တတိယပညတ်တော်




ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကို အောက်မေ့လော့။
လုကာ ၂း၄၁-၅၂
41သူငယ်တော်၏မိဘတို့သည်နှစ်စဉ်ပသခါ ပွဲတော်ခံချိန်၌ ယေရုရှလင်မြို့သို့သွားလေ့ ရှိကြ၏။- 42သူငယ်တော်သည်အသက်တစ်ဆယ့်နှစ်နှစ် ရှိသောအခါ၌လည်း ယေရုရှလင်မြို့သို့ သွားကြ၏။- 43ပွဲတော်ပြီးဆုံးချိန်၌အိမ်သို့ပြန်ကြ၏။ ထို အခါသူငယ်တော်သည်ယေရုရှလင်မြို့မှာ နေရစ်၏။ ထိုသို့နေရစ်သည်ကိုမိဘများ မသိကြ။- 44ခရီးသည်လူစုထဲတွင်ပါလာလိမ့်မည်ဟု ထင်မှတ်ကြ၏။ တစ်နေ့ခရီးပြုကြပြီးမှ ဆွေမျိုးအသိအကျွမ်းများထဲတွင်သူငယ် တော်ကိုရှာကြ၏။- 45မတွေ့သဖြင့်ယောသပ်နှင့်မာရိသည်ယေရုရှလင် မြို့သို့ပြန်၍ရှာကြ၏။ တတိယနေ့တွင်သူငယ် တော်ကိုဗိမာန်တော်အတွင်းမှာတွေ့ကြ၏။- 46သူသည်ယုဒဆရာတော်များနှင့်အတူထိုင် ကာသူတို့၏တရားစကားများကိုကြားနာ လျက်၊ သူတို့နှင့်ဆွေးနွေးမေးမြန်းလျက်နေ၏။- 47သူငယ်တော်၏စကားကိုကြားကြသောသူ အပေါင်းတို့သည်သူ၏အသိပညာနှင့်ဖြေ ကြားချက်များကိုအံ့သြကြ၏။- 48ယောသပ်နှင့်မာရိတို့သည်တွေ့လျှင်အံ့အားသင့် ကြ၏။ ထိုနောက်မယ်တော်က “ငါ့သား၊ သင်သည် အဘယ်ကြောင့်ငါတို့ကိုဤသို့ပြုပါသနည်း။ သင့်ဖခင်နှင့်ငါသည်စိုးရိမ်ကြီးစွာဖြင့်ရှာခဲ့ ရ၏” ဟုပြော၏။
49သူငယ်တော်က “အဘယ်ကြောင့်အကျွန်ုပ်ကိုရှာ ကြပါသနည်း။ အကျွန်ုပ်သည်ခမည်းတော်၏အိမ် တွင်ရှိနေရမည်ကိုမသိကြပါသလော” ဟု ပြန်ပြော၏။- 50သူတို့သည်ထိုစကားကိုနားမလည်ကြ။
51ထိုနောက်သူငယ်တော်သည်မိဘတို့နှင့်အတူ လိုက်၍ နာဇရက်မြို့သို့ရောက်သော်မိဘတို့၏ စကားကိုနာခံလျက်နေ၏။ မယ်တော်သည်ဤ အဖြစ်အပျက်အလုံးစုံတို့ကိုစိတ်နှလုံးထဲ မှာမှတ်ကျုံးထား၏။- 52သူငယ်တော်ယေရှုသည်ကာယညာဏကြီး ပွားတိုးတက်လျက်ဘုရားသခင့်ရှေ့၊ လူတို့ ရှေ့တွင်မျက်နှာပွင့်လန်းတော်မူ၏။
၁. ဥပုသ်နေ့အတွက် တခြား ဘာအခေါ်အဝေါ် ရှိလဲ။
၂. ဥပုသ်နေ့ကို သခင်ယေရှုက ရိုသေကြောင်း ဘယ်လိုပြသခဲ့လဲ။
၃. ဥပုသ်နေ့ကို သင်က ရိုသေကြောင်း ဘယ်လိုပြသလဲ။
တတိယပညတ်တော်


ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကို အောက်မေ့လော့။
ဒါက ဘာကိုဆိုလိုတာလဲ။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ချစ်တယ်ဆိုတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟောပြောခြင်းကို မမုန်းတီးရဘူး။ သူ့ နှုတ်ကပတ်တော်ကို သန့်ရှင်းတယ်ဆိုပြီး ရိုသေလေးစားရပြီး ၎င်းကို ဝမ်းမြောက်စွာနာခံပြီး လေ့လာရမယ်။
လုကာ ၁၀း၃၈-၄၂
38သခင်ယေရှုနှင့်တပည့်တော်တို့သည်ခရီးသွား ကြစဉ်ရွာတစ်ရွာသို့ရောက်ကြ၏။ ထိုရွာရှိမာသ နာမည်ရှိသောအမျိုးသမီးသည်မိမိ၏အိမ်တွင် ကိုယ်တော်ကိုကြိုဆိုဧည့်ခံ၏။- 39မာသမှာမာရိနာမည်ရှိသောညီမတစ်ယောက် ရှိ၏။ သူသည်သခင်ယေရှု၏ခြေတော်ရင်းမှာ ထိုင်၍တရားတော်ကိုကြားနာလျက်နေ၏။- 40မာသမူကားဧည့်သည်ဝတ်ဖြင့်ဗျာများနေရ သဖြင့်အထံတော်သို့ချဉ်းကပ်ပြီးလျှင် “အရှင် ဘုရား၊ ကျွန်မ၏ညီမသည်လုပ်ကျွေးမှုတာဝန် ရှိသမျှကိုကျွန်မတစ်ယောက်တည်းအား ဆောင် ရွက်စေသည်ကိုကိုယ်တော်ရှင်လျစ်လူရှုတော် မူပါသလော။ ကျွန်မကိုကူညီစေရန်သူ့ အားအမိန့်ရှိတော်မူပါ” ဟုလျှောက်၏။
41သခင်ဘုရားက “မာသ၊ မာသ၊ သင်သည်များ စွာသောအမှုကိစ္စတို့အတွက်စိုးရိမ်ပူပန် လျက်နေ၏။- 42သင့်မှာလိုသောအရာတစ်ခုရှိ၏။ မာရိသည် ကောင်းမြတ်သောအရာကိုရွေးချယ်လေပြီ။ ထိုအရာကိုသူ့ထံမှအဘယ်သူမျှယူ၍ ရမည်မဟုတ်” ဟုမိန့်တော်မူ၏။
၁. သခင်ယေရှုက သူများကို အစေခံဖို့ ကြွလာခဲ့တယ်။ မာသရဲ့လုပ်ကျွေးခြင်း(အစေခံခြင်း)က ဘာဖြစ်လို့ အဲ့ဒီအချိန်မှာ မှားခဲ့လဲ။
၂. မာရိက ဥပုသ်နေ့ကို ရိုသေကြောင်း ဘယ်လိုပြသခဲ့လဲ။
ဟေဗြဲ ၁၀း၂၅ 25အချင်းချင်းတွေ့ဆုံဝတ်ပြုသည့်အလေ့အထ ကို လူအချို့တို့စွန့်လွှတ်သကဲ့သို့ငါတို့သည် မပြုဘဲနေကြစို့။ တရားစီရင်တော်မူရာ နေ့ရက်နီးကပ်လာသည်ကိုထောက်သဖြင့် ငါတို့သည်ပို၍တစ်ယောက်ကိုတစ်ယောက် အားပေးကြကုန်အံ့။
၃. ဟေဗြဲ ၁၀:၂၅ လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်း ချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့။
© Lutheran Agency for Missions to Burmese (LAMB). (2025). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work.
ဒီအရင်းအမြစ်ကိုရရှိဖို့ရန် ဒီမှာနှိပ်ပါ။