။)    

၃၄။ ဟေရှာရကာလတုန်းက လူတွေဟာ သခင်ယေရှုကာလမှာ ရှိတဲ့ဖာရိရှဲတွေနဲ့ ဘယ်လိုတူညီကြပါသလဲ။  

၃၅။ အခန်းငယ်၁၁မှာ ဟေရှာရက ဘာမေးခွန်ကို မေးပါသလဲ။    

၃၆။ အခန်းငယ် ၁၁-၁၃မှာ ဘုရားသခင်က ဘာဖြေဆိုပါသလဲ။    

၃၇။ ဒီအခန်းထဲမှာ မျော်လင့်ခြင်းက ဘယ်နေရာမှာရှိလဲ။    

၃၈။ သန့်ရှင်းတဲ့မျိုးစေ့က ဘယ်သူလဲ။    

၃၉။ ဟေရှာရ ၆:၉ နဲ့ ရှင်မာကု ၁၂ ရဲ့ ဆက်စပ်မှုတို၌က သင် နားလည်သဘောပေါက်အောင် ဘယ်လိုကူညီပါသလဲ။    

ပြန်လည်စစ်ဆေးခြင်း။

ဒီအခန်းကြီးမှာ ကျွန်တော်တို့ဟာ ကျမ်းပိုဒ်တစ်ခုကို နားလည်သဘော ပေါက်အောင် ကူညီဖို့ ဆက်စပ်မှုကို ဘယ်လိုအသုံးပြုရမယ်ဆိုတာကို လေ့လာခဲ့ပါတယ်။  

၄၀။ သင့်ရဲ့အတွေ့အကြုံမှ တစ်စုံတစ်ဦးက စကားပြောဆိုခြင်းထဲမှာ ဆက်စပ်မှုတစ်စုံတရာကို နုတ်ယူသွားတဲ့အချိန်တစ်ခုကို ပြောပြပါ။ ပြီးတော့ ထိုအရာကြောင့် ဘယ်ဖြစ်ပျက်ခဲ့လဲ။    

၄၁။ သမ္မာကျမ်းစာရဲ့ ကျမ်းပိုဒ်တစ်ခုကို ၎င်းရဲ့ဆက်စပ်မှုအား နုတ်ယူခြင်းကြောင့်ဖြစ်လာနိုင်တဲ့အန္တရယ်က ဘာလဲ။

၄၂။ တစ်စုံတစ်ယောက်က သမ္မကျမ်းစာရဲ့ ကျမ်းပိုဒ်တစ်ခု၏ဆက်စပ်မှုအား နုတ်ယူတာကို သင့်အနေနဲ့ တွေ့ကြုံခဲ့ဖူးပါသလား။    

ကမ္ဘာဦးကျမ်း ၃၁: ၄၉ ကို ဖတ်ပါ။ ဒီကျမ်းပိုဒ်ကို သူငယ်ချင်းတွေနဲ့ ချစ်သူကြင်ဖက်တွေ မကြာခဏ အသုံးပြုခဲ့ကြပါတယ်။   ကမ္ဘာဦးကျမ်း ၃၁:၄၈န-၅၄ တို့ကို ဖတ်ပါ။

၄၃။ လာဗန်က ဘုရားသခင်လုပ်ဆောင်ပေးဖို့ ဘာမေးလျှာက်ခဲ့ပါသလဲ။    

၄၄။ ဒါက မနှစ်မြို့ဖွယ်ရာ (သို့) ကြောက်စရာကောင်းတဲ့လုပ်ဆောင်မှုတစ်ခု ဖြစ်ခဲ့ပါသလား။    

   

၄၅။ အထက်က မက်ဇ်ဖအကြွေစေ့ပုံက ကမ္ဘာဦးကျမ်း ၃၁:၄၉အား မှန်ကန်တဲ့ဘာသာပြန်ဆိုခြင်း ဖြစ်စေပါသလား (သို့) ဒါဟာ ဆက်စပ်မှုမှနုတ်ယူထားခဲ့တာ ဖြစ်ပါသလား။    

၄၆။ ဒါကိုဆုံးဖြတ်ခြင်းဖို့ ဆက်စပ်မှုရဲ့ဘယ်အဆင့်ကို သင်အသုံးပြုခဲ့တာလဲ။    

၄၇။ ကမ္ဘာဦးကျမ်း ၃၁:၄၉ ကို နားလည်သဘောပေါက်ဖို့ ကမ္ဘာဦးကျမ်း ၃၁:၁၇-၅၅ ကို ဖတ်ရှုခြင်းဟာ ဘယ်လောက်ထိ အကူအညီဖြစ် စေနိုင်တာလဲ။    

၄၈။ ကမ္ဘာဦးကျမ်းအခန်းကို ရှည်လျားစွာ ဖတ်ခြင်းက ကမ္ဘာဦးကျမ်း ၃၁: ၄၉က သင့်ရဲ့အမြင်ကို ဘယ်လိုပြောင်းလဲစေပါသလဲ။    

ဘာသာပြန်ဆိုခြင်းရဲ့ သော့ချက်တစ်ခု 

ရှင်ယောဟန် ၂ဝး၃၀-၃၁ ကို ဖတ်ပါ။    

© Lutheran Agency for Missions to Burmese (LAMB). (2021). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work. Appropriate credits for this work are provided above.

ဒီအရင်းအမြစ်ကို PDF နဲ့ ဒေါင်းလုဒ်ဆွဲဖို့ရန် အောင််က ​ဖောင်းကိုဖြေပါ။

 သင့်အနေနဲ့ ဒီအရင်းအမြစ်က (ရုပ်ရှင်) အထောက်အကူဖြစ်တယ်လို့ ခံစားခဲ့လား။ ဒီထက်မက LAMB က တခြားအရင်းအမြစ်တွေကို ဆက်လက်ထုတ်နိုင်ဖို့ အားပေးပါ။ အခုပဲ လှူဒါန်းပါ။

     

အခန်း ၂

ကျမ်းပိုဒ်ရဲ့ဆိုလိုရင်းကို ရိုးရိုးရှင်းရှင်းလေးပဲ ‌တွေးပါ။

ဥပမာ (၁)

ရှင်မာကု ၅:၂၁-၄၃ ကို ဖတ်ပါ။

၁။ ဒီပုံပြင်နှစ်ခုမှာ ဘာဖြစ်ပျက်လဲ။

၂။ ရှင်မာကု ၄:၃၅-၄၁ထဲမှာ သခင်‌ယေရှုက ဘာဘုန်းတန်ခိုးကို ပြသလဲ။

၃။ ရှင်မာကု ၅:၁-၂ဝထဲမှာ သခင်‌ယေရှုက ဘာဘုန်းတန်ခိုးကို ပြသလဲ။

၄။ ရှင်မာကု ၅:၂၁-၄၃ထဲမှာ သခင်‌ယေရှုက ဘာဘုန်းတန်ခိုးကို ပြသလဲ။

တရား‌ဟောရာကျမ်း ၅:၂-၃, ၆၊တောလည်ရာကျမ်း ၁၉:၁၃တို့ကို ဖတ်ပါ။

၅။ ရှင်မာကု ၅:၂၁-၄၃ထဲက ဒီကျမ်းပိုဒ်နှစ်ခုကို သခင်‌ယေရှုက ဘယ်လိုချိုး‌ဖော်ခဲ့လဲ။

၆။ ဘာ‌‌ကြောင့် သခင်‌ယေရှုက မသန့်ရှင်းတဲ့သူ မဖြစ်ခဲ့တာလဲ။

ရှင်မာကု ၇:၁၈-၂၃ကို ဖတ်ပါ။

၇။ သန့်ရှင်းခြင်းနဲ့ မသန့်ရှင်းခြင်းနဲ့ပတ်သက်လို့ သခင်‌ယေရှုက ဘာ‌ပြောလဲ။

၈။ ရှင်မာကုအခန်းကြီးမှ ရှင်မာကု ၄:၃၅- ၄၁၊ ၅:၁-၂၀ နဲ့ ၇:၁၈-၂၃တို့ကို ဖတ်ခြင်းက ရှင်မာကု ၅:၂၁- ၄၃ရဲ့ ရည်ရွယ်ချက်ကို သင် ပိုမိုနားလည် လာ‌အောင် ဘယ်လိုအ‌ထောက်အကူပြု‌ပေးလဲ။

၉။ သင်က ရှင်မာကု ၅:၂၁- ၄၃ကို ပိုမိုနားလည်လာ‌အောင် ဘာအ‌ခြေခံစည်းမျဉ်းကို အသုံးပြုခဲ့လိုက်လဲ။

၁၀။ ရှင်မာကု ၅:၂၁- ၄၃ထဲက ပုံပြင်နှစ်ခုကို နားလည်ဖို့ရန် တင်စားခြင်း (ဒါမှမဟုတ်) တွေးတောအဖြေရှာခြင်းနည်းလမ်းလိုမျိုး လိုအပ်လား။

ဥပမာ (၂)

ရှင်မဿဲ ၂၈:၁-၁ဝကို ဖတ်ပါ။

၁၁။ ရက်တစ်ပတ်ရဲ့ ဘယ်နေ့လဲ။

၁၂။ ဘယ်သူက သခင်‌ယေရှုရဲ့ အုတ်ဂူကို သွားတာလဲ။

၁၃။ ဘယ်သူက သူတို့ထက်ဦးပြီး အုတ်ဂူကို သွားတာလဲ။

၁၄။ ဦးဆုံးလာလည်တဲ့သူနဲ့ ပုံမှန်မဟုတ်တဲ့အဖြစ်အပျက် ဘာပါလာတာလဲ။

၁၅။ လာလည်တဲ့သူမှာ ဘာသတင်းစကားရှိတာလဲ။

၁၆။ ဒီအမျိုးသမီးတွေ တပည့်တော်ဆီအပြန်လမ်းမှာ ဘယ်သူ့ကို တွေ့ခဲ့ကြတာလဲ။

၁၇။ ဘာကြောင့် ဒီအမျိုးသမီးတွေရဲ့ကြောက်ရွံ့ခြင်းက ဝမ်းမြောက်ခြင်းအဖြစ် ပြောင်းလဲသွားတာလဲ။

၁၈။ သခင်ယေရှုရဲ့ကိုယ်ခန္ဓာ  ဘယ်မှာရှိတာလဲ။

၁၉။ တရားစီရင်ရာနေ့မှာ သင့်ရဲ့ကိုယ်ခန္ဓာရှင်ပြန်ထမြောက်မယ်ဆိုရင် သင့်ရဲ့နဂိုမေးခွန်းရဲ့အဖြေက သင့်ရဲ့ထင်မြင်ချက်ကို ဘယ်လို သက်ရောက်စေမလဲ။

၂၀။ ရှင်မဿဲ ၂၈:၁-၁ဝထဲက တစ်စုံတစ်ခုကို ကျွန်တော်တို့ နားလည် သဘောပေါက်ဖို့ တင်စားခြင်း (ဒါမှမဟုတ်) တွေးတောအဖြေရှာခြင်း နည်းလမ်းလိုမျိုးအချက်တစ်ခု လိုအပ်လား။

ဥပမာ (၃)

ရှင်မဿဲ ၂၆:၁၇-၃၅ကို ဖတ်ပါ။

၂၁။ သခင်ယေရှုက နောက်ဆုံးညစာစားပွဲကို ဣသရေလတွေရဲ့ ဘယ်ပွဲတော်မှာ စားခဲ့တာလဲ။

၂၂။ ဒီမှာ ဣသရေလတွေအတွက် ဘာက အရေးကြီးတာလဲ။ သင်က နောက်ခံအကြောင်းကို ပိုသိဖို့အတွက် ထွက်မြောက်ရာကျမ်း ၁၁-၁၃ကို ဖတ်ရှုနိုင်ပါတယ်။ ဘာကြောင့် ထိုအရာကိုသိဖို့အတွက် ဒါကအထာက် အကူဖြစ်စေတာလဲ။

၂၃။ သခင်ယေရှုက သူ့တပည့်တော်တွေကို သူ ပေါင်မုန့်ပေးတုန်းက ဘာပြောတာလဲ။

၂၄။ သခင်ယေရှုက သူ့တပည့်တော်တွေကို သူ စပျစ်ရည်ပေးတုန်းက ဘာပြောတာလဲ။

၂၅။ ကျွန်တော်တို့လူသားများအနေနဲ့ ကျမ်းပိုဒ်ကို နားလည်နိုင်လား။ ကျွန်တော်တို့နားမလည်တဲ့အရာတွေကို လူ့စကားလုံးများအားဖြင့် ရှင်းပြသင့်လား။

၂၆။ သခင်ယေရှုက ပေါင်မုန့်ကို သူခန္ဓာအနေနဲ့၊ စပျစ်ရည်ကို သူ့အသွေးအနေနဲ့ ခံယူစေချင်ခဲ့တယ်ဆိုရင် ဒါကို သူက မတူကွဲပြားတဲ့နည်းလမ်းတစ်ခုအနေနဲ့ ပြောခဲ့မလား။ 

ဥပမာ (၄)

ရှင်မဿဲ ၂၈:၁၆-၂ဝကို ဖတ်ပါ။

၂၇။ သခင်ယေရှုက အကြီးမားဆုံးတာဝန်ကို ဘယ်အချိန်၊ ဘယ်နေရာမှာ ပေးခဲ့တာလဲ။

၂၈။ ဒီတာဝန်နဲ့အတူ ဘာလုပ်ပိုင်ခွင့်ကို သခင်ယေရှုက ပေးတာလဲ။

၂၉။ ဒီတာဝန်ကို သခင်ယေရှုက ဘယ်သူ့ကို ပေးတာလဲ။

၃၀။ သခင်ယေရှုရဲ့နောက်လိုက်တွေက အခြားသောတပည့်တော်တွေကို ဘယ်လိုမွေးထုတ်တာလဲ။

၃၁။ နောက်ဆုံးမှာ သခင်ယေရှုက ဘာကတိတော်ကို ပေးတာလဲ။

၃၂။ ရှင်မဿဲ ၂၈:၁၆-၂ဝကို ကျွန်တော်တို့ နားလည်သဘောပေါက်ဖို့ တင်စားခြင်း (ဒါမှမဟုတ်)တွေးတောအဖြေရှာခြင်းနည်းလမ်းလိုမျိုး အချက်တစ်ခု လိုအပ်လား။

၃၃။ ဒီအပိုင်းမှာ ကျွန်တော်တို့ တပည့်တော်တွေကို မွေးထုတ်ဖို့ အသက်အရွယ်၊ လိင်၊ လူမျိုးနောက်ခံအကြောင်းတို့ ကန့်သတ်ချက်မျိုး လိုအပ်လား။

ရှင်မဿဲ ၁၁:၂၅ကို ဖတ်ပါ။

၃၄။ သမ္မာကျမ်းစာကို ဖတ်ရှုရာမှာ နားလည်သဘောပေါက်ဖို့အတွက် ဒီအပိုင်းက အခြေခံစည်းမျဉ်းနှစ်ကို ဘယ်လိုအထောက်အကူပြုတာလဲ။

© Lutheran Agency for Missions to Burmese (LAMB). (2021). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work. Appropriate credits for this work are provided above.

ဒီအရင်းအမြစ်ကို PDF နဲ့ ဒေါင်းလုဒ်ဆွဲဖို့ရန် အောင််က ​ဖောင်းကိုဖြေပါ။

Resource Download (How to Read the Bible Lesson 2)

သင့်အနေနဲ့ ဒီအရင်းအမြစ်က (ရုပ်ရှင်) အထောက်အကူဖြစ်တယ်လို့ ခံစားခဲ့လား။ ဒီထက်မက LAMB က တခြားအရင်းအမြစ်တွေကို ဆက်လက်ထုတ်နိုင်ဖို့ အားပေးပါ။ အခုပဲ လှူဒါန်းပါ။

အခန်း ၃

သမ္မာကျမ်းစာက သမ္မာကျမ်းစာအနက်အဓိပ္ပါယ်ကို ဖော်ပတယ်။ 

၁ ကော ၁၅:၁-၁၈ကိုဖတ်ပါ။  

၁) ဧဝံဂေလိတရားရဲ့ အဓိကချက်က ဘာလဲ။ (ကျမ်းပိုဒ် ၁-၂ အရ)  

၂) ကျမ်းစာလာသည့်အတိုင်းဆိုတဲ့ စကားလုံးတွေနဲ့ ရှင်ပေါလုရဲ့ ပြောချင်တဲ့သဘောက ဘာလဲ။  

၃) သခင်ယေရှုရဲ့ ကိုယ်ခန္ဓာရှင်ပြန်ထမြောက်ခြင်းကို ရှင်ပေါလုက သူရဲ့စာဖတ်သူတွေကို ဘယ်လိုအတည်ပြုသလဲ။ (ကျမ်းပိုဒ် ၅-၇ကို ကြည့်ပါ)  

၁ ကောရိန္သု ၁၁:၁၇-၃၄ ကိုဖတ်ပါ။  

၄) အသင်းတော်အတွင်းမှာပေါ်လာတဲ့ ကွာခြားမှုတွေကြောင့် ဘုရားသခင်ရဲ့ ပွဲတော်မင်္ဂလာကို ကျင်းပတဲ့ပုံစံမျိုးကို ဘယ်လိုထိခိုက်သွားသလဲ။  

၅) ရှင်ပေါလုအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောပြတဲ့အခါမှာ ဘယ်အရာနဲ့ စပြောဖြစ်ပါသလဲ။ (၁ ကောရိန္သု ၁၁:၂၃-၂၆ ကိုကြည့်ပါ)  

၆) လူတစ်ယောက်က ဘုရားသခင်ရဲ့ပွဲတော်မင်္ဂလာကို မထိုင်မတန်စွာ ဆောင်တဲ့အခါမှာ အဲဒီလူက ဘာအပြစ်မှားသလဲ။  

၇) ကောရိန္သုမြို့က ခရစ်ယာန်ယုံကြည်သူတော်တော်များများက ဘာဖြစ်လို့မကျန်းမမာခြင်း အားနည်းခြင်း နဲ့ သေခြင်းကို ကြုံနေကြသလဲ။

၈) ဘုရားသခင်ရဲ့ ပွဲတော်မင်္ဂလာကို မသုံးဆောင်ခင် မိမိက အရင်ဘာလုပ်သင့်သလဲ။  

၉) ဘုရားသခင်ရဲ့ ပွဲတော်မင်္ဂလာနဲ့ပတ်သက်တဲ့ ရှင်ပေါလုရဲ့ နားလည်မှုက ရှင်မဿဲ ၂၆:တွင် ကျွန်တော်တို့ လေ့လာခဲ့တဲ့အကြောင်းအရာနဲ့ ဘယ်လိုအဆက်အစပ်ရှိသလဲ။  

ဘုရားသခင်ရဲ့ လူသား

ရှင်မာကု ၂:၁-၁၂ နဲ့ ၂:၂၃-၂၈ကိုဖတ်ပါ။  

၁၀) သခင်ယေရှုက ဘယ်သူ့ကို “လူသားသည်”လို့ခေါ်သလဲ။  

၁၁) “လူသားသည်”ဆိုတာနဲ့ သခင်ယေရှုရဲ့ ဆိုလိုချင်တာက ဘာလဲ။ ဒီ ကျမ်းပိုဒ်ထဲမှာ အဓိပ္ပာယ်ရှင်းတယ်လို့ထင်သလား။  

ဆာလံကျမ်း ၈:၄ကိုဖတ်ပါ။  

၁၂) ဆာလံကျမ်း ၈:၄တွင် “လူသားသည်”ဆိုတာက ဘာလဲ။  

၁၃) ဆာလံကျမ်းတွင် ဖော်ပြတဲ့အနက်အဓိပ္ပာယ်က သခင်ယေရှုရဲ့ ပြောသွားတဲ့စကားနဲ့တူသလား။  

ယေဇကျေလ ၂:၁-၂ကိုဖတ်ပါ။  

၁၄) ဒီကျမ်းပိုဒ်မှာ “လူသားသည်”ဆိုတာက ဘာလဲ။  

၁၅) ယေဇကျေလကျမ်းတွင်ဖော်ပြတဲ့အနက်အဓိပ္ပာယ်က သခင်ယေရှုရဲ့ ပြောသွားတဲ့စကားနဲ့တူသလား။  

ဒံယေလ ၁၇:၁၃-၁၄ကိုဖတ်ပါ။  

၁၆) ဒီကျမ်းပိုဒ်မှာ “လူသားသည်”ဆိုတာက ဘာလဲ။  

၁၇) ဒံယေလကျမ်းတွင်ဖော်ပြတဲ့အနက်အဓိပ္ပာယ်က သခင်ယေရှုရဲ့ ပြောသွားတဲ့စကားနဲ့တူသလား။  

© Lutheran Agency for Missions to Burmese (LAMB). (2021). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work. Appropriate credits for this work are provided above.

ဒီအရင်းအမြစ်ကို PDF နဲ့ ဒေါင်းလုဒ်ဆွဲဖို့ရန် အောင််က ​ဖောင်းကိုဖြေပါ။

Resource Download (How to Read the Bible Lesson 3)

သင့်အနေနဲ့ ဒီအရင်းအမြစ်က (ရုပ်ရှင်) အထောက်အကူဖြစ်တယ်လို့ ခံစားခဲ့လား။ ဒီထက်မက LAMB က တခြားအရင်းအမြစ်တွေကို ဆက်လက်ထုတ်နိုင်ဖို့ အားပေးပါ။ အခုပဲ လှူဒါန်းပါ။

အခန်း ၄

ယုံကြည်ခြင်းနည်းဥပဒေသဖြင့် သမ္မာကျမ်းစာကို အနက်ပြန်ပါ။

မာကု ၂:၂၃-၂၈ကို ဖတ်ပါ။  

၁) သခင်ယေရှုက ဘယ်သမ္မာဟောင်းကျမ်းရာဇာဝင်ကို ညွှန်းဆိုသလဲ။  

၂) အဲဒီရာဇာဝင်က သမ္မာဟောင်းကျမ်းမှာ ဘယ်မှာတွေ့ရသလဲ။  

၃) သခင်ယေရှုက သမ္မာဟောင်းကျမ်းပြောတဲ့အတိုင်း တိကျစွာပြန်ပြောနေသလား။ ဒီလိုပဲ ညွှန်းဆိုနေသလား။  

၄) သမ္မာဟောင်းကျမ်းနဲ့ပတ်သက်တဲ့ သခင်ယေရှုရဲ့အယူအဆ အကြောင်းကို ဒီကျမ်းပိုဒ်က ဘာဖော်ပြထားသလဲ။  

ရှင်မဿဲ ၄:၁-၁၁ နဲ့ ရှင်လုကာ ၄:၁-၁၃ကိုဖတ်ပါ။  

၅) သခင်ယေရှုက စုံစမ်းသွေးဆောင်ခြင်းတွေကို ဘယ်လိုဆီးတားသလဲ။  

၆) သမ္မာဟောင်းကျမ်းနဲ့ပတ်သက်တဲ့ သခင်ယေရှုရဲ့အယူအဆ အကြောင်းကို ဒီကျမ်းပိုဒ်က ဘာဖော်ပြထားသလဲ။  

၁ တိမောသေ ၅:၁၈ကို ဖတ်ပါ။  

၇) ဒီအကိုးအကားကို ရှင်ပေါလုက ဘယ်ကနေရသလဲ။ (တရားဟောရာကျမ်း ၂၅:၄ နဲ့ ရှင်လုကာ ၁၀:၇ကို ကြည့်ပါ။)  

၈) သမ္မာဟောင်းကျမ်းနဲ့ပတ်သက်တဲ့ ရှင်ပေါလုရဲ့အယူအဆအကြောင်းကို ဒီကျမ်းပိုဒ်က ဘာဖော်ပြထားသလဲ။  

၉) သမ္မာသစ်ကျမ်းနဲ့ပတ်သက်တဲ့ ရှင်ပေါလုရဲ့အယူအဆအကြောင်းကို ဒီကျမ်းပိုဒ်က ဘာဖော်ပြထားသလဲ။  

၂ ပေတရု ၄:၁၅-၁၆ ကိုဖတ်ပါ။  

၁၀) ရှင်ပေါလုရဲ့ ဩဝါဒစာတွေနဲ့ပတ်သက်ပြီးတော့ ရှင်ပေတရုနဲ့ အစောပိုင်းခရစ်ယာန်တို့ရဲ့ အယူအဆအကြောင်းကို ဒီကျမ်းပိုဒ်က ဘာဖော်ပြသလဲ။  

အခြေခံစည်းမျဉ်းကို လက်တွေ့အသုံးချခြင်း

ဟေရှာယ ၇:၁-၁၅ကို ဖတ်ပါ။  

၁၁) ဘုရင်အာခတ်နဲ့ ယုဒ ရင်ဆိုင်ခဲ့ရတဲ့ပြဿနာက ဘာလဲ။  

၁၂) ဘုရားသခင်က အာခတ်နဲ့ ယုဒတို့အတွက် ဘာလုပ်ဖို့ ကတိပြုခဲ့ပါသလဲ။  

၁၃) အာခတ် အနေနဲ့ ဘုရားသခင်ကို မိတ်တစ်ခုပြဖို့အတွက် မတောင်းဆိုလဲလို့ ထင်သလဲ။ မတောင်းဆိုဖို့ ဆုံးဖြတ်တာ ကောင်းတယ်လို့ထင်သလား။  

၁၄) အာခတ်ကို ဘုရားသခင်ပေးခဲ့တဲ့ နိမိတ်က ဘာလဲ။ (ဟေရှာယ ၇:၁၄ကိုကြည့်ပါ)  

၁၅) ဒီနိမိတ်က ဘယ်လိုဖြည့်ဆည်းခဲ့သလဲ။  

ရှင်မဿဲ ၁:၁၈-၂၃ ကိုဖတ်ပါ။  

၁၆) ရှင်မဿဲ ၂၃ မှာ ဘယ်သမ္မာဟောင်းကျမ်းပိုဒ်ကို ကိုးကားထားလဲ။  

၁၇) ယေရှုရဲ့နာမတော်က ဘာကိုဆိုလိုတာလဲ။

ကျမ်းပိုဒ် ၂၁ ကို ကြည့် ပါ။  

၁၈) တကယ်လို့ ဘုရင်အာဟာ့ ဘုရားသခင်ကို ယုံကြည်ခဲ့မယ်ဆိုရင် သူနဲ့ ယုဒဟာ ဘာကနေကယ်တင်ခြင်း ရှိခဲ့ပြီးဖြစ်လိမ့်မလဲ။  

၁၉) တကယ်လို့ ကျွန်တော်တို့ သခင်ယေရှုကို ယုံကြည်မယ်ဆိုရင် ကျနော်တို့ ဘာကနေကယ်တင်ခြင်း ရရှိသလဲ။ (ရှင်မဿဲ ၁:၂၁)  

၂၀) ဟေရှာယ ၇:၁၄ ရဲ့ ဖြည့်ဆည်းခြင်းကို ရှင်မဿဲ ၁ က ကျွန်တော်တို့ကို ဘယ်လိုဖော်ပြသလဲ။  

ဥပမာ ၂ – ဟောရှေ ၆:၆

ဟောရှေ ၆:၁–၆ကို ဖတ်ပါ။  

၂၁) ဘုရားသခင်က သူ့လူတွေကို ယစ်တင်ဖို့နဲ့ မီးရှိုပူဇော်ဖို့ ပညတ်ထားပါသလား။  

၂၂) ဘုရားသခင်က ယဇ်ပူဇော်ခြင်းကို လိုချင်တယ်ဆိုရင် “ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို[…] ငါနှစ်သက်၏”လို့ပြောရင် ဘုရားသခင်ရဲ့ ဆိုလိုရင်းက ဘာလဲ။  

၂၃) ပဋ္ိညာဉ်ဆိုတာက ဘာလဲ။ ပဋ္ဌိဉာဏ်တော်ဆိုတာမှာ ဟောရှေ ၆:၆နဲ့ ဘာအဆက်အစပ်ရှိသလဲ။  

ဆာလံ ၅၁၁၆–၁၇ကို ဖတ်ပါ။  

၂၄) ဘုရင်ဒါဝိတ်က ဆာလံ ၅၁ ကို ဘာကြောင့် ရေးခဲ့တာလဲ။

ကျမ်းပိုဒ် ၁-၃ ကိုကြည့်ပါ။  

၂၅) ကျမ်းပိုဒ် ၁၆-၁၇ မှာ ယစ်တင်ခြင်းနဲ့တ်သက်လို့ ဘာပြောထားလဲ။  

၂၆) ဒါက ဟောရှေ ၆:၆ နဲ့ ဘယ်လိုကိုက်ညီမှုရှိလဲ။  

၂၇) ဘုရားသခင်က ယစ်တင်ခြင်းထက် ဘာကိုတန်ဖိုးပိုထားလဲ။  

၂၈) ဆာလံ ၅၁:၁၉ မှာ ယစ်တင်ခြင်းနဲ့ပတ်သက်လို့ ဒေးဗစ် ဘာ ပြောလဲ။  

၂၉) ဆာလံ ၅၁:၁၆-၁၇ နဲ့ ဟောရှေ ၆:၆ က ဘယ်လိုကိုက်ညီလဲ။  

ရှင်မဿဲ ၉:၉-၁၃ ကို ဖတ်ပါ။  

၃၀) ဖာရိရှဲတွေက ဘာအကြောင်းပြချက် ပေးသလဲ။  

၃၁) ဘယ်သမျွာဟောင်ကျမ်းပိုက်ကို သခင်ယေရa; ကိုးကားခဲ့လဲ။  

၃၂) ဆာလံ ၅၁နဲ့ ဟောရှေ ၆:၆ ကို နိုင်းယှဉ်ပြီး သခင်ယေရa; ဘယ်လိုဖြေလဲ။  

ထွက်မျောက်ရာကျမ်း ၂ဝ:၃-၆ ကို ဖတ်ပါ။  

၃၃) ဘုရားသခင်က သူ့ကိုမုန်းတဲ့သူတွေကို ဘာသတိပေးလဲ။  

၃၄) ဘုရားသခင်က သူ့ကိုချစ်တဲ့သူတွေကို ဘာကတိပေးလဲ။  

၃၅) ဒီကျမ်းပိုက်ပေါ်မှာ အခြေခံပြီး အပြစ်ပေးခြင်း (သို့) မေတ္တာနဲ့ကရုဏာပြသခြင်း ဘယ်ဟာကို ပြုလုပ်လိမ့်မလဲ။  

ရှင်မဿဲ ၁၂:၁-၈ ကိုဖတ်ပါ။  

၃၆) တပည့်တော်တွေ ဘာလုပ်နေခဲ့ကြလဲ။  

၃၇) ဒါဟာ မှားယွင်းတယ်လို့ ဖာရိရှဲတွေ ဘာဖြစ်လို့ ထင်တာလဲ။  

၃၈) သူတို့မှားယွင်းa-ကင်းပြဖို့ ဘယ်သမျွာဟောင်ကျမ်းပိုက်နှစ်ခုကို သခင်ယေရa; အသုံးပြုခဲ့လဲ။  

၃၉) ကျမ်းပိုက် ၇ မှာ ဘယ်သမျွာဟောင်ကျမ်းပိုက်ကို သခင်ယေရa; ကိုးကားခဲ့လဲ။  

၄၀) ဆာလံ ၅၁နဲ့ ဟောရှေ ၆:၆ ကို နိုင်းယှဉ်ပြီး သခင်ယေရa; ဘယ်လိုဖြေလဲ။  

၄၁) ဆာလံ ၅၁ဟောရှေ ၆:၆ရှင်မဿဲ၉:၁၃ရှင်မဿဲ၁၂:၇ ကို နားလည်သဘောပေါက်ဖို့ ဘယ်အဆင့်တွေကို အသုံးပြုခဲ့လဲ။  

၄၂) ဒါက ကျွန်တော်တို့ကို ဘာသင်ပြလဲ။  

ဥပမာ ၃ – ထာဝရအသက်ရှင်ခြင်းကို ရဖို့နည်းလမ်း

ရှင်လုကာ ၁ဝ:၂၅-၂၈ ကိုဖတ်ပါ။  

၄၃) ဒီလူက သခင်ယေရှုကို ဘာမေးခွန်းမေးလဲ။  

၄၄) အဖြေတစ်ခုအနေနဲ့ ဘယ်သမ္မာဟောင်းကျမ်းပိုဒ်ကို သူ ကိုးကားခဲ့လဲ။ တရားဟောရာကျမ်း ၆:၁-၈ ကို ကြည့်ပါ။  

၄၅) သခင်ယေရှု ဘယ်လိုပြန်ဖြေခဲ့သလဲ။  

၄၆) ကျမ်းပိုဒ် ၂၈မှာ အမျိုးသားတစ်ယောက်ကို သခင်ယေရှုပြောထားတဲ့ စကားတွေအရ တစ်စုံတစ်ယောက်က ကောင်းကင်ဘုံ ဘယ်လိုဝင်စားနိုင်သလဲ။  

ရှင်ယောဟန် ၁၄:၁-၆ ကိုဖတ်ပါ။  

၄၇) သခင်ယေရှုအရ ကောင်းကင်ဘုံကို ဝင်စားဖို့နည်းလမ်းက ဘာလဲ။  

ရောမ ၃:၁၉-၃၁ ကို ဖတ်ပါ။  

၄၈) ရှင်ပေါလုအရ ကောင်းကင်ဘုံကို ဝင်စားဖို့နည်းလမ်းက ဘာလဲ။  

ဧဖက် ၂:၈-၉ ကို ဖတ်ပါ။  

၄၉) ရှင်ပေါလုအရ ကောင်းကင်ဘုံကို ဝင်စားဖို့နည်းလမ်းက ဘာလဲ။  

၅၀) ရှင်လုကာ ၁၀ မှာရှိတဲ့ အမျိုးသားကို သခင်ယေရှုက ဘယ်လို တခြားနည်းလမ်းကို ဖော်ပြနိုင်သလဲ။  

ရှင်လုကာ ၁ဝ:၂၉-၃၇ ကို ဖတ်ပါ။  

၅၁) ကျမ်းပိုက် ၂၉ အရ ဒီလူက ဘာကိုကြိုးစားလုပ်ဆောင်နေတာလဲ။  

၅၂) ဒီလူရဲ့ မေးခွန်းကိုဖြေဖို့ သခင်ယေရှုဘာကြောင့် ပုံဥပမာတစ်ပုဒ် ပြောတာလဲ။  

၅၃) ယုဒလူမျိုးတွေက ရှမာတိလူမျိုးတွေအကြောင်း ဘာအတွေး တွေးတောခဲ့တာလဲ။ ရှင်ယောဟန် ၄:၉ ကို ကြည့်ပါ။  

၅၄) ရှင်လုကာ ၁ဝး၃၆ မှာရှိတဲ့လူကို သခင်ယေရှု ဘာမေးခဲ့လဲ။  

၅၅) ဒီလူက ရှမာတိဆိုတဲ့စကားကို ဘာကြောင့် မပြောရဲခဲ့တာလဲ။  ၅၆) ကျမ်းပိုက် ၃၇ မှာ ဒီလူကို လုပ်ဆောင်ဖို့ သခင်ယေရa; ဘာပြော ခဲ့လဲ။  

၅၇) ဒီလူ ဘယ်လိုတုန့်ပြန်မယ်လို့ သင်ထင်လဲ။  

ရှင်လုကာ ၁ဝ:၃၈-၄၂ ကို ဖတ်ပါ။  

၅၈) မာရိ ဘာလုပ်နေခဲ့လဲ။  

၅၉) သူမလုပ်ဆောင်နေခဲ့တာနဲ့ပတ်သက်လို့ သခင်ယေရှု ဘာပြောခဲ့လဲ။  

၆၀) ဘာကြောင့် မာရိက ဒါကို လုပ်ဆောင်နေခဲ့တာလဲ။  

၆၁) ရှင်လုကာ ၁ဝ:၃၈-၄၂ ကို ဖတ်ခြင်းက ရှင်ယောဟန် ၁၄:၁-၆ရောမ ၃:၁၉-၃၁ နဲ့ ဧဖက် ၂:၈-၉တို့ကို နားလည်သဘောပေါက်ခြင်း ရှိတုန်း ရှင်လုကာ ၁ဝ:၂၅-၃၇ မှာပါတဲ့ ဒီလူ (နဲ့ ကျွန်တော်တို့ကို) သခင်ယေရှုက တကယ်တမ်း ဘာကိုသင်ပြချင်နေတယ်ဆိုတာကို နားလည်သဘော ပေါက်အောင် ဘယ်လိုကူညီလဲ။  

ဥပမာ ၄ – ခရစ်တော်ရဲ့ ဘုရားဖြစ်တော်မူခြင်း

ရှင်မဿဲ ၁း၁၈-၂၅ ကို ဖတ်ပါ။  

၆၂) ခုန ကျမ်းပိုဒ်ကိုဖတ်ပြီးတော့ သခင်ယေရှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘာလေ့လာခဲ့လဲ။  

၆၃) ဘုရားသခင်တွေက မွေးဖွားကြသလား။  

ရှင်လုကာ ၂:၃၉-၄၀ ကို ဖတ်ပါ။  

၆၄) သခင်ယေရှု မွေးဖွားကြီးပြင်းခဲ့လား။  

ရှင်မာကု ၆း၃ ကို ဖတ်ပါ။  

၆၅) သခင်ယေရှုရဲ့ အလုပ်အကိုင်က ဘာလဲ။  

ရှင်ယောဟန် ၁၄:၂၈ ကို ဖတ်ပါ။  

၆၅) ခမည်းတော်နဲ့ပတ်သက်လို့ သခင်ယေရa; ဘာပြောလဲ။  

ရှင်မာကု ၁၃:၃၂ ကို ဖတ်ပါ။  

၆၆) သခင်ယေရှု ဘာကိုမသိတာလဲ။  

ရှင်ယောဟန် ၈:၅၄-၅၉ ကို ဖတ်ပါ။  

၆၇) သူရဲ့ခမည်းတော် ဘယ်သူဖြစ်တယ်လို့ သခင်ယေရှု ပြောလဲ။  

၆၈) ယုဒလူမျိုးတွေရဲ့ အဘ ဘယ်သူဖြစ်တယ်လို့ သခင်ယေရှု ပြောလဲ။  

၆၉) သခင်ယေရှုက အာဗြဟံကို မြင်ခြင်းနဲ့ ပတ်သက်တဲ့ မေးခွန်းကို သခင်ယေရှုက ဘာပြန်ဖြေခဲ့လဲ။  

၇၀) ဒီအဖြေက သခင်ယေရှုကို ဣသရေလတွေက ကျောက်တုံးနဲ့ ပစ်ချင်တဲ့အထိ ဘာကြောင့် ဖြစ်စေခဲ့လိမ့်မလဲ။ (ထွက်မြောက်ရာ ကျမ်း ၃:၁၃-၁၄ ကို ကြည့်ပါ)  

ရှင်ယောဟန် ၁ဝ:၃၀ ကို ဖတ်ပါ။  

၇၁) သခင်ယေရှု သူကိုယ်တိုင်နဲ့ ခမည်းတော်အကြေင်းနဲ့ပတ်သက်လို့ ဘာပြောလဲ။  

၇၂) အရာအားလုံးကို မသိသေးဘဲနဲ့ သခင်ယေရှု ဘုရားဖြစ်တယ်လို့ ဘယ်လိုပြောနိုင်လဲ။ ရှင်မာကု ၁၃:၃၂ ကို ကြည့်ပါ  

ဖိလပိ ၂:၆-၁၁ ကို ဖတ်ပါ။  

၇၃) ဒီကျမ်းပိုဒ်က သခင်ယေရှုအကြောင်းရယ် ခမည်းတော်အကြောင်း ရယ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ကို ဘာပြောလဲ။  

၇၄) သခင်ယေရှု ဘာကို အာရုံစူးစိုက်စွာနဲ့ လုပ်ခဲ့လဲ။  

၇၅) ရှင်ယောဟန် ၁:၁၈-၂၅ရှင်လုကာ ၂:၃၉-၄၀၊ရှင်မာကု ၆:၃ရှင်ယောဟန် ၁၄:၂၈ရှင်မာကု ၁၃:၃၂၊ တို့နှင့် ရှင်ယောဟန် ၈:၅၄-၅၉ နဲ့ ရှင်ယောဟန် ၁ဝ:၃၀ တို့ကိုဆက်စပ်စေဖို့ရန် ဖိလပိ ၂း၆-၁၁ကိုဖတ်တာက ကျွန်တော်တို့ကို ဘယ်လိုကူညီသလဲ။  

တရားဟောရာကျမ်း ၆:၄ ကို ဖတ်ပါ။  

၇၆) ဒါအရဆိုရင် အဲ့ဒီနေရာမှာ ဘုရားဘယ်နှဆူရှိလဲ။  

ရှင်မဿဲ ၂၈:၁၈-၂၀ ကို ဖတ်ပါ။  

၇၇) ဘယ်အမည်နာမမှာ ကျွန်တော်တို့ ဗိတ္တိဇံမင်္ဂလာခံကြလဲ။  

၇၈) ဒါက အဲဒီမှာ ဘုရားသုံးဆူရှိတယ်လို့ ဆိုလိုတာလား။  

၇၉) ဒီအမှန်တရားကို ဖေါ်ပြဖို့ ကျွန်တော်တို့ ဘယ်စကားကို အသုံးပြုလဲ။  

ရှင်ယောဟန် ၁:၁-၁၈ ကို ဖတ်ပါ။  

၈၀) နှုတ်ကပါတ်တော်က ဘယ်သူလဲ။ (ရှင်ယောဟန် ၁း၁-၂၊ ၁၄)  

၈၁) သခင်ယေရှုနဲ့ ခမည်းတော်ကြားမှာ ဘယ်လို ဆက်နွယ်မှုရှိလဲ။ (ကျမ်းပိုဒ် ၁၄ နဲ့ ၁၈ ကို ကြည့်ပါ)  

ရှင်ယောဟန် ၁၄:၂၆ ကို ဖတ်ပါ။  

၈၂) သန့်ရှင်းသောဝိညာဉ်တော်ကို ဘယ်သူပို့ဆောင်သလဲ။  

၈၃) ဘယ်သူ့ရဲ့ နာမမှာ သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွလာသလဲ။  

၁ ကောရိန္သု ၁၅:၂၄-၂၈ ကို ဖတ်ပါ။  

၈၄) ဒီကျမ်းပိုဒ်က ဘယ်အချိန်ကာလနဲ့ ပတ်သက်လို့ ပြောဆိုနေတာလဲ။  

၈၅) သခင်ယေရှုက ဘာကို ခမည်းတော်လက်ကို အပ်နှံလိမ့်မလဲ။  

၈၆) ခမည်းတော်ဘုရားသခင်က သားတော်ဘုရားသခင်ရဲ့ အာဏာတန်ခိုးအောက်မှာ ဘာကိုထားခဲ့သလဲ။  

၈၇) သားတော်ဘုရားသခင်ရဲ့ အာဏာတန်ခိုးအောက်မှာ မထားရှိတဲ့တစ်ပါးက ဘယ်သူလဲ။  

၈၈) ဘယ်သူ့အာဏာတန်ခိုးအောက်မှာ သားတော်ဘုရားသခင်က သူကိုယ်တိုင်ကို ထားလိမ့်မလဲ။  

၈၉) ဒါပေမဲ့ ဘယ်သူက အနောက်ဆုံးမှာ အုပ်စိုးမှာလဲ။ (ကျမ်းပိုဒ် ၂၈)  

၉၀) တရားဟောရာကျမ်း ၆:၄ ကို ရှင်မဿဲ ၂၈:၁၈-၂၀ နဲ့ ၁ ကောရိန္သု ၁၅:၂၄-၂၈ က ဘယ်လိုတုန့်ပြန်မလဲ။  

© Lutheran Agency for Missions to Burmese (LAMB). (2021). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work. Appropriate credits for this work are provided above.

ဒီအရင်းအမြစ်ကို PDF နဲ့ ဒေါင်းလုဒ်ဆွဲဖို့ရန် အောင််က ​ဖောင်းကိုဖြေပါ။

Resource Download (How to Read the Bible Lesson 4)

 သင့်အနေနဲ့ ဒီအရင်းအမြစ်က (ရုပ်ရှင်) အထောက်အကူဖြစ်တယ်လို့ ခံစားခဲ့လား။ ဒီထက်မက LAMB က တခြားအရင်းအမြစ်တွေကို ဆက်လက်ထုတ်နိုင်ဖို့ အားပေးပါ။ အခုပဲ လှူဒါန်းပါ။

အခန်း ၅

ကျမ်းစာကို ခရစ်တော်အကြောင်းအား

လေ့လာသောပညာရပ်ဖြင့် အနက်ပြန်ပါ။

ရှင်ယောဟန် ၅:၃၉ ကိုဖတ်ပါ။  

၁) ခရစ်တော်ပြောပြချက်အရ ကျမ်းစာ၏ဗဟိုချက်က ဘာလဲ။  

တမန်တော် ၈:၆−၄၀ ကိုဖတ်ပါ။  

၂) ဒီပုံပြင်ထဲမှာ အဓိကဘယ်သူတွေပါလဲ။  

၃) အမတ်ဖတ်နေခဲ့တာက ဓမ္မဟောင်းကျမ်းမှ ဘယ်အပိုဒ်လဲ။  

၄) ဖိလိပ္ပုက ဘယ်လိုလို့ သူ့ကို ကြားနိုင်ခဲ့တာလဲ။  

၅) ဘာကြောင့် အမတ်က ဗတ္တိဇံကို ခံယူချင်တာလဲ။  

တမန်တော် ၁:၃−၉ ကိုဖတ်ပါ။  

၆) သခင်ယေရှုက ဘယ်သူ့ကို စကားပြောနေခဲ့တာလဲ။  

၇) သခင်ယေရှုက သူတို့ကို ဘာလုပ်ဖို့ ပြောခဲ့လဲ။  

၈)  သခင်ယေရှုက သူတို့ကို ဘယ်ကိုသွားဖို့ ပြောခဲ့လဲ။  

၉) ဒါကို သခင်ယေရှုက ဘာကြောင့်ပြောခဲ့တာလဲ။  

တမန်တော် ၇:၅၄−၅၉ ကိုဖတ်ပါ။  

၁၀) သတေဖန်အပေါ် ဘာဖြစ်ပျက်ခဲ့လဲ။  

၁၁) ဘာကြောင့် ဒါက ဖြစ်ခဲ့ရတာလဲ။  

တမန်တော် ၈:၁−၃ ကိုဖတ်ပါ။  

၁၂) ညှင်းပမ်းနှိပ်စက်မှုပြီးသွားတဲ့အခါ  သခင်ယေရှုရဲ့နောက်လိုက်တွေက ဘယ်မှာရှိခဲ့ကြလဲ။  

၁၃) ညှင်းပမ်းနှိပ်စက်မှုပြီးတဲ့နောက်ပိုင်းမှာ သခင်ယေရှုရဲ့နောက်လိုက်တွေက ဘယ်ကိုသွားခဲ့ကြလဲ။  

၁၄) တမန်တော် ၁:၈နဲ့ ဘယ်လိုဆက်စပ်လဲ။  

တမန်တော် ၈:၉−၂၅ကို ဖတ်ပါ။  

၁၅) ဖိလိပ္ပုက ဘယ်ကိုသွားခဲ့လဲ။  

၁၆) ရှမာရိပြည်မှာ ဘာဖြစ်ခဲ့လဲ။  

၁၇) ရှိမုန်က သူ သတေဖန်နောက်ကို မလိုက်ခင် ဘာဖြစ်ခဲ့လဲ။  

၁၈) ဘာကြောင့် အသင်းတော်က ပေတရုနဲ့ ယောဟန်ကို ယေရုရှလင်မှာ ပို့ခဲ့တာလဲ။  

၁၉) ပေတရုနဲ့ ယောဟန်တို့က ရှမာရိပြည်မှာရောက်တော့ သူတို့က ဘာလုပ်ခဲ့ကြလဲ။  

၂၀) ရှိမုန်က  ပေတရုနဲ့ ယောဟန်တို့ဆီမှာ ဘာကိုတောင်းခဲ့လဲ။  

၂၁) ဒါက သူ့ရဲ့ယုံကြည်ခြင်းနဲ့ပတ်သက်လို့ ဘာကိုပြသခဲ့လဲ။  

၂၂) ပေတရုက ရှိမုန်ကို ဘာပြောခဲ့လဲ။  

၂၃) တမန်တော် ၈:၁၈-၁၉ထဲက ရှိမုန်ကပေတရုကိုမေးတဲ့မေးခွန်းနဲ့ တမန်တော် ၈:၃၆ထဲက အမတ်က ဖိလိပ္ပုကိုမေးတဲ့မေးခွန်းတွေကို နှိုင်းယှဉ်ကြည့်ပါ။   

၂၄) အမတ်က  ဟေရှာယ ၅၃း၇-၈ကို ဖတ်နေခဲ့တဲ့အချိန်မှာ ဖိလိပ္ပုက အဲ့အဲသယောပိအမတ်ကို သခင်ယေရှုထံ ဘယ်လိုညွှန်ပြနိုင်ခဲ့လဲ။  

ကျမ်းစာက ယေရှုကိုတိုက်ရိုက်ပြညွှန်ပါသည်။

ရှင်လုကာ ၂၄း ၁၃-၁၇ ကိုဖတ်ပါ။  

၂၅) တပည့်တော်တွေက ဘာကြောင့် ဧမောက်ရွာမှာ သွားခဲ့ကြတာလဲ။  

၂၆) သူတို့က ဘာကြောင့် ဝမ်းနည်းကြတာလဲ။  

၂၇) သူတို့ရဲ့လမ်းခရီးမှာ သူတို့နဲ့အတူ ဘယ်သူပါလာလဲ။   

၂၈) ဘာကြောင့် သူတို့က သခင်ယေရှုကို မမှတ်မိကြတာလဲ။  

၁၉) သခင်ယေရှုက သူတို့ကို ဘာမေးခဲ့လဲ။  

၃၀) သူတို့က ဘာအကြောင်းကို ပြောနေကြတာလဲ။  

၃၁) ဘာကြောင့် သခင်ယေရှုက သူတို့ကိုမိုက်မဲတဲ့သူတွေလို့ ခေါ်ခဲ့တာလဲ။  

၃၂) သခင်ယေရှုက သူအသေခံရမယ်၊ ပြီးတော့ သူပြန်လည်ရှင်ပြန်ထမြောက် မယ်ဆိုတာနဲ့ပတ်သက်ပြီး သူတို့ကိုသင်ကြားဖို့ ဘာကိုအသုံးပြုခဲ့လဲ။  

ကျမ်းစာများသည် သခင်ယေရှုကို

သွယ်ဝိုက်စွာပြညွှန်ပါသည်။

ထွက်မြောက်ရာကျမ်း ၁၂း၁-၁၃ ကိုဖတ်ပါ။  

၃၃) ပသခါသိုးသငယ်ကိုရွေးချယ်ဖို့အတွက် မိန့်တော်မူချက်တွေက ဘာလဲ။  

၃၄) ဣသရေလလူမျိုးတွေက သိုးသငယ်ရဲ့အသွေးနဲ့ဘာလုပ်ခဲ့ကြလဲ။  

၃၅) အဲဂုတ္တုပြည်မှာ ဘာဖြစ်လာမလဲ။  

၃၆) ဘာကြောင့် အဲ့ဒါက ဣသရေလလူမျိုးတွေဆီမှာ မဖြစ်လာမှာလဲ။  

၃၇) အသွေးမပါဘဲ ဣသရေလအိမ်တွေနဲ့ အဲဂုတ္တုအိမ်တွေကြားမှာရှိတဲ့ မတူကွဲပြားချက်ကို ဘုရားသခင်က မပြောပြနိုင်ဘူးလား။  

ရှင်ယောဟန် ၁း၉-၃၆ကို ဖတ်ပါ။  

၃၈) ယောဟန်က သခင်ယေရှုကို ဘယ်လိုခေါ်လဲ။  

ရှင်လုကာ ၉း၈-၃၆ ကိုဖတ်ပါ။  

၃၉) မောရှေနဲ့ဧလိယတို့က သခင်ယေရှုနဲ့ ဘာအကြောင်းကိုပြောနေကြတာလဲ။ ( မှတ်ချက်။ ။ ဂရိဘာသာမူရင်းမှာ အသုံးပြုခဲ့တဲ့စကားလုံးရဲ့ဆိုလိုရင်းက ‘ထွက်ခွာခြင်း’လို့ခေါ်တယ်။  

ရှင်ယောဟန် ၁:၉-၃၆ကို ဖတ်ပါ။  

၄၀) သခင်ယေရှုက ဘယ်လိုသေဆုံးခဲ့လဲ။  

၄၁) သူခိုးနှစ်ယောက်လို သူ့ရဲ့ခြေထောက်တွေက ဘာကြောင့် အချိုးမခံခဲ့ရတာလဲ။  

၄၂) ကျမ်းစာက ဘာကိုပြည့်စုံစေခဲ့တာလဲ။  

၄၃) ထွက်မြောက်ရာ ၁၂မှ ပသခါသိုးသငယ်ရဲ့ပညတ်တော်တွေက ဘာလဲ။ သင်အနေနဲ့ သခင်ယေရှုရဲ့အသေခံခြင်းမှာ ၎င်းက ပြီးပြည့်စုံခဲ့တယ်လို့ တွေ့မြင်လား။  

ကျမ်းစာသည် သခင်ယေရှုကိုမီးမောင်းထိုးပြသည်။

တောလည်ရာကျမ်း ၂၁:၄-၉ကို ဖတ်ပါ။  

၄၅) ဘာကြောင့် ဘုရားသခင်က အဆိပ်ရှိတဲ့မြွေတွေကိုစေလွှတ်ခဲ့တာလဲ။  

၄၆) တောလည်ရာကျမ်း ၂၁း၇ထဲမှာ လူတွေက မောရှေဆီမှာ ဘာကိုတောင်းခဲ့ကြလဲ။  

၄၇)  ဘုရားသခင်က မောရှေကို ဘာလုပ်ခိုင်းခဲ့လဲ။  

၄၈) ကြေးဝါမြွေရုပ်ကိုကြည့်ခြင်းအားဖြင့် သင့်ကိုဘယ်လိုကယ်တင်နိုင်လဲ။  

၄၉) ဣသရေလလူမျိုးတွေနဲ့ကျွန်ုပ်တို့ကို ဘုရားသခင်က ဘာကို သင်ပြနေတာလဲ။  

ရှင်ယောဟန် ၃:၁-၁၅ကို ဖတ်ပါ။  

၅၀) ညဘက်မှာ သခင်ယေရှုဆီမှာ ဘယ်သူလာခဲ့လဲ။  

၅၁) ဘာကြောင့် သူက ညဘက်မှာလာခဲ့တာလဲ။  

၅၂) နိကောဒင်က ဘာကိုနားမလည်ခဲ့တာလဲ။  

၅၃) ရှင်ယောဟန် ၃း၁၄မှာ  သခင်ယေရှုက သူ့ကိုယ်သူ ဘယ်လိုနှိုင်းယှဉ်လဲ။  

၅၄) ရှင်ယောဟန် ၃း၁၅မှာ ရရှိမယ့်အရာက ဘာလဲ။  

၅၅) တောလည်ရာကျမ်း ၂၁:၄-၉က သခင်ယေရှုကို ဘယ်လိုမီးမောင်းထိုးပြလဲ။  

ကျမ်းစာ၏အဓိကကျသောဗဟို

ရှင်ယောဟန် ၂၀:၃၀-၃၁ကို ဖတ်ပါ။  

၅၆) ဘာကြောင့် ရှင်ယောဟန်က သူ့ရဲ့ခရစ်ဝင်ကျမ်းကိုရေးခဲ့တာလဲ။  

၅၇)  ဘာကြောင့် စာရေးသူများက အခြားခရစ်ဝင်ကျမ်းတွေကို ရေးသားခဲ့ကြတာလဲ။ (လုကာ ၁း၁-၄)  

၂ တိမောသေ ၃:၁၅-၁၇ကို ဖတ်ပါ။  

၅၈) ရှင်ပေါလုက ဘယ်ကျမ်းစာတွေအကြောင်းကို ပြောလဲ။  

၅၉) နှုတ်ကပတ်တော်မှာ ဘာတန်ခိုးရှိလဲ။  

၆၀) နှုတ်ကပတ်တော်က သင့်အတွက်ဘာတတ်စွမ်းနိုင်လဲ။  

၆၁) အကယ်၍ ဒါကမှန်ကန်တယ်ဆိုရင် သင့်အနေနဲ့ နှုတ်ကပတ်တော်ကို ဘယ်နှကြိမ်လောက်ဖတ်ရှု၊ လေ့လာသင့်လဲ။  

၆၂) ဒါကို လုပ်ဆောင်ဖို့ ဘယ်အရာက သင့်ကိုတားဆီးနေလဲ။ ဘာကို သင်ပြောင်းလဲဖို့လိုအပ်လဲ။  

© Lutheran Agency for Missions to Burmese (LAMB). (2021). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work. Appropriate credits for this work are provided above.

ဒီအရင်းအမြစ်ကို PDF နဲ့ ဒေါင်းလုဒ်ဆွဲဖို့ရန် အောင််က ​ဖောင်းကိုဖြေပါ။

Resource Download (How to Read the Bible Lesson 5)

 သင့်အနေနဲ့ ဒီအရင်းအမြစ်က (ရုပ်ရှင်) အထောက်အကူဖြစ်တယ်လို့ ခံစားခဲ့လား။ ဒီထက်မက LAMB က တခြားအရင်းအမြစ်တွေကို ဆက်လက်ထုတ်နိုင်ဖို့ အားပေးပါ။ အခုပဲ လှူဒါန်းပါ။

အခန်း ၆

ပညတ်ကျမ်းနဲ့ခရစ်ဝင်ကျမ်းတို့ကို

ခွဲခြားသိမြင်ပါ။

အပြစ်တရားနဲ့ ကျေးဇူးတော်

ပညတ်တရားရဲ့ SOS S _______ O_______ S_______  

ကျေးဇူးတော်တရားရဲ့ SOS S_______ O_______ S_______  

ကမ္ဘာဦးကျမ်း ၂ကို ဖတ်ပါ။  

၁) ပထမလူယောင်္ကျားက ဘယ်လိုဖန်ဆင်းခံခဲ့ရတာလဲ။  

၂) ဘယ်သူက သူ့ကိုအသက်သွင်းပေးခဲ့လဲ။ ဘယ်လိုမျိုးနဲ့လဲ။  

၃) ပထမလူယောင်္ကျားက ဘယ်မှာ နေထိုင်ခဲ့လဲ။  

၄) ဘယ်သူက သူ့အတွက် ဒါကို ပြုလုပ်ပေးခဲ့တာလဲ။  

၅) ပထမလူယောင်္ကျားရဲ့တာဝန်က ဘာလဲ။  

၆) လူသားအား ပထမဦးဆုံးပေးခဲ့တဲ့ပညတ်က ဘာလဲ။  

၇) ပထမလူမိန်းမက ဘယ်လိုဖန်ဆင်းခံခဲ့ရတာလဲ။  

၈) ဘာကြောင့် ဘုရားသခင်က လူမိန်းမကိုဖန်ဆင်းခဲ့တာလဲ။  

၉) လူယောင်္ကျားနဲ့ လူမိန်းမတို့ရဲ့ဆက်နွယ်မှုက ဘယ်လိုဖြစ်ခဲ့ရမလဲ။  

ကမ္ဘာဦးကျမ်း ၃:၁-၁၉ကို ဖတ်ပါ။  

၁၀) မြွေက ဧ၀ကို ဘာပြောခဲ့လဲ။  

၁၁) ဒါက မှန်ကန်ခဲ့လား။  

၁၂) ဧ၀က ဘာပြန်ဖြေခဲ့လဲ။  

၁၃) ဒါက မှန်ကန်ခဲ့လား။  

၁၄) မြွေက ဘာဆက်ပြောခဲ့လဲ။  

၁၅) ဧ၀က ဘာလုပ်ခဲ့လဲ။  

၁၆) ဘာဖြစ်ပျက်ခဲ့လဲ။  

၁၇) တားမြစ်ထားတဲ့အသီးနဲ့ပတ်သက်ပြီး ဘုရားသခင်က ဘယ်သူ့ကိုအရင်ဦးဆုံးမေးခဲ့လဲ။ ဘာကြောင့်လဲ။  

၁၈) ဘုရားသခင်က အာဒံကို ဘယ်လိုကျိန်ခဲ့လဲ။  

၁၉) ဘုရားသခင်က ဧ၀ကို ဘယ်လိုကျိန်ခဲ့လဲ။  

၂၀) ဘုရားသခင်က မြွေကို ဘယ်လိုကျိန်ခဲ့လဲ။  

၂၁) ဘုရားသခင်က ဘာမျှော်လင့်ချက်စကားတွေကို ပေးခဲ့လဲ။  

၂၂) ဒီစကားတွေက ဘာကိုဆိုလိုတာလဲ။  

ထွက်မြောက်ရာကျမ်း ၂၀:၁-၁၇ကို ဖတ်ပါ။  

၂၃) ဘုရားသခင်က ဣသရေလလူမျိုးတွေကို ပြောတဲ့ပထမဆုံးစကားက ဘာလဲ။ (အခန်း ၂)  

၂၄)  ဘုရားသခင်က သူတို့ကိုပညတ်တော်ဆယ်ပါးမပေးခင် ဘာကြောင့်ဘုရားသခင်က ဒါကို သူတို့အား သတိပေးတာလဲ။  

၂၅) အာဒံနဲ့ဧ၀က ပညတ်တော်တစ်ခုတောင် မစောင့်ထိန်းနိုင်ရင် ဣသရေလလူမျိုးတွေက ပညတ်တော်ဆယ်ပါးကို ဘယ်လိုစောင့်ထိန်းနိုင်မလဲ။ သင်ရော ဘယ်လိုလို့စောင့်ထိန်းနိုင်မလဲ။  

၂၆) ဘုရားသခင်က ပညတ်တော်ဆယ်ပါးကိုပေးခြင်းအားဖြင့် ဣသရေလလူမျိုးတွေနဲ့ကျွန်ုပ်တို့ကိုဘာကိုသင်ယူစေချင်တယ်လို့ သင်ထင်မြင်လဲ။  

ထွက်မြောက်ရာကျမ်း ၁၉:၁-၆ကို ဖတ်ပါ။  

၂၇) ဘယ်အချိန်ကာလမှာလဲ။ ဘာကြောင့် ဒါကိုသိဖို့အရေးကြီးတာလဲ။  

၂၈) ထွက်မြောက်ရာကျမ်း ၁၉:၆မှာ ဘုရားသခင်က လူတွေကို ဘယ်လိုခေါ်လဲ။  

၂၉) ဘုရားသခင်က ယနေ့ကာလမှာလည်း ကျွန်ုပ်တိုကို ဒီလိုပဲ တွေးတောလား။ (၁ပေ ၂:၉ကို ကြည့်ပါ။)  

၃၀) ရောမ ၁၂:၂အရ ယဇ်ပုရောဟိတ်တစ်ဦးအနေနဲ့ ကျွန်ုပ်တို့ရဲ့တာဝန်က ဘာလဲ။  

၃၁) ဒါအရာက ဘယ်လိုဖြစ်နိုင်မလဲ။  

ယေဇကျေလ ၁၈:၅-၉ကို ဖတ်ပါ။  

၃၂) ဖြောင့်မတ်တဲ့သူက ဘာကိုမလုပ်သင့်လဲ။  

၃၃) ဖြောင့်မတ်တဲ့သူက ဘာလုပ်ရမှာလဲ။  

ရှင်ယာကုပ် ၁:၂၆-၂၇ကို ဖတ်ပါ။  

၃၄) ဖြောင့်မတ်တဲ့သူက ဘာကိုလုပ်သင့်လဲ။  

၃၅) ဖြောင့်မတ်တဲ့သူက ဘာလုပ်ရမှာလဲ။  

၃၆) ယေဇကျေလ ၁၈:၅-၉နဲ့ ရှင်ယာကုပ် ၁:၂၆-၂၇ကျမ်းပိုဒ်တွေမှာ ဖြောင့်မတ်သောသူဖြစ်ခြင်းနဲ့ပတ်သက်ပြီး ဘုရားသခင်က ကျွန်ုပ်တို့ကို ဘာပြောထားလဲ။  

ဥပမာ (၂)။  ဧဖက် ၂:၈-၁၀

ဧဖက် ၂:၈-၁၀ကို ဖတ်ပါ။  

၃၇) ဘယ်အရာက ဘုရားသခင်အား အပြစ်သားတွေကို ကယ်တင်စေခဲ့တာလဲ။  

၃၈) ကယ်တင်ခြင်းကိုပေးတဲ့ယုံကြည်ခြင်းက ဘယ်မှာအရင်းခံတာလဲ။  

၃၉) ကောင်းသောအလုပ် ညီမဋခြင်း ကယ်တင်ဵကဘယ်လိုလုပ်ပါသလဲ။  

ကျေးဇူးတော် = ______________________ (ကယ်တင်ခြင်းသတင်းကောင်း) ဘုရားသခင်က ကျွန်ုပ်တို့ကို သူ့မိသားစုဝင်အဖြစ် လုပ်ဆောင်ပေးတဲ့သူဖြစ်ပါတယ်။ (ပညတ်တော်) ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့မိသားစုဝင်ဖြစ်လာတဲ့အခါ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ဘ၀ကို သူ့ရဲ့အလိုတော်အတိုင်းအသက်ရှင်လာကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ကယ်တင်ခြင်းဟာ လုံးလုံးဘုရားသခင်ရဲ့လုပ်ဆောင်ခ ျက်ပဲဖြစ်တဲ့အပြင် (ကယ်တင်ခြင်း) ကျွန်ုပ်တို့အတွက်ဆက်လက်ပြီး လုပ်ဆောင်ပေးတာဖြစ်တယ်။  

၄၀) အထက်မှာဖော်ပြတဲ့အရာနဲ့ ဧဖက် ၂:၄-၁၀ကို ဘယ်လိုပြည့်စုံစေလဲ။  

ဥပမာ (၃)။ ။ ရောမ ၆:၁-၁၄

ရောမ ၆:၁-၁၄ကို ဖတ်ပါ။  

၄၁) ဗတ္တိဇံကိုခံယူတဲ့သူမှာ ဘာဖြစ်လာလဲ။  

၄၂) ယေရှုခရစ်တော်ရဲ့သေခြင်းမှရှင်ပြန်ထမြောက်ခြင်းက ကျွန်ုပ်တို့အတွက် ဘာကိုလုပ်ဆောင်ပေးလဲ။   

၄၃) ခရစ်ယာန်တွေက ဘယ်လိုအပြစ်မှာ နေကြလဲ။  

ရောမ ၇:၁၄-၂၅ကို ဖတ်ပါ။  

၄၄) (ယုံကြည်သူများအပါအဝင်) ရှင်ပေါလုရဲ့နှလုံးသားက ဘာနဲ့ဆိုင်ပြိုင်တိုက်လှန်နေကြတာလဲ။  

၄၅) ဘုရားသခင်ရဲ့စံနှုန်းနဲ့ပတ်သက်ပြီး ရှင်ပေါလုက ဘာကိုတွေးတာလဲ။ (အခန်းငယ် ၂၂ကိုကြည့်ပါ။) သူက ဒါကို ဘယ်လိုမျိုးတွေးနိင်မလဲ။  

 ၄၆) ဒီဆိုင်ပြိုင်တိုက်လှန်ခြင်းမှာ ရှင်ပေါလုနဲ့ကျွန်တော်တို့ရဲ့အဖြေက ဘာလဲ။ (အခန်းငယ် ၂၅)  

၄၇) ဒီအဖြေက ပညတ်တရား (ဒါမှမဟုတ်) ကယ်တင်ခြင်း သတင်းကောင်းလား။ ဘာကြောင့် အဲ့ဒါကနှစ်သိမ့်စေတာလဲ။

၄၈) ဒါက ပညတ်တရားလား။ ဧဝံဂေလိတရားလား။ အဲ့ဒါက ဘာကြောင့် နှစ်သိမ့်စေတာလဲ။   

© Lutheran Agency for Missions to Burmese (LAMB). (2021). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work. Appropriate credits for this work are provided above.

ဒီအရင်းအမြစ်ကို PDF နဲ့ ဒေါင်းလုဒ်ဆွဲဖို့ရန် အောင််က ​ဖောင်းကိုဖြေပါ။

Resource Download (How to Read the Bible Lesson 6)

 သင့်အနေနဲ့ ဒီအရင်းအမြစ်က (ရုပ်ရှင်) အထောက်အကူဖြစ်တယ်လို့ ခံစားခဲ့လား။ ဒီထက်မက LAMB က တခြားအရင်းအမြစ်တွေကို ဆက်လက်ထုတ်နိုင်ဖို့ အားပေးပါ။ အခုပဲ လှူဒါန်းပါ။

အခန်း ၇

“ထိုအချိန်နှင့်ထိုနေရာတွင်” အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ “ဤနေရာမှာ၊ ယခုတွင်”

အဓိပ္ပာယ်ဖွင့်ဆိုချက်

ဒီအချိန် ဒီနေရာမှာ ဆိုလိုခြင်း

၁) ဘယ်အချိန်ကာလမှာ သခင်ယေရှုနေထိုင်ခဲ့လဲ။  

၂) သူ ဘယ်နေရာဒေသမှာ နေထိုင်ခဲ့လဲ။  

၃) ကျမ်းစာဖတ်တဲ့အခါ ဘယ်အချိန်ကာလနဲ့ ယဉ်ကျေးမှုနောက်ခံတွေကို သင်နားလည်သင့်လဲ။  

ကျမ်းပိုဒ်က ဘာကိုပြောတာလဲ။

လုကာ ၇:၃၆-၅၀ကို ဖတ်ပါ။  

၄) သခင်ယေရှုက ဘယ်မှာရှိခဲ့လဲ။  

၅)ဘာဖြစ်ခဲ့လဲ။  

၆) ဘယ်လိုအမျိုးသမီး ရောက်လာတာလဲ။  

၇) သူမ ဘာလုပ်ခဲ့လဲ။  

၈) သူမက ဘာကြောင့် အဲ့ဒါကိုလုပ်ခဲ့တာလဲ။  

၉) သခင်ယေရှုက ဘာအကြောင်းကို ပြောခဲ့တာလဲ။  

၁၀) သခင်ယေရှုက ဘာမေးခွန်းကို မေးခဲ့လဲ။  

၁၁) ရှိမုန်အဖြေကို သင်သဘောတူလား။ ဘာကြောင့်လဲ (ဒါမှမဟုတ်) ဘာကြောင့်မဟုတ်လာလဲ။  

၁၂) သခင်ယေရှုက ထိုအမျိုးသမီးကို ဘာပြောလဲ။  

၁၃) သင့်ရဲ့ယုံကြည်ခြင်းက သင့်ကိုကယ်တင်ပြီလို့ သခင်ယေရှုပြောခဲ့တဲ့စကားက ဘာကို သူ ဆိုလိုချင်တာလဲ။  

လုကာ ၈:၄၀-၄၈ကို ဖတ်ပါ။  

၁၄) သခင်ယေရှုက ဘယ်ကိုသွားနေခဲ့တာလဲ။  

၁၅)  သခင်ယေရှုနဲ့အတူ ဘယ်သူခရီးသွားခဲ့လဲ။  

၁၆) လူအုပ်ထဲမှာ ဘယ်သူရှိခဲ့လဲ။  

၁၇) ဒီအမျိုးသမီးက ဘာကိုတွေးတောနေခဲ့လဲ။  

၁၈) ဘာကြောင့် သခင်ယေရှုက ရပ်သွားခဲ့တာလဲ။  

၁၉) အခန်းငယ် ၄၈မှာ သခင်ယေရှုက အဲ့အမျိုးသမီးကို ဘာပြောထားလဲ။  

၂၀) အခန်းငယ် ၄၈ထဲမှာ သခင်ယေရှုအသုံးပြုတဲ့စကားလုံးတွေက ရှင်လုကာ ၇:၅၀ထဲမှာ အသုံးပြုတဲ့စကားလုံးတွေနဲ့တူလား။ သူဆိုလိုချင်တာက ထပ်တူဖြစ်တယ်လို့ သင်ထင်မြင်လား။ ဘာကြောင့်လဲ။ ဘာကြောင့်မဟုတ်လဲ။  

ရှင်လုကာ ၁၇:၁၁-၁၉ကို ဖတ်ပါ။  

၂၁) လူတွေရဲ့ပြဿနာကဘာလဲ။  

၂၂) လူတွေက သခင်ယေရှုကို ဘယ်လိုခေါ်ခဲ့လဲ။  

၂၃) သူတို့က သခင်ယေရှုကို ဘာမေးခဲ့လဲ။  

၂၄) သခင်ယေရှုက သူတို့ကို ဘာလုပ်ဖို့ပြောလဲ။  

၂၅) ရှမာရိလူက သူအနာပျောက်ကင်းမှန်းသိလာတဲ့အခါ သူဘာကိုလုပ်ဆောင်ခဲ့လဲ။ (အခန်းငယ် ၁၅)

၂၆) သူ သခင်ယေရှုဆီပြန်လာပြီး ဘာလုပ်လဲ။ (အခန်းငယ် ၁၆)

၂၇) အခန်းငယ် ၁၉ထဲမှာ သခင်ယေရှုက သူ့ကို ဘာပြောခဲ့လဲ။  

၂၈) ရှင်လုကာ ၇:၅၀မှာ သူပြောတဲ့စကားလုံးတွေနဲ့ တူတယ်။ သူက တူတဲ့အရာကိုပဲဆိုလိုတာလို့ သင်ထင်မြင်လား။ ဘာကြောင့်လဲ။ ဘာကြောင့်မဟုတ်လဲ။  

ရှင်လုကာ ၁၈:၃၅-၄၂ကို ဖတ်ပါ။

၂၉) သခင်ယေရှုက ဘယ်မှာရှိခဲ့တာလဲ။  

၃၀) သူနဲ့အတူ ဘယ်သူခရီးသွားခဲ့လဲ။  

၃၁) လူအုပ်ထဲမှာ ဘယ်သူရှိခဲ့လဲ။  

၃၂) ဒီလူက သခင်ယေရှုကို ဘယ်လိုခေါ်ခဲ့လဲ။ အဲ့ဒါက ဘာကြောင့်အရေးကြီးတာလဲ။  

၃၃) သူက သခင်ယေရှုကို ဘာမေးခဲ့လဲ။  

၃၄) သခင်ယေရှုက သူ့ကို ဘာပြောခဲ့လဲ။  

၃၅) ရှင်လုကာ ၇:၅၀မှာ သူပြောတဲ့စကားလုံးတွေနဲ့ တူတယ်။ သူက တူတဲ့အရာကိုပဲဆိုလိုတာလို့ သင်ထင်မြင်လား။ ဘာကြောင့်လဲ။ ဘာကြောင့်မဟုတ်လဲ။  

၃၆) သခင်ယေရှုက သူ့ကိုယုံကြည်ဖို့  တစ်ဦးချင်းစီအား ဘာကြောင့် ထပ်တူကျတဲ့စကားလုံးတွေနဲ့ ပြောခဲ့ရတာလဲ။  

၃၇) လူတိုင်းက ဘယ်လိုကယ်တင်ခြင်းခံရတာလဲ။ (ဧဖက် ၂:၈-၉)

၃၈) သင့်အနေနဲ့ ရှင်လုကာ ၇:၅၀မှာ သခင်ယေရှုက ထိုအမျိုးသမီးအပေါ်မှာ ပြုခဲ့တဲ့အတိုင်းထိုသူအားလုံးကိုအပေါ် ဆိုလိုတာလည်း အတူတူဖြစ်တယ်လို့ သင်ထင်မြင်လား။ ဘာကြောင့်လဲ။ ဘာကြောင့်မဟုတ်လဲ။  

ကျမ်းပိုဒ်က ဘာကိုဆိုလိုတာလဲ။

(ထိုအချိန်နှင့်ထိုနေရာတွင်)

ရှင်မဿဲ ၁:၁၈-၁၉ကို ဖတ်ပါ။  

၃၉) အဲ့အချိန်တုန်းက မာရိနဲ့ယောသပ်တို့ရဲ့ဆက်ဆံရေးက ဘယ်လိုရှိလဲ။  

၄၀) ဘာကြောင့် ယောသပ်က မာရိရဲ့ခင်ပွန်းလို့ အခေါ်ခံရတာလဲ။  

၄၁) ရှင်မဿဲက သူတို့မပေါင်းဖက်ခင်လို့ရေးသားတဲ့အခါ ၎င်းက ဘာကိုဆိုလိုတာလဲ။  

၄၂) ယောင်္ကျားဆိုတဲ့စကားလုံးကိုအလေးပေးတဲ့အခါ ယောသပ်က ဘယ်လိုအရည်အသွေးတွေကိုလုပ်ဆောင်တာလဲ။  

၄၃) အကယ်၍သူတို့က စေ့စပ်ထားရုံလေးပဲဆိုရင် ဘာကြောင့် ယောသပ်က မာရိကိုကွာရှင်းရမှာလဲ။  

တောလည်ရာကျမ်း ၂၂:၂၃-၂၄ကို ဖတ်ပါ။  

၄၄) တောလည်ရာကျမ်း ၂၂:၂၃-၂၄အရ မာရိကိုယ်ဝန်ရှိခြင်းက ယောသပ်နဲ့မဟုတ်ဘူးဆိုရင် ဘယ်ပြစ်ဒဏ်စီရင်ကို မာရိခံရနိုင်မလဲ။  

၄၅) ထိုအချိန်တုန်းက ဣသရေလတွေဟာ ရောမရဲ့အုပ်ချုပ်မှုအောက် မှာရှိခဲ့တယ်။ အဲ့အချိန်တုန်းက   ရောမတွေက ဌာနေပြည်သူတွေကို သေဒဏ်စီရင်ခြင်းကို ခွင့်မပြုခဲ့ပါဘူး။ ဒါက မာရိအတွက် ဘာလိုဆိုလိုတာ ဖြစ်နိုင်မလဲ။ သူမအပေါ်အများရဲ့အမြင်ကရော ဘယ်လိုဖြစ်နိုင်မလဲ။  

၄၆) တိတ်တဆိတ်ကွာရှင်းဖို့ ယောသပ်ရဲ့ဆုံးဖြတ်ချက်က သူ့ရဲ့မေတ္တာဂရုဏာက ဘယ်လောက်ထိ ကြီးမားလဲ။  

၄၇) ဒီကျမ်းပိုဒ်က ယနေ့ကျွန်ုပ်တို့အတွက် ဘာကိုဆိုလိုတာလဲ။ ကျွန်ုပ်တို့က ၎င်းမှ ဘာသင်ခန်းစာ ယူနိုင်လဲ။  

၄၈) ဒီကျမ်းပိုဒ်ထဲမှာ ဘုရားသခင်က လူတို့ရဲ့လိင်ကိစ္စနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့အား ဘာကို သင်ယူစေချင်တာလဲ။  

ရှင်မဿဲ ၁:၂၀-၂၃ကို ဖတ်ပါ။  

၄၉) ဘယ်သူက ယောသပ်ကိုစကားလာပြောလဲ။  

၅၀) ကောင်းကင်တမန်က ယောသပ်ကိုဘာပြောခဲ့လဲ။  

၅၁) ဘာကြောင့် ဒါဖြစ်ပျက်ခဲ့ရတာလဲ။ (အခန်းငယ် ၂၂-၂၃ကို ကြည့်ပါ။)  

၅၂) ဒီကျမ်းပိုဒ်အရ ရှင်မဿဲ ၁း၁၈-၁၉ထဲမှာ ဘုရားသခင်အတွက် ဘယ်ဟာက အရေးကြီးတာလဲ။  

ရောမ ၈:၂၈-၃၁ကို ဖတ်ပါ။  

၅၃) ဒီကျမ်းပိုဒ်က ရှင်မဿဲ ၁မှ ယောသပ်နဲ့ ဘယ်လိုဆက်စပ်မှုရှိတာလဲ။  

ရာခပ်ရဲ့လိမ်ညာခြင်း၊ ယောရှုမှတ်စာ ၂:၁-၇

ယောရှုမှတ်စာ ၂:၁-၇ကို ဖတ်ပါ။  

၅၄) ဒီကျမ်းပိုဒ်အရ ဘုရားသခင်က ကောင်းတာဖြစ်လာဖို့အချိန်တွေမှာ လိမ်ညာခြင်းကိုခွင့်ပြုတယ်လို့ သင်ထင်မြင်လား။  

၂မိၤရှ့ခံ ၂၀:၁၆ကို ဖတ်ပါ။  

၅၅) ဒီနေရာမှာ လိမ်ညာခြင်းနဲ့ပတ်သက်ပြီး ဘုရားသခင်က ဘာပြောထားလဲ။  

ဇာခရိ ၈:၁၄-၁၇ကို ဖတ်ပါ။  

၅၆) ဒီနေရာမှာ လိမ်ညာခြင်းနဲ့ပတ်သက်ပြီး ဘုရားသခင်က ဘာပြောထားလဲ။  

ဗျာဒိတ်ကျမ်း ၂၁:၅-၈ကို ဖတ်ပါ။  

၅၇) ဒီနေရာမှာ လိမ်ညာခြင်းနဲ့ပတ်သက်ပြီး ဘုရားသခင်က ဘာပြောထားလဲ။  

ရှင်မဿဲ ၂၁:၂၃-၂၇ကို ဖတ်ပါ။  

၅၈) ယဇ်ပုဟိတ်အကြီးအကဲရဲ့မေးခွန်းကို သခင်ယေရှုက ဘယ်လိုမဖြေခဲ့လဲ။  

၅၉) သူ လိမ်ညာခဲ့လို့ရလား။  

ရှင်မဿဲ ၂၆:၅၉-၆၄ကို ဖတ်ပါ။  

၆၀) အစပိုင်းမှာ ယဇ်ပုဟိတ်အကြီးအကဲရဲ့မေးခွန်းကို သခင်ယေရှုက ဘယ်လိုမဖြေခဲ့လဲ။  

၆၁) ဒုတိယမေးခွန်းကို သူဘာကောင့်ဖြေခဲ့လဲ။  

၆၂) သူ လိမ်ညာခဲ့လို့ရလား။  

ရှင်လုကာ ၂၀:၂၀-၂၆ကို ဖတ်ပါ။  

၆၃) လူတွေက သခင်ယေရှုကို ဘယ်လိုပြောခဲ့ကြလဲ။  

၆၄) သူတို့က သခင်ယေရှုအား ဘာမေးခွန်းကို မေးခဲ့ကြလဲ။  

၆၅) ဘာကြောင့် အဲ့မေးခွန်းကို သူ့ကိုမေးကြတာလဲ။  

၆၆) သခင်ယေရှုက ဘယ်လိုပြန်ဖြေခဲ့လဲ။  

၆၇) သခင်ယေရှုအနေနဲ့ ငါမသိဘူးလို့ ပြန်ဖြေလို့ ရလား။  

၆၈) သခင်ယေရှုက လိမ်ညာဖူးလား။  

၆၉) သမ္မာဟောင်းကျမ်းမှ လိမ်ညာခြင်းနဲ့ပတ်သက်ပြီး ဘုရားသခင်ပြောထားတဲ့အရာနဲ့ သခင်ယေရှက တစ်ခါမှ မလိမ်ညာခဲ့ဘူးလို့ ဆိုတဲ့အချက်ကို ကြည့်ပြီး (ယောရှုမှတ်စာ ၂: ၁-၇)မှာပါတဲ့ ရာခပ်ရဲ့လိမ်ညာခြင်းကို ကျွန်ုပ်တို့အနေနဲ့ ဘယ်လိုရှင်းပြနိုင်မလဲ။  

၇၀) သူလျှိုတွေက ရာခပ်ကိုတွေ့ခဲ့တဲ့အချိန်မှာ သူမကဘာဖြစ်ခဲ့လဲ။  

၇၁) ဣသရေလတွေရဲ့ဘုရားသခင်အကြောင်းကို ရာခပ်က ဘာသိရှိထားခဲ့လဲ။  

၇၂) ရာခပ်က ပညတ်တော်ဆယ်ပါးကိုလေ့လာခဲ့ဖူးလား။  

ယောရှုမှတ်စာ ၆:၀-၂၅ကို ဖတ်ပါ။  

၇၃) ယေရိခေါမြို့မှာ ဘာဖြစ်ခဲ့တာလဲ။  

၇၄) ရာခပ်အပေါ်ဘာဖြစ်ပျက်ခဲ့တာလဲ။  

၇၅) ဘာကြောင့် ဘုရားသခင်က သူမနဲ့သူ့ရဲ့မိသားစုကို အသက်ချမ်းသာပေးခဲ့တာလဲ။  

၇၆) ဘုရားသခင်က သူမရဲ့လိမ်ညာခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုထင်မြင်လဲ။  

၇၇) ဒီနေ့မှာ သင်ရော လိမ်ညာလား။  

၇၈) ဘုရားသခင်က သင့်ကို အသက်ချမ်းသာပေးလား။  

© Lutheran Agency for Missions to Burmese (LAMB). (2021). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work. Appropriate credits for this work are provided above.

ဒီအရင်းအမြစ်ကို PDF နဲ့ ဒေါင်းလုဒ်ဆွဲဖို့ရန် အောင််က ​ဖောင်းကိုဖြေပါ။

Resource Download (How to Read the Bible Lesson 7)

 သင့်အနေနဲ့ ဒီအရင်းအမြစ်က (ရုပ်ရှင်) အထောက်အကူဖြစ်တယ်လို့ ခံစားခဲ့လား။ ဒီထက်မက LAMB က တခြားအရင်းအမြစ်တွေကို ဆက်လက်ထုတ်နိုင်ဖို့ အားပေးပါ။ အခုပဲ လှူဒါန်းပါ။

အခန်း ၈

သမ္မာကျမ်းစာထဲမှာရှိသောကဗျာ

နှိုင်းယှဉ်ဖော်ပြခြင်း

ဆာလံ ၁၂၁ကို ဖတ်ပါ။  

၁) ဆာလံ ၁၂၁:၃ မှာ ကျမ်းပိုဒ် ဘယ်နှပိုဒ်ရှိသလဲ။  

၂) ဟိုကျမ်းပိုဒ် ၂ပိုဒ်မှာ ဘယ်လိုဆက်စပ်ကြလဲ။ တူညီတဲ့အကြောင်း အရာကို ခြားနားတဲ့နည်းလမ်းတစ်ခုနဲ့ပြောပြကြသလား။ ကျမ်းပိုဒ်၂ပိုဒ်အချင်းချင်း ဆန့်ကျင်နေကြသလား။ ဒုတိယ တစ်ပိုဒ်က ပထမတစ်ပိုဒ်အချက်အလက်တွေ ပိုပေါင်းထည့်ထားသလား။  

သမိုင်းနဲ့ဆိုင်သောတပ်ဆင်ထားမှု

ဆာလံ ၅၁ ကိုဖတ်ပါ။  

၃) ဘုရင်ဒါဝိတ်က ဆာလံ ၅၁ကို ဘာဖြစ်လို့ရေးခဲ့သလဲ။ (၂ ဓမ္မရာဇဝင် ၁၁:၁-၁၂:၂၅ ကိုဖတ်ပါ။)  

၄) ဆာလံ ၅၁ရဲ့ စီခြင်းအကြောင်းကို သိရတာက ၎င်းကို ပိုမိုနားလည်ဖို့ ဘယ်လိုကူညီသလဲ။  

ဝတ်ပြုကိုးကွယ်ခြင်းနဲ့ ကျမ်းစာကဗျာ

ဆာလံ ၉၅:၁-၇ ကိုဖတ်ပါ။  

၅) ဒီကျမ်းပိုဒ်က ဝတ်ပြုရှိခိုးအစည်းအစီဉ်မှာ Venite (ဗွေနီတေ)လို့ခေါ်ပြီးရွတ်ဆိုတာဖြစ်ပါတယ်။ လက်တင်ဘာသာစကားမှာ “လာလော့”ဆိုတာဖြစ်ပါတယ်။  

လုကာ ၂:၉-၃၂ ကိုဖတ်ပါ။  

၆) ဒီစကားတွေကို ဘယ်သူပြောခဲ့သလဲ။  

၇) သူက အဲဒီစကားလုံးတွေကို ဘာဖြစ်လို့ပြောခဲ့သလဲ။  

၈) လုကာ ၂:၂၉-၃၂ က ဝတ်ပြုရှိခိုးအစီအစဉ်မှာ Nunc Dimittis (နွန့် ဒီမီတီစ်)လို့ခေါ်ပြီးရွတ်ဆိုတာဖြစ်ပါတယ်။ Nunc Dimittis ဆိုတာက လက်တင်စကားမှာ “ထုတ်ပစ်”လို့အဓိပ္ပာယ်ရှိပါတယ်။  

ရှင်လုကာ ၁:၆၈-၇၉ ကိုဖတ်ပါ။  

၉) ဒီစကားတွေကို ဘယ်သူပြောခဲ့လဲ။  

၁၀) သူက ဘာကြောင့် ဒီစကားတွေကိုပြောခဲ့သလဲ။  

၁၁) လုကာ ၁:၆၈-၇၉က ဝတ်ပြုရှိခိုးအစီအစဉ်မှာ Benedictus (ဗေနေဒီစ်တူစ်)လို့ခေါ်ပြီးရွတ်ဆိုတာဖြစ်ပါတယ်။ Benedictus ဆိုတာက ကောင်းချီးပေးကြစို့လို့ အဓိပ္ပာယ်ရှိပါတယ်။ ဒီကျမ်းပိုက်တွေက အဲ့ဒီလို ဘာa-ကာင့်ခေါ်ခဲ့ -ကတယ်လို့ သင်ထင်ပါသလဲ။  

ရှင်လုကာ ၁:၄၆-၅၅ ကိုဖတ်ပါ။  

၁၂) ဒီစကားတွေကို ဘယ်သူပြောခဲ့သလဲ။  

၁၃) သူက ဘာကြောင့် ဒီစကားတွေကိုပြောခဲ့သလဲ။  

၁၄) ရှင်လုကာ ၁:၄၆-၅၅က ဝတ်ပြုရှိခိုးအစီအစဉ်မှာ Magnificat (မာဂ်နီဖီကာတ်)လို့ခေါ်ပြီးရွတ်ဆိုတာဖြစ်ပါတယ်။ Magnificat ဆိုတာက လက်တင်စကားမှာ “ကြီးမြတ်စေသည်”လို့အဓိပ္ပာယ်ရှိပါတယ်။  

ကဗျာနဲ့ဆိုင်သော အဓိပ္ပာယ်များ

ဆာလံ ၇:၁၄-၁၅ ကိုဖတ်။  

၁၅) ဒီကျမ်းပိုက်ထဲမှာဖော်ပြထားတဲ့ ပုဂ္ဂိုလ်က အမျိုးသမီးလား အမျိုးသားလား။  

၁၆) အမျိုးသားတစ်ယောက်က ကိုယ်ဝန်ရှိလာနိုင်လား။  

၁၇) ဆာလံ ၇:၁၄-၁၅ ရဲ့ အဓိပ္ပာယ်ကဘာလဲ။  

ဆာလံ ၇:၁၆ ကိုဖတ်ပါ။  

၁၈) ဆာလံ ၇:၁၆က ဆာလံ ၇:၁၄-၁၅ကို နားလည်သဘောပေါက်အောင် သင့်ကိုကူညီပါသလား။  

၁၉) အပိုဒ်ငယ် ၁၆ အပေါ်အခြေခံပြီး စဉ်းစားမယ်ဆိုရင် ဆာလံ ၇း၁၄-၁၅ရဲ့ ဆိုလိုရင်းက ဘာလဲ။  

၂၀) လူသားနဲ့ တိရိစ္ဆာန်ကြားရှိတဲ့ ဆက်နွယ်မှုအဆင့်အတန်းကို သင်ဘယ်လိုဖော်ပြမလဲ။  

၂၁) လူသားနဲ့ တိရိစ္ဆာန်ကြားရှိတဲ့ ဆက်နွယ်မှုအဆင့်အတန်းကို သင်ဘယ်လိုဖော်ပြမလဲ။  

၂၂) ဘုရားသခင်က ဘာဖြစ်လို့ လူသားတို့ကို မြင့်မြတ်တဲ့အဆင့် အတန်းမြှင့်တင်ထားခဲ့သလဲ။  

၂၃) ဆင့်ကဲဖြစ်စဉ်အယူအဆ (သီအိုရီ)က လူသားကို ဘယ်လိုမြင်သလဲ။  

ကယ်တင်ခြင်းနဲ့ပတ်သက်တဲ့ ဆာလံကျမ်းများ

ဆာလံ ၂၂ ကိုဖတ်ပြီး ရှင်မဿဲ ၂၇:၄၅-၄၆ရှင်မာကု ၁၅:၃၃-၄၁ရှင်လုကာ ၂၃:၄၄-၄၉ယိၤဟၣ် ၁၉:၁၆ခ-၃၀

၂၄) ဆာလံ ၂၂:၁ ကို ဖတ်ပါ။  

၂၅) ဆာလံ ၂၂:၆ ကို ဖတ်ပါ။  

၂၆) ဆာလံ ၂၂:၇ ကို ဖတ်ပါ။  

၂၇) ဆာလံ ၂၂:၈ ကို ဖတ်ပါ။  

၂၈) ဆာလံ ၂၂:၁၅ ကို ဖတ်ပါ။  

၂၉) ဆာလံ ၂၂:၁၆ ကို ဖတ်ပါ။  

၃၀) ဆာလံ ၂၂:၁၇ ကို ဖတ်ပါ။  

© Lutheran Agency for Missions to Burmese (LAMB). (2021). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work. Appropriate credits for this work are provided above.

ဒီအရင်းအမြစ်ကို PDF နဲ့ ဒေါင်းလုဒ်ဆွဲဖို့ရန် အောင််က ​ဖောင်းကိုဖြေပါ။

Resource Download (How to Read the Bible Lesson 8)

 သင့်အနေနဲ့ ဒီအရင်းအမြစ်က (ရုပ်ရှင်) အထောက်အကူဖြစ်တယ်လို့ ခံစားခဲ့လား။ ဒီထက်မက LAMB က တခြားအရင်းအမြစ်တွေကို ဆက်လက်ထုတ်နိုင်ဖို့ အားပေးပါ။ အခုပဲ လှူဒါန်းပါ။

အခန်း ၉

ပရောဖက်များအတွက် စီမျဉ်းများ

တရားဟောကျမ်း ၁၃:၁-၅ ကိုဖတ်ပါ။  

၁) ဒီကျမ်းပိုဒ်တွေအရ မစစ်မမှန်တဲ့ပရောဖက်တစ်ဦးရဲ့ လက္ခဏာတစ်ခုက ဘာလဲ။  

၂) တစ်စုံတစ်ယောက်က တကယ်တမ်း ပရောဖက်တစ်ဦးမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ပရောဖက်တစ်ဦးဆိုဖို့ရန် ဘုရားသခင်က ဘာကြောင့် ခွင့်ပြုလိမ့်မလဲ။  

တရားဟောရာကျမ်း ၁၈:၁၅-၂၂ ကိုဖတ်ပါ။

၃) လူတွေက ဘာဖြစ်လို့ မောရှေဆီကနေ ပရောဖက်တစ်ဦးပေးဖို့ တောင်းဆိုခဲ့သလဲ။  

၄) ဒီတောင်းဆိုမှုနဲ့ပတ်သက်ပြီး ဘုရားသခင်က ဘယ်လိုယူဆခဲ့သလဲ။  

၅) ရောက်လာမယ်ဆိုပြီး မောရှေနဲ့ လူတွေတို့ကို ဘုရားသခင် ကတိပြုထားတဲ့ ပရောဖက်က ဘယ်သူလဲ။  

၆) ပရောဖက်အတုအယောင်နဲ့ ပရောဖက်အစစ်အမှန်ကြားက ခြားနားမှုကို သာမန်လူတွေအနေနဲ့ ဘယ်လိုသိကြသလဲ။ (ကျမ်းပိုဒ် ၂၂ ကိုကြည့်ပါ)  

၇) ဒီတောင်းဆိုချက်ပေါ်အခြေခံပြီးဆိုရင် လူပုဂ္ဂိုလ်တစ်ဦးက တစုံတရာ လုံးဝမမှန်ကန်ဘဲကို ဟောပြောရင် ဘုရားသခင်ရဲ့ စစ်မှန်တဲ့ပရောဖက်တစ်ဦးလို့ခေါ်ဆိုနိုင်ပါသလား။  

ပရောဖက်ပြုချက်ကို အနက်ပြန်ဖို့ လမ်းညွှန်ချက်များ

· ပရောဖက်ပြုချက်ရဲ့ ရည်ရွယ်ချင်တဲ့ ဆိုလိုရင်းကို ကြည့်ရန်  

· လေ့လာမှုအောက်မှာ တကယ်တမ်း သစ်ကျမ်းက ဓမျွ ညကျပ်န်ဆိုထားသလား ကြည့်ပါ ဟောင်း ကျမ်းပိုက်ကိုညွှန်ဆိုထားသလားဆိုတာကို ကြည့်ရန်  

· ထင်ရှားသောဟောကိန်း(နှုတ်ဖြင့်ပြောခြင်း)နဲ့ နိမိတ်လက္ခဏာဖြင့်ပြသောဟောကိန်း(လုပ်ဆောင်ချက်) ကြားကခြားနားချက်ကို နားလည်ရန်။  

မိက္ခာ ၅:၂ ကိုဖတ်ပါ။  

၈) မိက္ခာအနေနဲ့ ဘယ်သူရဲ့ မွေးဖွားခြင်းကို ပရောဖက်ဉာဏ်နဲ့ဟော ပြောခဲ့သလဲ။  

၉) ဒီပုဂ္ဂိုလ်က ဘယ်မှာမွေးဖို့ပြောသလဲ။  

၁၀) ဒီပုဂ္ဂိုလ်ရဲ့ မွေးဖွားခြင်းက ဘယ်လောက် အရေးပါသလဲ။  

မဿဲ ၂:၁-၁၂ ကိုဖတ်ပါ။  

၁၁) မာဂုပညာရှိတို့တွေက ဘယ်သူ့ကိုရှာဖွေခဲ့ကြသလဲ။  

၁၂) ဘာကြောင့် ဟေရုမင်းကြီးထံကို လာကြသလဲ။  

၁၃) ကယ်တင်ရှင် ဘယ်နေရာမှာမွေးဖွားလိမ့်မလဲဆိုတာနဲ့ပတ်သက်လို့ ဟေရုမင်းကြီးက ဘယ်သူ့ကိုမေးခဲ့သလဲ။  

၁၄) သူတို့က ဟေရုမင်းဆီကို ဘယ်ကျမ်းပိုဒ်တွေ ကိုးကားပြီးရွတ်ဆိုခဲ့ကြသလဲ။  

၁၅) မိက္ခာ ၅:၂မှာဖော်ပြတဲ့ ပရောဖက်ပြုချက်က ဘယ်လိုပြည့်စုံလာခဲ့သလဲ။  

ယေရမိ ၃၁:၁၅

ယေရမိ ၃၁:၁၅-၂၀ ကိုဖတ်ပါ။  

၁၆) ဘာနဲ့ပတ်သက်လို့ ယေရမိဟောနေတာ ဖြစ်ပါသလဲ။  

၁၇) ရာခေလက ဘယ်သူလဲ။ (ကမ္ဘာဦးကျမ်း ၃၅:၁၅-၂၀ ကိုကြည့်)  

၁၈) ယေရမိ ၃၁ မှာ ရာခေလရဲ့ ကလေးတွေက ဘယ်နေရာကို သွားနေကြတာလဲ။  

၁၉) ဘုရားသခင် ရာခေလကို စကားပြောတုန်းက ဘယ်စကားက နှစ်သိမ့်မှု ရှိစေခဲ့လဲ။  

ရှင်မဿဲ ၂:၁၃-၁၈ ကို ဖတ်ပါ။  

၂၀) ဟေရုမင်းကြီး ဘာအမိန့်ထုတ်ခဲ့လဲ။  

၂၁) ရှင်မဿဲက ယေရမိ ၃၁:၁၅ ကို ဘယ်လိုယူဆသလဲ။  

ဟောရှေ ၁၁:၁

ဟောရှေ ၁၁:၁ ကိုဖတ်ပါ။

၂၂) ဣသရေလနိုင်ငံရဲ့သမိုင်းမှာ ဘယ်ရာဇဝင်ဖြစ်ရပ်ကို ဘုရားသခင်က ညွှန်ဆိုနေသလဲ။  

ရှင်မဿဲ ၂:၁၃-၁၅ ကိုဖတ်ပါ။

၂၃) ယောသပ်က မာရိနဲ့ ယေရှုတို့ကို ဘာဖြစ်လို့ အဲဂုတ္တုပြည်ကို ခေါ်သွားသလဲ။  

၂၄) ရှင်မဿဲ ၂:၁၅တွင် ဘယ်ဓမ္မဟောင်းကျမ်းပိုဒ်ကို ကိုးကားထားသလဲ။  

၂၅) ရှင်မဿဲ တွင်ဖော်ပြသလို ဟောရှေ ၁၁:၁ရဲ့ ပရောက်ဖက်ပြုချက် ဘယ်လိုပြည့်စုံလာသလဲ။  

ယေရမိ ၃၁:၃၁-၃၄

ယေရမိ ၃၁:၃၁-၃၄ ကိုဖတ်ပါ။  

၂၆) ဘုရားသခင်က သယ်သူ့ကို ပဋိညာဉ်သစ်ပေးဖို့ ကတိတော်ပေးသလဲ။  

၂၇) ဘုရားသခင်က သူတို့ကို ပဋိညာဉ်သစ် ဘယ်လိုပေးမှာလဲ။  

၂၈) ဒီပဋိညာဉ်သစ်ရဲ့ အနှစ်သာရအချုပ်က ဘာလဲ။  

ဟေဗြဲ ၈:၆-၁၃ နဲ့ ဟေဗြဲ ၁၀:၁၁-၂၃ ကိုဖတ်ပါ။  

၂၉) ဒီကျမ်းပိုဒ်မှာ ဘယ်ဓမ္မဟောင်းကျမ်းပိုဒ်က ကိုးကားထားသလဲ။  

၃၀) ဟေဗြဲဩဝါဒစာရဲ့ ရေးသားသူက ဒီကျမ်းပိုဒ်ရဲ့ပြည့်စုံခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုယူဆလဲ။  

“ယခု” နဲ့ “မလာသေး”

ယောလ ၂:၂၈-၃၂ ကိုဖတ်ပါ။

၃၁) ဘုရားသခင်က သူ့ရဲ့သန့်ရှင်းသောဝိညာဉ်တော်ကို ဘယ်အချိန်မှာ သွန်းလောင်းသလဲ။  

၃၂) ဘယ်အချိန်မှာ ဘုရားသခင်ရဲ့အမျိုးသားတွေအားလုံးက ဘယ်တော့ ပရောဖက်ဉာဏ်နဲ့ဟောပြောပြီး နိမိတ်အိပ်မက်တွေမက်ပြီး ဗျာဒိတ်ရူပါရုံတွေကို မြင်ရကြမှာလဲ။  

၃၃) ဘယ်အချိန်မှာ နေက မှောင်မိုက်အတိဖြစ်ပြီး လက သွေးဖြစ်သလဲ။  

၃၄) ထာဝရဘုရားခေါ်တော်မူတဲ့လူတွေအားလုံးက ဘယ်အချိန်မှာ ကယ်တင်ခြင်းရမှာလဲ။  

တမန်တော် ၂:၁၄-၂၆ ကို ဖတ်ပါ။

၃၅) တမန်တော် ၂:၁၄-၂၆မှာ ဘယ်ဓမ္မဟောင်းကျမ်းပိုဒ်က ကိုးကားထားသလဲ။  

၃၆) ရှင်ပေတရုရဲ့ တရားဟောခဲ့တဲ့နေ့ကို ကျွန်တော်တို့ ခရစ်ယာန်တွေ ဘယ်လိုခေါ်ပါသလဲ။  

၃၇) ယောလ ၂:၂၈-၃၂ က ပင်တေကုတ္တေပွဲနေ့မှာ ဘယ်လို ပြည့်စုံခဲ့ပါစေလဲ။  

၃၈) ယောလ ၂:၂၈-၃၂ မှာ ပရောဖက်ပြုချက်ရဲ့ အစိတ်အပိုင်း တချို့တွေ ပြည့်စုံစေဖို့ ကျန်နေသေးလား။  

ရှင်မဿဲ ၂၇း၄၅-၅၆ ကို ဖတ်ပါ။

၃၉) သခင်ယေရှုရဲ့ အသေခံခြင်းမှာ ယောလ ၂:၂၈-၃၂ က ပရောဖက်ပြုချက်ရဲ့ ဘယ်အပိုင်းတွေ ပြည့်စုံခဲ့ပါသလဲ။  

၄၀) ကျွန်တော်တို့တွေ ယောလ ၂:၂၈-၃၂ နေ့ရက်တွေတွင်မှာ နေထိုင်နေကြလား။ ဘာကြောင့်လဲ (သို့) ဘာကြောင့်မဟုတ်သလဲ။  

၄၁) ယောလ ၂:၂၈-၃၂ က “ယခု နဲ့ မလာသေး” ကျွန်တော်တို့ကို ဘယ်လိုဖော်ပြသလဲ။

© Lutheran Agency for Missions to Burmese (LAMB). (2021). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work. Appropriate credits for this work are provided above.

ဒီအရင်းအမြစ်ကို PDF နဲ့ ဒေါင်းလုဒ်ဆွဲဖို့ရန် အောင််က ​ဖောင်းကိုဖြေပါ။

Resource Download (How to Read the Bible Lesson 9)

 သင့်အနေနဲ့ ဒီအရင်းအမြစ်က (ရုပ်ရှင်) အထောက်အကူဖြစ်တယ်လို့ ခံစားခဲ့လား။ ဒီထက်မက LAMB က တခြားအရင်းအမြစ်တွေကို ဆက်လက်ထုတ်နိုင်ဖို့ အားပေးပါ။ အခုပဲ လှူဒါန်းပါ။

အခန်း ၁၀

သမ္မာကျမ်းစာမှာရှိသော ပုံဥပမာများ

ပုံဥပမာဆိုတာရဲ့အနက်အဓိပ္ပါယ်

ပုံဥပမာတစ်ခုဆိုတာက ကောင်းကင်နိုင်ငံနဲ့သက်ဆိုင်တဲ့အဓိပ္ပါယ်တစ်ခုပါတဲ့ ကမ္ဘာမြေကြီးနဲ့သက်ဆိုင်တဲ့ပုံပြင်တစ်ခုဖြစ်ပါတယ်။  

ပုံဥပမာနှင့် နှိုင်းယှဉ်ချက်

တရားဟောရာကျမ်း ၂၅:၁-၁၂ ကိုဖတ်ပါ။

၁) ဒီအခန်းထဲမှာ ဘယ်လိုအခြေအနေမျိုးနဲ့ပတ်သက်လို့ ဘုရားသခင်ပြောဆိုနေခြင်းဖြစ်ပါသလဲ။  

၂) တရားဟောရာကျမ်း ၂၅:၄ က အဲ့ဒီအခြေအနေတွေနဲ့ ဘယ်လို ကိုက်ညီလဲ။  

၃) တရားဟောရာကျမ်း ၂၅:၁-၁၂ ရဲ့အကြောင်းအရာကို ရှေ့ဦးစွာကြည့်မယ်ဆိုရင် ဘုရားသခင်က တရားဟောရာကျမ်း၂၅:၄ နဲ့ပတ်သက်လို့ ဘာဆိုလိုချင်သလဲ။  

၁ ကောရိန္သု ၉:၇-၁၂ နှင့် ၁ တိမောသေ ၅:၁၇-၁၈ ကို ဖတ်ပါ။

၄) ဘယ်ဓမ္မဟောင်းကျမ်းပိုဒ်ကို ရှင်ပေါလု ကောက်နုတ်သလဲ။  

၅) ဒီကျမ်းပိုဒ်ကို ကောက်နုတ်တာနဲ့ ရှင်ပေါလု ဘာကိုညွှန်ပြချင်ပါသလဲ။  

၆) ဒါက နှိုင်းယှဉ်ချက်လား (ဒါမှမဟုတ်) ပုံဥပမာ်တစ်ခုလား။  

ရှင်မာကု ၄:၃၀-၃၄ ကို ဖတ်ပါ။

၇) ဘာအကြောင်းအရာ နှစ်ခုကို သခင်ယေရှု နှိုင်းယှဉ်နေတာလဲ  

၈) မုံညှင်းစေ့ရဲ့ ကောင်းကင်နိုင်ငံတော်နဲ့သက်ဆိုင်တဲ့ အဓိပ္ပါယ်က ဘာလဲ။  

၉) ဘုရင် နဘူချာနီဇာရဲ့ အိမ်မက်ထဲကသစ်ပင်က ဟိုမုံညှင်းပင်လို ဘယ်လိုဖြစ်လဲ။  

၁၀) ရှင်မာကု ၄:၃၀-၃၄ က နှိုင်းယှဉ်ချက်လား (သို့) ပုံဥပမာ် တစ်ခုလား။  

အနက်ပြန်ခြင်းအတွက် လမ်းညွှန်ချက်များ

· ပုံဥပမာတစ်ခုက အမြဲတမ်း အဓိက အချက်တစ်ခုရှိပြီး ကျန်တဲ့တခြားအချက်တွေကသာမညသာ ဖြစ်ပါတယ်။  

· ပုံဥပမာတစ်ခုက သာဓကပြခြင်း(ပုံဆောင်ခြင်း) ဖြစ်ပြီး အယူဝါဒ တည်ထောင်ထားတာမဟုတ်ပါဘူး။  

· ပုံဥပမာတစ်ခုက နှိုင်းယှဉ်ဖို့တစ်ခုအနေနဲ့ ဖန်တီးထားတာပါ။ ဒါပေမဲ့ ပုံပြင်တိုင်းရဲ့ အချက်အလက်တိုင်းကို တကယ့်လောက ထဲက တချို့အရားတွေနဲ့ ကျနော်တို့ မနှိုင်းယှဉ်သင်ပါဘူး။  

· ပုံဥပမာတစ်ခုရဲ့ အသေးစိပ်အချက်တွေက စစ်မှန်တဲ့ကမ္ဘာသမိုင်းကနေ လာပါတယ်။ သခင်ယေရှုရဲ့ ပုံဥပမာတွေထဲမှာ မဖြစ်နိုင်တဲ့ အကြောင်းအရာ တွေ (ဥပမာ: စကားပြောတတ်တဲ့ခွေးတွေ (သို့) ပျံတတ်တဲ့ဝက်တွေတို့စသဖြင့်) ပါမှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် တခါတရံမှာ ပုံဥပမာ တစ်ခုမှာ လုံးဝဖြစ်နိုင်မှာမဟုတ်တဲ့အရာတွေ ပါနိုင်ပါတယ်။ (ဥပမာအနေနဲ့: ညဉ့်နက်သန်းခေါင်မှာမိတ်ဆွေ ပုံဥပမာ လိုပါ။)  

· ဓမ္မသစ်ပုံဥပမာတွေမှာ မကြာမကြာ ဓမ္မဟောင်းအထဲကပဲဖြစ်ဖြစ် ပါလစတိုင်းရဲ့ သမိုင်းထဲကဖြစ်ဖြစ် စစ်မှန်သောနောက်ခံတစ်ခုရှိပါတယ်။  

ပုံဥပမာများအတွက်အကြောင်းအရင်း

ရှင်မာကု ၄:၁၀-၁၂ ကို ဖတ်ပါ။  

၁၁) ဘယ်သူ့မှာ ကောင်းကင်နိုင်ငံတော်ရဲ့ လျှိုဝှက်ချက် (သို့) လျှိုဝှက်ဆန်းကြယ်မှုကို ပေးထားခဲ့ပြီးလဲ။  

၁၂) ဘယ်ဓမ္မဟောင်းကျမ်းပိုဒ်ကို သခင်ယေရှု ကိုးကားတာလဲ။  

၁၃) ဓမ္မဟောင်းကျမ်းပိုဒ်ရဲ့ မူရင်းအဆက်အစပ်က ဘာလဲ။  

၁၄) နောက်ဆုံး မူရင်းအဆက်အစပ်ထဲမှာ စိတ်နှလုံးရဲ့ မိုက်မဲခြင်းက ဘယ်လောက်ကြာလိမ့်မလဲ။  

ပုံဥပမာများကို အနက်ပြန်တတ်ဖို့ လေ့လာစို့

ရှင်မာကု ၄:၁-၂၀

ရှင်မာကု ၄:၃-၈ ကို ဖတ်ပါ။  

၁၅) ပုံဥပမာရဲ့ အဓိကအချက်က ဘာလဲ။  

၁၆) ပုံဥပမာရဲ့ နောက်ခံအကြောင်းအရာက ဘာလဲ။  

၁၇) အဓိကအချက်ကလွဲပြီးရင် အရေးပါတဲ့တခြားအချက် အလတ်တွေကိုတွေ့ရှိသလား။  

၁၈) ပုံဥပမာထဲက ဘယ်အသေးစိပ်အပိုင်းတွေက ပုံဥပမာရဲ့အပြင်အပမှာရှိတဲ့ အရာတစ်ခုခုကို ညွှန်ပြနေကြသလဲ။  

ရှင်လုကာ ၁၅:၁၁-၃၂

ရှင်လုကာ ၁၅:၁-၂ ကို ဖတ်ပါ။  

၁၉) ဖာရိရှဲတွေနဲ့ ကျမ်းတတ်ဆရာတွေက ဘာနဲ့ပတ်သက်ပြီး မကျေမနပ်ပြောနေကြတာလဲ။  

ရှင်လုကာ ၁၅:၁၁-၃၂ ကို ဖတ်ပါ။  

၂၀) ပုံဥပမာရဲ့ အဓိကအချက်က ဘာလဲ။  

၂၁) ဘာဖြစ်လို့ အငယ်ဆုံးသားရဲ့ လုပ်ဆောင်ချက်တွေက သိပ်ကို ထိပ်လန့်စရာဖြစ်တာလဲ။  

၂၂) အငယ်ဆုံးသားဟာ တကိုယ်ကောင်း အကြံသမားအဖြစ်မှ အမှန် တကယ် နောင်တရတဲ့ တစ်ယောက်သို့ ဘာကပြောင်းလဲစေခဲ့လဲ။  

၂၃) ဖခင်ဟာ သူ့သားနှစ်ယောက်နဲ့အတူ သူကိုယ်တိုင် ဘယ်လိုအရှက်ရစေလဲ။  

၂၄) ပုံဥပမာထဲက ဘယ်အသေးစိပ်အပိုင်းတွေက ပုံဥပမာရဲ့အပြင်အပမှာရှိတဲ့ အရာတစ်ခုခုကို ညွှန်ပြနေကြသလဲ။  

ဒု ဓမ္မရာဇဝင် ၁၂:၁-၁၀

ဒု ဓမ္မရာဇဝင် ၁၂:၁-၁၀ ကို ဖတ်ပါ။  

၂၅) ဒီပုံဥပမာ မဟောပြောခင် ဘာအဖြစ်အပျက်တွေရှိသလဲ။ ( ဒု ဓမ္မရာဇဝင် ၁၁ ကိုကြည့်)  

၂၆) ဘာဖြစ်လို့ ဘုရားသခင်က နာသန်ကို ဒါဝိတ်ထံ ပို့ဆောင်ခဲ့သလဲ။  

၂၇) နာသန်ရဲ့ပုံဥပမာထဲမှာ သူဌေးကို ဆန့်ကျင်တဲ့ ဒါဝိတ်ရဲ့ စီရင်ချက် က ဘာဖြစ်ခဲ့လဲ။  

၂၈) နာသန်ရဲ့ ပုံဥပမာရဲ့ အဓိကအချက်က ဘာလဲ။  

နောက်ဆုံးလမ်းညွှန်မှုများ

· ဆက်စပ်အကြောင်းအရာက အရေးကြီးပါတယ်။ လေ့လာမှုအောက်မှာရှိတဲ့ အပိုင်းမတိုင်မီနဲ့ ပြီးနောက်စာကို အမြဲဖတ်ရှုပါ။  

· ပုံဥပမာတွေရဲ့ နောက်ခံသမိုင်းကို သိရှိနားလည်တာက အကူအညီဖြစ်စေတယ်။ ယဉ်ကျေးမှု၊ သမိုင်း၊ ပထဝီတို့စသဖြင့် ကျွန်တော်တို့အချိန်ကာလက၎င်းတို့နဲ့ ကွဲပြားကြမယ်။  

· တစ်ခါတလေမှာ အဓိကအချက်ကို သဘောပေါက်နိုင်ဖို့ရန် ကျမ်းစာလေ့လာခြင်းအတွက် သင်ထောက်ကူပစ္စည်းအမျိုးမျိုးကို အသုံးပြုရမှာဖြစ်ပါတယ်။  

© Lutheran Agency for Missions to Burmese (LAMB). (2021). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work. Appropriate credits for this work are provided above.

ဒီအရင်းအမြစ်ကို PDF နဲ့ ဒေါင်းလုဒ်ဆွဲဖို့ရန် အောင််က ​ဖောင်းကိုဖြေပါ။

Resource Download (How to Read the Bible Lesson 10)

 သင့်အနေနဲ့ ဒီအရင်းအမြစ်က (ရုပ်ရှင်) အထောက်အကူဖြစ်တယ်လို့ ခံစားခဲ့လား။ ဒီထက်မက LAMB က တခြားအရင်းအမြစ်တွေကို ဆက်လက်ထုတ်နိုင်ဖို့ အားပေးပါ။ အခုပဲ လှူဒါန်းပါ။