စတုတ္ထပညတ်တော်

commands31

သင်၏မိဘကို ရိုသေစွာပြုလော့။
 

ရှင်လုကာ ၂း၄၁-၅၂

41သူ​ငယ်​တော်​၏​မိ​ဘ​တို့​သည်​နှစ်​စဉ်​ပ​သ​ခါ ပွဲ​တော်​ခံ​ချိန်​၌ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​လေ့ ရှိ​ကြ​၏။- 42သူ​ငယ်​တော်​သည်​အ​သက်​တစ်​ဆယ့်​နှစ်​နှစ် ရှိ​သော​အ​ခါ​၌​လည်း ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ​၏။- 43ပွဲ​တော်​ပြီး​ဆုံး​ချိန်​၌​အိမ်​သို့​ပြန်​ကြ​၏။ ထို အ​ခါ​သူ​ငယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှာ နေ​ရစ်​၏။ ထို​သို့​နေ​ရစ်​သည်​ကို​မိ​ဘ​များ မ​သိ​ကြ။- 44ခ​ရီး​သည်​လူ​စု​ထဲ​တွင်​ပါ​လာ​လိမ့်​မည်​ဟု ထင်​မှတ်​ကြ​၏။ တစ်​နေ့​ခ​ရီး​ပြု​ကြ​ပြီး​မှ ဆွေ​မျိုး​အ​သိ​အ​ကျွမ်း​များ​ထဲ​တွင်​သူ​ငယ် တော်​ကို​ရှာ​ကြ​၏။- 45မ​တွေ့​သ​ဖြင့်​ယော​သပ်​နှင့်​မာ​ရိ​သည်​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​၍​ရှာ​ကြ​၏။ တ​တိ​ယ​နေ့​တွင်​သူ​ငယ် တော်​ကို​ဗိ​မာန်​တော်​အ​တွင်း​မှာ​တွေ့​ကြ​၏။- 46သူ​သည်​ယု​ဒ​ဆ​ရာ​တော်​များ​နှင့်​အ​တူ​ထိုင် ကာ​သူ​တို့​၏​တ​ရား​စ​ကား​များ​ကို​ကြား​နာ လျက်၊ သူ​တို့​နှင့်​ဆွေး​နွေး​မေး​မြန်း​လျက်​နေ​၏။- 47သူ​ငယ်​တော်​၏​စ​ကား​ကို​ကြား​ကြ​သော​သူ အ​ပေါင်း​တို့​သည်​သူ​၏​အ​သိ​ပ​ညာ​နှင့်​ဖြေ ကြား​ချက်​များ​ကို​အံ့​သြ​ကြ​၏။- 48ယော​သပ်​နှင့်​မာ​ရိ​တို့​သည်​တွေ့​လျှင်​အံ့​အား​သင့် ကြ​၏။ ထို​နောက်​မယ်​တော်​က “ငါ့​သား၊ သင်​သည် အ​ဘယ်​ကြောင့်​ငါ​တို့​ကို​ဤ​သို့​ပြု​ပါ​သ​နည်း။ သင့်​ဖ​ခင်​နှင့်​ငါ​သည်​စိုး​ရိမ်​ကြီး​စွာ​ဖြင့်​ရှာ​ခဲ့ ရ​၏” ဟု​ပြော​၏။

49သူ​ငယ်​တော်​က “အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​ကို​ရှာ ကြ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည်​ခ​မည်း​တော်​၏​အိမ် တွင်​ရှိ​နေ​ရ​မည်​ကို​မ​သိ​ကြ​ပါ​သ​လော” ဟု ပြန်​ပြော​၏။- 50သူ​တို့​သည်​ထို​စ​ကား​ကို​နား​မ​လည်​ကြ။

51ထို​နောက်​သူ​ငယ်​တော်​သည်​မိ​ဘ​တို့​နှင့်​အ​တူ လိုက်​၍ နာ​ဇ​ရက်​မြို့​သို့​ရောက်​သော်​မိ​ဘ​တို့​၏ စ​ကား​ကို​နာ​ခံ​လျက်​နေ​၏။ မယ်​တော်​သည်​ဤ အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​တို့​ကို​စိတ်​နှ​လုံး​ထဲ မှာ​မှတ်​ကျုံး​ထား​၏။- 52သူ​ငယ်​တော်​ယေ​ရှု​သည်​ကာ​ယ​ညာ​ဏ​ကြီး ပွား​တိုး​တက်​လျက်​ဘု​ရား​သ​ခင့်​ရှေ့၊ လူ​တို့ ရှေ့​တွင်​မျက်​နှာ​ပွင့်​လန်း​တော်​မူ​၏။

၁) သခင်ယေရှုက သူ့အဘ (ဘုရားသခင်)ကို ရိုသေကြောင်း ဘယ်လိုပြသခဲ့လဲ။
 

၂) သခင်ယေရှုက သူ့အမေနဲ့ သူအဖေ (ယောသပ်)ကို ရိုသေကြောင်း ဘယ်လိုပြသခဲ့လဲ။
 

၃) သင်က သင့် မိဘတွေကို ရိုသေကြောင်း ဘယ်လိုပြသလဲ။
 

၄) ကောင်းကင်ဘုံမှာရှိတဲ့ သင်ရဲ့အဘကို ရိုသေကြောင်း ဘယ်လိုပြသလဲ။

စတုတ္ထပညတ်တော်
 

သင်၏မိဘကို ရိုသေစွာပြုလော့။
 

ဒါက ဘာကိုဆိုလိုတာလဲ။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ချစ်တယ်ဆိုတော့ ကျွန်ုပ်တို့ရဲ့ မိဘတွေနဲ့ သခင်တွေကို မမုန်းတီးရဘူး။ သူတို့ကို စိတ်ဆိုးအောင်လည်း မလုပ်ရဘူး။ သူတို့ကို ရိုသေရမယ်။ သူတို့ကို ပြုစုစောင့်ရှောက်ပြီး နာခံရမယ်။ သူတို့ကို ချစ်ပြီး လေးစားရမယ်။

၂ ရာ ၁၅း၁-၁၄, ၁၈း၁-၉, ၁၄, ၃၃

1ထို​နောက်​အ​ဗ​ရှ​လုံ​သည်​မြင်း​ရ​ထား​တစ်​စီး၊ မြင်း​များ​နှင့်​ရှေ့​တော်​ပြေး​စစ်​သည်​ငါး​ဆယ် ကို​မိ​မိ​အ​တွက်​ထား​ရှိ​လေ​သည်။- 2သူ​သည်​နံ​နက်​စော​စော​ထ​ပြီး​လျှင်​မြို့​တံ​ခါး ဝ​လမ်း​နံ​ဘေး​တွင်​ရပ်​လျက်​နေ​တတ်​၏။ ဘု​ရင် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ရန်​အ​မှု​သည်​တစ်​စုံ တစ်​ယောက်​ရောက်​ရှိ​လာ​သော​အ​ခါ​သူ့​ကို​ခေါ် ၍“သင်​သည်​အ​ဘယ်​အ​ရပ်​က​လာ​သနည်း” ဟု မေး​လေ့​ရှိ​၏။ အ​မှု​သည်​က“အ​ရှင်​အ​ကျွန်ုပ် သည်​ဤ​မည်​သော​ဣ​သ​ရေ​လ​အ​နွယ်​မှ​ဖြစ် ပါ​သည်” ဟု​ဆို​လျှင်၊- 3အ​ဗ​ရှ​လုံ​က“ကြည့်​လော့၊ သင်​၏​အ​မှု​သည် တ​ရား​ဥ​ပ​ဒေ​အ​ရ​မှန်​ကန်​၏။ သို့​ရာ​တွင် ဘု​ရင်​၏​ကိုယ်​စား​သင့်​အ​မှု​ကို​စီ​ရင်​ပေး မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။- 4ငါ​သာ​လျှင်​တ​ရား​သူ​ကြီး​ဖြစ်​ခဲ့​ပါ​မူ​ငြင်း ခုံ​မှု၊ တ​ရား​မှု​ရှိ​သူ​သည်​ငါ့​ထံ​သို့​လာ​၍ ငါ​သည်​တ​ရား​သ​ဖြင့်​စီ​ရင်​မည်” ဟု​ပြော ဆို​လေ့​ရှိ​၏။- 5အ​ကယ်​၍​ထို​သူ​သည်​အ​ဗ​ရှ​လုံ​၏​အ​နီး​သို့ ချဉ်း​ကပ်​၍​ဦး​ညွှတ်​အ​ရို​အ​သေ​ပြု​ခဲ့​သော် အ​ဗ​ရှ​လုံ​သည်​လက်​ကို​ဆန့်​၍​ထို​သူ​အား ကိုင်​ပြီး​လျှင်​နမ်း​ရှုပ်​တတ်​၏။- 6အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​၏​အဆုံး​အ​ဖြတ် ကို​ခံ​ရန်​လာ​ရောက်​သူ ဣ​သ​ရေ​လ​အ​မျိုး သား​မှန်​သ​မျှ​ကို ဤ​နည်း​အ​တိုင်း​ပြု​သ​ဖြင့် ထို​သူ​တို့​၏​ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ လေ​သည်။

7လေး​နှစ်​မျှ​ကြာ​သော​အ​ခါ​အ​ဗ​ရှ​လုံ သည်​ဒါ​ဝိဒ်​မင်း​အား“အ​ရှင်၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​ခဲ့​သည့်​သစ္စာ​ဝတ် ကို​ဖြေ​ရန်​ဟေ​ဗြုန်​မြို့​သို့​သွား​ခွင့်​ပြု​တော် မူ​ပါ။- 8ရှု​ရိ​ပြည်​ဂေ​ရှု​ရ​မြို့​တွင်​နေ​ထိုင်​စဉ်​အ​ခါ​က အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​အား ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည်​ပို့​ဆောင်​ပေး တော်​မူ​ပါ​လျှင် ကိုယ်​တော်​အား​ဟေ​ဗြုန်​မြို့ တွင်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​မည်​ဟု​အ​ကျွန်ုပ် က​တိ​ထား​ခဲ့​ပါ​၏” ဟု​လျှောက်​၏။- 9မင်း​ကြီး​က“ငြိမ်း​ချမ်း​စွာ​သွား​လော့” ဟု ဆို​သ​ဖြင့်​အ​ဗ​ရှ​လုံ​သည်​ဟေ​ဗြုန်​မြို့ သို့​သွား​လေ​၏။- 10သို့​ရာ​တွင်​သူ​သည်​ဣသ​ရေ​လ​အ​နွယ်​ရှိ သ​မျှ​တို့​ထံ​သို့​စေ​တ​မန်​များ​လွှတ်​ပြီး လျှင်“သင်​တို့​သည်​တံ​ပိုး​ခ​ရာ​များ​မှုတ် သံ​ကို​ကြား​သော​အ​ခါ“အ​ဗ​ရှ​လုံ​သည် ဟေ​ဗြုန်​မြို့​တွင်​နန်း​တက်​တော်​မူ​ပြီ’ ဟု ကြွေး​ကြော်​ကြ​လော့” ဟု​မှာ​ကြား​ထား လေ​သည်။- 11အ​ဗ​ရှ​လုံ​၏​ခေါ်​ဖိတ်​ချက်​အ​ရ​သူ​နှင့် အ​တူ ယေ​ရု​ရှ​လင်​မြို့​မှ​လိုက်​လာ​သူ အ​ပေါင်း​မှာ​နှစ်​ရာ​ရှိ​၏။ သူ​တို့​သည်​အ​ဗ ရှ​လုံ​၏​လျှို့​ဝှက်​ကြံ​စည်​ချက်​ကို​လုံး​ဝ မ​သိ​ကြ။ စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​လိုက် ပါ​လာ​သူ​များ​ဖြစ်​သ​တည်း။- 12ယဇ်​များ​ကို​ပူ​ဇော်​နေ​ချိန်​၌​အ​ဗ​ရှ​လုံ​သည် ဂိ​လော​မြို့​သို့​လူ​လွှတ်​၍ ဒါ​ဝိဒ်​၏​အ​တိုင်​ပင်​ခံ အ​မတ်​တစ်​ဦး​ဖြစ်​သူ​ဂိ​လော​မြို့​သား​အဟိ​သော ဖေ​လ​ကို​အ​ခေါ်​ခိုင်း​၏။ အ​ဗ​ရှ​လုံ​၏​နောက်​လိုက် များ​သည်​အ​ရေ​အ​တွက်​တိုး​ပွား​များ​ပြား​လာ သည်​နှင့်​အ​မျှ မင်း​ကြီး​အား​ပုန်​ကန်​ရန်​လျှို့​ဝှက် ကြံ​စည်​မှု​သည်​အင်​အား​ကြီး​ထွား​လာ​လေ​သည်။

13အ​ဗ​ရှ​လုံ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ဒါ​ဝိဒ်​အား​လူ​တစ်​ယောက်​သည်​လာ​ရောက် သ​တင်း​ပေး​ပို့​၏။

14ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ရှိ​သည့်​မှူး​မတ်​အ​ပေါင်း​တို့​အား“အ​ဗ​ရှ​လုံ ၏​လက်​မှ​လွတ်​မြောက်​လို​လျှင်​ငါ​တို့​သည် ချက်​ချင်း​ထွက်​ခွာ​သွား​ရ​ကြ​မည်။ ငါ​တို့ သည်​အ​လျင်​အ​မြန်​မ​ထွက်​ခွာ​လျှင်​သူ​သည် မ​ကြာ​မီ ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​လျက် ငါ​တို့​ကို​နှိမ်​နင်း​ကာ​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​ကို​သတ်​ဖြတ်​ပစ်​လိမ့်​မည်” ဟု​ဆို​၏။

1ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​၏​လူ​တို့​ကို​စု​ရုံး​စေ ပြီး​လျှင် တစ်​ထောင်​တပ်၊ တစ်​ရာ​တပ်​များ​ကို ဖွဲ့​၍​ယင်း​တို့​ကို​အုပ်​ချုပ်​ရန်​တပ်​မှူး​များ ခန့်​ထား​တော်​မူ​၏။- 2ထို​နောက်​သူ​သည်​ထို​တပ်​တို့​ကို​သုံး​စု​ခွဲ ၍​စေ​လွှတ်​တော်​မူ​၏။ တစ်​စု​ကို​ယွာ​ဘ​အား လည်း​ကောင်း၊ တစ်​စု​ကို​ယွာ​ဘ​၏​ညီ​အ​ဘိ​ရှဲ အား​လည်း​ကောင်း၊ အ​ခြား​တစ်​စု​ကို​ဂါ​သ မြို့​သား​အိတ္တဲ​အား​လည်း​ကောင်း​ဦး​စီး​စေ တော်​မူ​၏။ ထို​နောက်​မင်း​ကြီး​သည်​မိ​မိ​၏ လူ​တို့​အား“ငါ​ကိုယ်​တိုင်​သင်​တို့​နှင့်​အ​တူ ချီ​တက်​မည်” ဟု​မိန့်​တော်​မူ​၏။

3လူ​တို့​က“အ​ရှင်၊ အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ကြွ​တော်​မ​မူ​ပါ​နှင့်။ အ​ကယ်​၍​အ​ကျွန်ုပ် တို့​အား​လုံး​ပင်​တပ်​လန့်​ထွက်​ပြေး​ကြ သော်​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​အ​နက် ထက်​ဝက်​မျှ​ပင်​ကျ​ဆုံး​သွား​သော်​လည်း ကောင်း၊ ရန်​သူ​အ​တွက်​အ​ဘယ်​သို့​မျှ ထူး​ခြား​မှု​ရှိ​မည်​မ​ဟုတ်​ပါ။ အ​ရှင် သည်​ကား​အ​ကျွန်ုပ်​တို့​လူ​တစ်​သောင်း လောက်​တန်​ဖိုး​ရှိ​ပါ​၏။ အ​ရှင်​သည်​မြို့ ထဲ​တွင်​နေ​ရစ်​၍​အ​ကျွန်ုပ်​တို့​အား​စစ် ကူ​ပို့​ပေး​ပါ​က​ပို​၍​ကောင်း​ပါ​လိမ့် မည်” ဟု​လျှောက်​ထား​ကြ​၏။

4မင်း​ကြီး​က​လည်း“အ​ကောင်း​ဆုံး​ဟု​သင်​တို့ ထင်​သည့်​အ​တိုင်း​ငါ​ပြု​မည်” ဟု​မိန့်​တော်​မူ ၏။ ထို​နောက်​သူ​သည်​တစ်​ထောင်​တပ်၊ တစ်​ရာ တပ်​တို့​ချီ​တက်​ထွက်​ခွာ​သွား​ကြ​စဉ်​မြို့ တံ​ခါး​အ​နီး​တွင်​ရပ်​၍​နေ​တော်​မူ​၏။- 5“ငါ့​မျက်​နှာ​ကို​ထောက်​၍​သူ​ငယ်​အ​ဗ ရှ​လုံ​အား​ဘေး​အန္တ​ရာယ်​မ​ပြု​ကြ​ပါ နှင့်” ဟု​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အိတ္တဲ​တို့​အား မှာ​ကြား​တော်​မူ​လိုက်​၏။ ဤ​သို့​တပ်​မှူး ကြီး​တို့​အား​မှာ​ကြား​သည်​ကို​တပ်​သား အ​ပေါင်း​တို့​ကြား​ကြ​၏။

6ဒါ​ဝိဒ်​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား စစ်​ဆင်​ရန်​မြို့​ပြင်​သို့​ထွက်​ခွာ ပြီး​လျှင်​ဧ​ဖ​ရိမ်​တော​၌​တိုက်​ပွဲ​ဝင်​ကြ​၏။- 7ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဒါ​ဝိဒ်​၏ လူ​တို့​လက်​တွင် အ​ကြီး​အ​ကျယ်​အ​ရေး ရှုံး​နိမ့်​ကြ​လေ​သည်။ ထို​နေ့​တွင်​သူ​တို့​ဘက် မှ​လူ​ပေါင်း​နှစ်​သောင်း​မျှ​ကျ​ဆုံး​သွား သ​တည်း။- 8တိုက်​ခိုက်​မှု​သည်​တော​တောင်​များ​သို့​ပျံ့​နှံ့ ၍​သွား​သ​ဖြင့် တော​တွင်​သေ​ဆုံး​သည့်​လူ​ဦး ရေ​မှာ​တိုက်​ပွဲ​တွင်​ကျ​ဆုံး​သည့်​ဦး​ရေ​ထက် ပင်​များ​လေ​သည်။

9အ​ဗ​ရှ​လုံ​သည်​ရုတ်​တ​ရက်​ဒါ​ဝိဒ်​၏​လူ အ​ချို့​နှင့်​တွေ့​၏။ သူ​သည်​လား​ကို​စီး​၍ ဝက်​သစ်​ချ​ပင်​ကြီး​တစ်​ပင်​အောက်​သို့​ဝင် လိုက်​ရာ​သူ​၏​လည်​သည်​သစ်​ကိုင်း​များ ကြား​တွင်​ညပ်​၍​နေ​လေ​၏။ လား​သည်​ဆက် လက်​၍​ပြေး​သွား​သ​ဖြင့်​အ​ဗ​ရှ​လုံ​မှာ လေ​ထဲ​တွင်​တွဲ​လွဲ​ကျန်​ရစ်​လေ​တော့​သည်။-

14ယွာ​ဘ​က“ငါ​သည်​သင်​နှင့်​ထပ်​မံ​၍​အ​ချိန် မ​ဖြုန်း​လို​တော့​ပြီ” ဟု​ဆို​ပြီး​လျှင်​လှံ​သုံး စင်း​ကို​ယူ​၍​ဝက်​သစ်​ချ​ပင်​မှ​တွဲ​လွဲ​ကျ လျက် အ​သက်​ရှင်​နေ​သော​အ​ဗ​ရှ​လုံ​၏ ရင်​ကို​ထုတ်​ချင်း​ပေါက်​ထိုး​လေ​သည်။-

33မင်း​ကြီး​သည်​လွန်​စွာ​ဝမ်း​နည်း​ကြေ​ကွဲ​လျက် မြို့​တံ​ခါး​အ​မိုး​ထက်​၌​ရှိ​သော​အ​ခန်း​သို့ တက်​သွား​၍​ငို​ကြွေး​တော်​မူ​၏။ ယင်း​သို့ တက်​သွား​စဉ်“အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား၊ သင့်​ကိုယ်​စား​ငါ​သေ ချင်​ပါ​ဘိ။ ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား” ဟု ငို​ကြွေး​မြည်​တမ်း​လေ​၏။
 

၁) သူ့အဖေဖြစ်တဲ့ ဘုရင် ဒါဝိဒ်ကို အဗရှလုံက ဘယ်လိုမလေးစားခဲ့လဲ။
 

၂) သူ့အဖေဆီမှာ အဗရှလုံက ဘယ်လိုပြုမူသင့်လဲ။
 

၃) သင်အနေနဲ့ သင်ရဲ့ မိဘတွေကို ဘယ်လိုမလေးစားလဲ။
 

၄) သခင်ယေရှုက သူ့မိဘတွေကို ရိုသေလေးစားတဲ့ပုံစံက သင့်အတွက် ဘယ်လိုအကူအညီဖြစ်စေလဲ။
 

၅) သင်ရဲ့ဘဝမှာ ဘယ်လို ပုဂ္ဂိုလ်မျိုးတွေကို ရိုသေလေးစားသင့်လဲ။
 

၆) အဲ့လူတွေကို ရိုသေလေးစားဖို့ သင့်အတွက် ခက်ခဲနေတယ်ဆိုရင် သင် ဘာလုပ်နိုင်မလဲ။
 

© Lutheran Agency for Missions to Burmese (LAMB). (2025). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work. 

ဒီအရင်းအမြစ်ကိုရရှိဖို့ရန် ဒီမှာနှိပ်ပါ။

Burmese 4th Commandment

တတိယပညတ်တော်

ပဉ္စမပညတ်တော်