ပညတ်တော် ၁၀ပါး

မာတင်လုသာက ပညတ်တော် ၁၀ပါးအကြောင်းနဲ့ပတ်သက်ပြီး သူရဲ့ရှင်းပြချက်ကို နှစ်ပေါင်း ၅၀၀နီးပါးတုန်းက ရေးသားထားပါတယ်။ သူ့ရဲ့ခရစ်ယာန်အခြေခံသွန်သင်ချက်စာအုပ်က ဗမာစကားအပါအဝင် ဘာသာစကားတော်တော်များများနဲ့ ဘာသာပြန်ထားပါတယ်။ ဒီမှာနှိပ်ရင် လုသာရင်အမွေအနှစ်ဖောင်းဒေးရှင်း (LHF)ကနေပြီးတော့ ခရစ်ယာန်အခြေခံသွန်သင်ချက် စာအုပ်တစ်အုပ်ကို အခမဲ့ မှာလို့ရပါတယ်။ ဘာသာစကားတစ်ခုဟာ အချိန်ကာလအလိုက် ပြောင်းလဲတတ်တယ်။ အရင်တုန်းက နားလည်ဖို့လွယ်တဲ့စကားလုံးတွေဆိုရင် အခုခေတ်မှာ နားလည်ဖို့ခက်လာတယ်။ ကျွန်ုပ်တို့ နေ့စဉ်အသက်တာမှာ ပညတ်တော် ၁၀ပါးကို ဘယ်လိုလိုက်လျှောက်ရမလဲဆိုတာကို ဗမာစာကို ဖတ်တတ်တဲ့လူတွေ ကောင်းကောင်းနားလည်စေဖို့အတွက် မာတင်လုသာ ရေးထားတဲ့ပညတ်တော် ၁၀ပါးအကြောင်း ရှင်းပြချက်တွေ ဗမာလို ဘာသာပြန်အသစ်အတွက် ဆက်ကပ်ချင်ပါတယ်။ မာတင်လုသာက မိသားစုတစ်စုလုံးနဲ့အတူ အတူတူသင်ယူစေချင်ခဲ့တယ်။ ပညတ်တော် ၁၀ပါးကို သင်ယူဖို့ ထိရောက်မှုရှိတဲ့နည်းလမ်းတစ်ခုကတော့ ကျမ်းစာထဲကပုံပြင်တွေဆီကနေ သင်ယူခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ ကျမ်းစာတစ်ပုဒ်ကို အသုံးပြုပြီး ဒီပညတ်တော် ၁၀ပါးကို ဘယ်လို ရိုသေရမှာလဲဆိုတာနဲ့ ပညတ်တော်တွေကို ချိုးဖောက်ရင် ဖြစ်လာမယ့်အကျိုးဆက်တွေ ဘယ်လိုမျိုးရှိလဲဆိုတာကို နားလည်စေပါတယ်။ ပညတ်တော် ၁ပါးစီတိုင်းက အပိုင်း ၂ပိုင်းနဲ့ခွဲထားပြီး ကျမ်းစာက ပုံပြင်တစ်ပုဒ်နဲ့ ရှင်းပြထားပါတယ်။ ပထမအပိုင်းမှာ ပညတ်တော်ကိုပြောပြတယ်။ ဒုတိယအပိုင်းမှာကျတော့ အဲ့ပညတ်တော်အကြောင်းကို ရှင်းပြတယ်။ ရှင်းပြချက်တွေနဲ့အတူ ခေတ်သစ်မြန်မာကျမ်းစာပြန်ကို အသုံးပြုပါတယ်။ ဒီခေတ်သစ်မြန်မာကျမ်းစာဘာသာပြန်နဲ့ အသစ်ပြန်ပြီး ဘာသာပြန်ထားတဲ့ရှင်းပြချက်တွေက ဖတ်လို့ပိုလွယ်ပြီး နားလည်ဖို့ပိုလွယ်မယ်လို့ ကျွန်ုပ်တို့ မျှော်လင့်ပါတယ်။ နောက်ပြီးတော့ ကျမ်းစာပုံပြင်တွေနဲ့အတူ ဆွဲထားတဲ့ရုပ်ပုံတွေက ဘုရင်ခေတ်မြန်မာနိုင်ငံ ပုံစံနဲ့လုပ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီသင်ခန်းစာတွေကို ဖတ်တဲ့အခါ မြန်မာနိုင်ငံမှာနေထိုင်နေသေးတဲ့လူတွေအတွက် အဆက်အစပ်ပိုရှိစေဖို့ လုပ်ထားပါတယ်။

ပထမပညတ်တော်

ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။”

ဒံယေလ ၃

1နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​အ​မြင့်​ပေ​ကိုး ဆယ်၊ အ​နံ​ကိုး​ပေ​ရှိ​သော​ရွှေ​ရုပ်​ကြီး​ကို သွန်း​လုပ်​စေ​ပြီး​လျှင်​ဗာ​ဗု​လုန်​ဒု​ရ​လွင် ပြင်​တွင်​တည်​ထား​စေ​တော်​မူ​၏။- 2မင်း​ကြီး​သည်​မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ များ၊ ဒု​တိ​ယ​ဘု​ရင်​ခံ​များ၊ တိုင်း​မင်း​ကြီး များ၊ ငွေ​တိုက်​စိုး​များ၊ တ​ရား​သူ​ကြီး​များ၊ ရဲ​မှူး​များ​အ​စ​ရှိ​သည့်​အ​ရာ​ရှိ​အ​ပေါင်း တို့​အား မိ​မိ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး အ​နု​မော​ဒ​နာ​ပွဲ​ကို​တက်​ရောက်​ကြ​ရန် အ​မိန့်​ပေး​တော်​မူ​၏။- 3အ​ရာ​ရှိ​အ​ပေါင်း​တို့​သည်​ရွှေ​ရုပ်​ကြီး ၏​ရှေ့​တွင်​ရပ်​နေ​ကြ​သော​အ​ခါ၊- 4သံ​တော်​ဆင့်​တစ်​ဦး​က“ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​ကြ​သော​လူ​မျိုး အ​သီး​သီး​နှင့်​နိုင်​ငံ​အ​သီး​သီး​က​လူ အ​ပေါင်း​တို့၊- 5သင်​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​ကြား ရ​ပြီး​နောက်​ပ​လွေ၊ ပတ်​သာ၊ စောင်း​ကြီး၊ စောင်း ငယ်​တို့​ကို​တီး​မှုတ်​သံ​ကို​လည်း​ကောင်း၊ ထို နောက်​အ​ခြား​တူ​ရိ​ယာ​များ​တီး​မှုတ်​သံ ကို​လည်း​ကောင်း​ကြား​ကြ​လိမ့်​မည်။ တူ​ရိ​ယာ တီး​မှုတ်​သံ​စ​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​မင်း​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို သင်​တို့​ဦး​ညွှတ်​ရှိ​ခိုး​ကြ​စေ။- 6ဦး​ညွှတ်​ရှိ​ခိုး​ခြင်း​မ​ပြု​သူ​မည်​သူ​မ​ဆို ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော မီး​ဖို​ကြီး ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​စေ” ဟု အ​သံ​ကျယ်​စွာ​ကြေ​ညာ​လေ​သည်။- 7သို့​ဖြစ်​၍​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး သီး​က​လူ​တို့​သည်​တူ​ရိ​ယာ​တီး​မှုတ်​သံ ကို​ကြား​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို​ဦး ညွှတ်​ရှိ​ခိုး​ကြ​ကုန်​၏။

8ဗာ​ဗု​လုန်​ပြည်​သား​အ​ချို့​တို့​သည်​ယု​ဒ အ​မျိုး​သား​တို့​အား ပြစ်​တင်​ပြော​ဆို​ရန် အ​ခွင့်​ကောင်း​ကို​ယူ​၍၊- 9နေ​ဗု​ခဒ်​နေ​ဇာ​မင်း​အား“အ​ရှင်​မင်း​ကြီး သက်​တော်​ရာ​ကျော်​ရှည်​ပါ​စေ။- 10တူ​ရိ​ယာ​စ​တင်​တီး​မှုတ်​သည်​နှင့်​တစ်​ပြိုင် နက်​ရွှေ​ရုပ်​ကြီး​အား​လူ​တိုင်း​ဦး​ညွှတ်​ရှိ ခိုး​စေ။- 11ထို​အ​ရုပ်​ကြီး​အား​ဦး​ညွှတ်​ခြင်း​မ​ပြု​သူ ဟူ​သ​မျှ​သည် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​စေ ဟူ​၍​အ​ရှင်​အ​မိန့်​တော်​ထုတ်​ပြန်​ခဲ့​ပါ​၏။- 12ဗာ​ဗု​လုန်​နယ်​ကို​အုပ်​ချုပ်​ရန်​အ​ရှင်​မင်း ကြီး​တာ​ဝန်​ပေး​ထား​သူ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​ဟူ​သော​ယု​ဒ​အ​မျိုး သား​များ​သည် အ​ရှင်​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ဘဲ​နေ​ကြ​ပါ​၏။ သူ​တို့​သည် အ​ရှင်​၏​ဘု​ရား​ကို​ရှိ​မ​ခိုး​ကြ​ပါ။ အရှင် တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို​လည်း​ဦး မ​ညွှတ်​ကြ​ပါ” ဟု​လျှောက်​ထား​ကြ​၏။13ထို​အ​ခါ​မင်း​ကြီး​သည်​ပြင်း​စွာ​အ​မျက် ထွက်​တော်​မူ​သ​ဖြင့် ထို​သူ​သုံး​ယောက်​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ရန်​အ​မိန့် ပေး​တော်​မူ​၏။- 14မင်း​ကြီး​က“ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့ သင်​တို့​သည်​ငါ​၏​ဘု​ရား​ကို​ရှိ မ​ခိုး၊ ငါ​စိုက်​ထူ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး ကို​ဦး​မ​ညွှတ်​ဘဲ​နေ​ကြ​သည်​ဟု​ဆို​သည် မှာ​မှန်​သ​လော။- 15ယ​ခု​သင်​တို့​သည်​တံ​ပိုး​ခ​ရာ၊ ပ​လွေ၊ စောင်း ငယ်၊ ပတ်​သာ၊ စောင်း​ကြီး​နှင့်​အ​ခြား​တူ​ရိ ယာ​များ​တီး​မှုတ်​သံ​ကို​ကြား​သည်​နှင့်​တစ် ပြိုင်​နက်​ရွှေ​ရုပ်​ကြီး​ကို​ဦး​ညွှတ်​ရှိ​ခိုး​ကြ လော့။ အ​ကယ်​၍​ရှိ​မ​ခိုး​ကြ​ပါ​က​သင်​တို့ သည်​ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော​မီး ဖို​ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လတ္တံ့။ သင်​တို့​အား​ကယ်​နိုင်​မည့်​ဘု​ရား ရှိ​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော” ဟု​မိန့်​တော်​မူ​၏။16ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့ က“အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​မိ​မိ တို့​အ​တွက်​ထု​ချေ​လျှောက်​လဲ​ကြ​မည် မ​ဟုတ်​ပါ။- 17အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် သည် အ​ကျွန်ုပ်​တို့​အား​ပြင်း​စွာ​အ​လျှံ​ထ လျက်​ရှိ​သော​မီး​ဖို​ကြီး​ထဲ​မှ​လည်း​ကောင်း၊ အ​ရှင်​၏​လက်​မှ​လည်း​ကောင်း​ကယ်​နိုင် လျှင်​လည်း​ကယ်​တော်​မူ​မည်။- 18ကယ်​တော်​မ​မူ​လျှင်​လည်း​အ​ကျွန်ုပ်​တို့ သည်​အ​ရှင်​၏​ဘု​ရား​ကို​ရှိ​မ​ခိုး၊ အ​ရှင် ၏​ရွှေ​ရုပ်​ကြီး​ကို​လည်း​ဦး​မ​ညွှတ်​ကြောင်း သိ​မှတ်​တော်​မူ​ပါ” ဟု​ပြန်​လည်​လျှောက် ထား​ကြ​၏။

19ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​စိတ်​ကို မ​ချုပ်​တည်း​နိုင်​တော့​ဘဲ ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အ​ပေါ်​တွင်​အ​မျက်​ထွက် ကာ​မျက်​နှာ​နီ​မြန်း​၍​လာ​တော်​မူ​၏။ ထို ကြောင့်​မင်း​ကြီး​သည်​မီး​ဖို​ကြီး​ကို​ခု​နစ်​ဆ မျှ​ပို​၍​ပူ​အောင်​မီး​ထိုး​စေ​တော်​မူ​ပြီး​လျှင်၊- 20မိ​မိ​၏​တပ်​မ​တော်​တွင်​ခွန်​အား​အ​ကြီး​မား ဆုံး​သော​သူ​တို့​အား ထို​သူ​သုံး​ယောက်​ကို ပြင်း​စွာ​အ​လျှံ​ထ​လျက်​ရှိ​သော​မီး​ဖို​ကြီး ထဲ​သို့​ပစ်​ချ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။- 21သို့​ဖြစ်​၍​သူ​တို့​သည်​ထို​သူ​သုံး​ယောက်​တို့ အား​ဘောင်း​ဘီ၊ အင်္ကျီ၊ ဝတ်​လုံ​အင်္ကျီ​အ​စ​ရှိ သည့်​အ​ဝတ်​တန်​ဆာ​များ​နှင့်​တ​ကွ​တုပ် နှောင်​ပြီး​လျှင် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​၏။- 22မင်း​ကြီး​ကြပ်​တည်း​စွာ​မိန့်​မှာ​တော်​မူ​ခဲ့​သည့် အ​တိုင်း မီး​ဖို​ကြီး​ကို​အ​လွန့်​အ​လွန်​ပူ​အောင် ပြု​လုပ်​ထား​သ​ဖြင့်​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ ဒ​နေ​ဂေါ​တို့​အား​မီး​ဖို​ကြီး​သို့​သယ်​ဆောင် လာ​သော​သူ​တို့​သည် မီး​လျှံ​အ​ရှိန်​ကြောင့် သေ​ကြ​ကုန်​၏။- 23သို့​ဖြစ်​၍​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ တို့​သည် တုပ်​နှောင်​လျက်​ပင်​ပြင်း​စွာ​အ​လျှံ ထ​လျက်​နေ​သော​မီး​ဖို​ကြီး​ထဲ​သို့​ကျ ရောက်​သွား​ကြ​လေ​သည်။24ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​အံ့​အား​သင့် လျက် ရုတ်​တ​ရက်​ထ​တော်​မူ​ပြီး​လျှင် မိ​မိ ၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ​အား“ငါ​တို့ သည်​လူ​သုံး​ယောက်​တို့​ကို​တုပ်​နှောင်​၍​ပြင်း စွာ​အ​လျှံ​ထ​လျက်​ရှိ​သည့်​မီး​ဖို​ကြီး​ထဲ သို့​ပစ်​ချ​ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော” ဟု မေး​တော်​မူ​၏။25ထို​သူ​တို့​က“မှန်​ပါ​သည်​အ​ရှင်​မင်း​ကြီး” ဟု​လျှောက်​ထား​လျှင်၊မင်း​ကြီး​က“ယင်း​သို့​ဖြစ်​ပါ​မူ​မီး​ထဲ​တွင် လူ​လေး​ယောက်​သွား​လာ​နေ​သည်​ကို​အ​ဘယ် ကြောင့်​ငါ​မြင်​ရ​ပါ​သ​နည်း။ သူ​တို့​အား တုပ်​နှောင်​ထား​ခြင်း​လည်း​မ​ရှိ၊ သူ​တို့​သည် မီး​လောင်​ခံ​ကြ​ရ​ပုံ​လည်း​မ​ပေါ်။ ထို့​ပြင် စ​တုတ္ထ​လူ​သည်​ကောင်း​ကင်​တမန် နှင့်​တူ​သည်” ဟု​မိန့်​တော်​မူ​၏။

26သို့​ဖြစ်​၍​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ပြင်း​စွာ အ​လျှံ​ထ​လျက်​နေ​သော​မီး​ဖို​ကြီး​အ​ဝ သို့​ချဉ်း​ကပ်​ပြီး​လျှင်“အ​မြင့်​မြတ်​ဆုံး​သော ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့၊ မီး​ဖို​ထဲ​မှ​ထွက်​လာ ကြ​လော့” ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​သူ​တို့ သည်​ချက်​ချင်း​ပင်​ထွက်​လာ​ကြ​၏။- 27မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ​များ၊ ဒု​တိ​ယ ဘု​ရင်​ခံ​များ​နှင့်​ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​ရာ ရှိ​အ​ပေါင်း​တို့​သည် မီး​လောင်​ခြင်း​မ​ခံ​ရ ကြ​သော​လူ​သုံး​ဦး​တို့​ကို​ဝိုင်း​၍​ကြည့်​ရှု​ကြ ကုန်​၏။ ထို​သူ​တို့​၏​ဆံ​ခြည်​ပင်​တစ်​ပင်​မျှ မီး​မ​မြိုက်။ အ​ဝတ်​အင်္ကျီ​များ​သည်​မီး​မ​လောင်၊ သူ​တို့​ကိုယ်​မှ​မီး​ခိုး​နံ့​လည်း​မ​ရ။28မင်း​ကြီး​က“ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ကောင်း ကင်​တ​မန်​ကို​စေ​လွှတ်​တော်​မူ​၍ မိ​မိ​ကို​ယုံ ကြည်​ကိုး​စား​ကြ​သော​ဤ​သူ​သုံး​ဦး​တို့ အား​ကယ်​တင်​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​ကို ဦး​ညွှတ်​ရှိ​ခိုး​မည့်​အ​စား မိ​မိ​တို့​အ​သက် ဘေး​ကို​ပင်​ပ​မာ​ဏ​မ​ပြု​ဘဲ​ငါ​၏​အ​မိန့် ကို​ဖီ​ဆန်​ခဲ့​ကြ​၏။29“ထို​ကြောင့်​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့်​နိုင်​ငံ အ​သီး​သီး​က​မည်​သူ​မ​ဆို​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့​၏​ဘု​ရား​အား​မ​ရို မ​သေ​ပြော​ဆို​သည်​ဆို​အံ့၊ ထို​သူ​အား​အ​ပိုင်း ပိုင်း​ဖြတ်​၍​နေ​အိမ်​ကို​လည်း ပြာ​ပုံ​ဖြစ်​စေ ဟု​ယ​ခု​ငါ​အ​မိန့်​ပေး​၏။ ထို​သူ​သုံး​ဦး​တို့ ၏​ဘု​ရား​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကယ် တင်​နိုင်” ဟု​မိန့်​တော်​မူ​၏။30ထို​နောက်​မင်း​ကြီး​သည် ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အား ဗာ​ဗု​လုန်​ပြည် နယ်​တွင်​ပို​မို​ကြီး​မြင့်​သည့်​ရာ​ထူး​များ ဖြင့်​ချီး​မြှင့်​တော်​မူ​လေ​သည်။

၁. ပထမပညာတ်တော် ဘုရင် နေဗုခဒ်နေဇာဟာ ဘယ်လိုချိုးဖောက်ခဲ့လဲ။

၂. ဘယ်အကျင့်က ပိုဆိုးလဲ။ ဘုရင် နေဗုခဒ်နေဇာရုပ်တုလုပ်တာ ပိုဆိုးလား။ သူများကို ရုပ်တုအတင်းကိုးကွယ်ခိုင်းတာ ပိုဆိုးလား။ ဘာဖြစ်လို့လဲ။

၃. သူများတွေက သင့်ကို မှားယွင်းတဲ့ဘုရားတွေကို ကိုးကွယ်ဖို့ ဘယ်လိုအတင်းလုပ်ကြလဲ။

ပထမပညတ်တော်

“ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။”

ဒါက ဘာကိုဆိုလိုတာလဲ။

အရာအားလုံးထက် ဘုရားသခင်ကို ပိုကြောက်ရွံ့၊ ပိုချစ်ပြီး ပိုယုံကြည်ရမယ်။

ကမ္ဘာ​ဦး  ၂၂း၁‒၁၄

1ကာ​လ​အ​တန်​ကြာ​သော​အ​ခါ​ဘု​ရား​သ​ခင် သည် အာ​ဗြ​ဟံ​၏​နာ​ခံ​ခြင်း​သ​ဘော​ကို​စစ်​ဆေး တော်​မူ​၏။ ဘု​ရား​သ​ခင်​က“အာ​ဗြ​ဟံ” ဟု​ခေါ် လျှင်​အာ​ဗြ​ဟံ​က“အ​ကျွန်ုပ်​ရှိ​ပါ​၏​အ​ရှင် ဘု​ရား” ဟု​ထူး​လေ​၏။ 2ထို​အ​ခါ​ဘု​ရား​သ​ခင်​က“သင်​အ​လွန်​ချစ်​သော သင်​၏​တစ်​ဦး​တည်း​သော​သား​ဣ​ဇာက်​ကို​ခေါ်​ဆောင် ၍​မော​ရိ​ပြည်​သို့​သွား​လော့။ ထို​အ​ရပ်​တွင်​ငါ​ပြ မည့်​တောင်​ပေါ်​၌​သူ့​ကို​ယဇ်​ကောင်​အ​ဖြစ်​ဖြင့် ငါ့​အား​ပူ​ဇော်​လော့” ဟု​အ​မိန့်​ပေး​တော် မူ​၏။ 3နောက်​တစ်​နေ့​နံ​နက်​စော​စော​တွင်​အာ​ဗြ​ဟံ​သည် ယဇ်​ပူ​ဇော်​ရန်​ထင်း​ကို​ခွဲ​၍​မြည်း​ပေါ်​သို့​တင် ပြီး​လျှင် ဣ​ဇာက်​နှင့်​အ​စေ​ခံ​နှစ်​ယောက်​တို့​ကို ခေါ်​လျက်​ဘု​ရား​သ​ခင်​ညွှန်​ပြ​သော​အ​ရပ် သို့​ရှေ့​ရှု​လာ​ခဲ့​သည်။- 4တ​တိ​ယ​နေ့​သို့​ရောက်​သော်​အာ​ဗြ​ဟံ​သည် ထို​အ​ရပ်​ကို​အ​ဝေး​မှ​မြင်​ရ​၏။- 5ထို​အ​ခါ​သူ​၏​အ​စေ​ခံ​တို့​အား“သင်​တို့​သည် ဤ​အ​ရပ်​တွင်​မြည်း​နှင့်​အ​တူ​နေ​ရစ်​ကြ။ ငါ နှင့်​ငါ့​သား​တို့​က​ထို​အ​ရပ်​သို့​သွား​၍​ဘု​ရား ကို​ဝတ်​ပြု​ကိုး​ကွယ်​ပြီး​လျှင်​ပြန်​လာ​မည်” ဟု မှာ​ကြား​လေ​သည်။ 6အာ​ဗြ​ဟံ​သည်​ယဇ်​ပူ​ဇော်​ရန်​ထင်း​ကို​ဣ​ဇာက် အား​သယ်​စေ​၍ သူ​ကိုယ်​တိုင်​က​မူ​ဋ္ဌား​နှင့်​မီး ပျိုး​ရန်​မီး​ခဲ​ကို​ယူ​ဆောင်​ခဲ့​လေ​သည်။ သူ​တို့ အ​တူ​တ​ကွ​လျှောက်​လာ​ကြ​စဉ်၊- 7ဣ​ဇာက်​က“အ​ဖ” ဟု​ခေါ်​လိုက်​၏။ အာ​ဗြ​ဟံ​က“ငါ့​သား” ဟု​ထူး​၏။ ဣ​ဇာက်​က“အ​ဖ​ထံ​မှာ​မီး​လည်း​ပါ​ပြီ။ ထင်း လည်း​ပါ​ပြီ။ ယဇ်​ပူ​ဇော်​ရန်​သိုး​ငယ်​အ​ဘယ် မှာ​နည်း” ဟု​မေး​၏။ 8အာ​ဗြ​ဟံ​က“ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ယဇ်​ကောင်​ကို​စီ​မံ​ပေး​ပါ​လိမ့်​မည်” ဟု​ပြန် ဖြေ​လိုက်​၏။ ထို​နောက်​သူ​တို့​နှစ်​ဦး​ဆက်​၍ လျှောက်​သွား​ကြ​လေ​သည်။ 9ဘု​ရား​သ​ခင်​ညွှန်​ပြ​တော်​မူ​သော​အ​ရပ်​သို့ ရောက်​ကြ​သော​အ​ခါ အာ​ဗြ​ဟံ​သည်​ယဇ်​ပလ္လင် ကို​တည်​၍​ထင်း​ကို​ပလ္လင်​ပေါ်​တွင်​ပုံ​၏။ ထို​   နောက် သူ​၏​သား​ကို​တုတ်​နှောင်​ပြီး​လျှင်​ထင်း​ပုံ​ပေါ် တွင်​တင်​ထား​၏။- 10ထို​နောက်​သား​ကို​သတ်​ရန်​ဋ္ဌား​ကို​ယူ​လိုက်​၏။- 11ထို​အ​ခိုက်​တွင်​ထာဝရ​ဘုရား​၏​ကောင်း​ကင်​တမန် သည်“အာ​ဗြ​ဟံ၊ အာ​ဗြ​ဟံ” ဟု​ကောင်းကင်​မှ ခေါ်​လေ​၏။ အာ​ဗြ​ဟံ​က“အ​ကျွန်ုပ်​ရှိ​ပါ​၏​အ​ရှင်​ဘု​ရား” ဟု​ထူး​လေ​၏။ 12ကောင်း​ကင်​တ​မန်​က“သူ​ငယ်​အား​မည်​သို့​မျှ​မ​နာ မ​ကျင်​စေ​နှင့်။ သင်​သည်​တစ်​ဦး​တည်း​သော​သား​ကို ငါ့​အား​ပူ​ဇော်​ရန်​မ​ငြင်း​ဆို​ခဲ့​သ​ဖြင့် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​၍​အ​မိန့်​တော်​ကို နာ​ခံ​သူ​ဖြစ်​ကြောင်း ယ​ခု​ငါ​သိ​ရ​ပြီ” ဟု​မိန့် တော်​မူ​၏။ 13ထို​နောက်​အာ​ဗြ​ဟံ​သည်​မော်​၍​ကြည့်​လိုက်​သော အ​ခါ ချုံ​ထဲ​တွင်​ဦး​ချို​ငြိ​နေ​သော​သိုးထီး​တစ် ကောင်​ကို​မြင်​ရ​လေ​သည်။ သူ​သည်​သွား​၍​ထို​သိုး ကို​ယူ​ဆောင်​ခဲ့​ပြီး​လျှင် သား​၏​ကိုယ်​စား​မီး​ရှို့ ရာ​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​၏။- 14အာ​ဗြ​ဟံ​သည်​ထို​အ​ရပ်​ကို“ထာ​ဝ​ရ​ဘု​ရား ပြင်​ဆင် ပေး​သည်” ဟု​သ​မုတ်​လေ​၏။ ယ​နေ့​ထက်​တိုင်​လူ တို့​က“တောင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင် ပေး​လိမ့်​မည်” ဟူ​၍​ပြော​ဆို​လေ့​ရှိ​ကြ​၏။  

 ၁. အာ​ဗြဟံအတွက် ဘယ်အရာက ရုပ်တုဖြစ်နေနိုင်ခဲ့လဲ။

 ၂. အာ​ဗြဟံက ဘုရားသခင်ကို ယုံကြည်တယ်ဆိုတာကို ဘယ်စကားတွေကနေပြီးတော့ သိရလဲ။

၃. အာ​ဗြဟံက ဘုရားသခင်ကို ချစ်ခဲ့တယ်ဆိုတာကို ဘယ်အကျင့်ကနေပြီးတော့ သိရလဲ။

၄. သင့်အတွက် ဘယ်အရာက ရုပ်တုဘုရားဖြစ်နိုင်မလဲ။

၅. ဘုရားသခင်ဆီမှာ သင်ရဲ့ယုံကြည်ခြင်း (ကိုးစားခြင်း) ဘယ်လိုပြသလဲ။

၆. ဘုရားသခင်ဆီကို သင်ရဲ့ချစ်ခြင်းမေတ္တာ ဘယ်လိုပြသလဲ။

© Lutheran Agency for Missions to Burmese (LAMB). (2024). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work.