ပဉ္စမပညတ်တော်

commands51

လူအသက်ကို မသတ်နှင့်

ကမ္ဘာ​ဦး ၄း၁-၁၅

1ထို​နောက်​အာ​ဒံ​သည်​မ​ယား​နှင့်​ဆက်​ဆံ​သ​ဖြင့် ဧ​ဝ​သည်​ပ​ဋိ​သန္ဓေ​စွဲ​၍​သား​ယောကျာ်း​ကို​ဖွား မြင်​လေ​၏။ “ထာ​ဝ​ရ​ဘု​ရား​မ​စ​တော်​မူ​ခြင်း အား​ဖြင့်​သား​ကို​ရ​ပြီ” ဟု​ဧ​ဝ​ပြော​ဆို​လျက် ထို​သား​ကို​ကာ​ဣ​န​ဟု​နာ​မည်​မှည့်​လေ​၏။- 2ထို​နောက်​သူ​၏​ညီ​အာ​ဗေ​လ​ကို​ဖွား​မြင်​၏။ အာ​ဗေ​လ​သည်​သိုး​ထိန်း​ဖြစ်​၍ ကာ​ဣန​ကား လယ်​သ​မား​ဖြစ်​၏။- 3အ​ချိန်​အ​တန်​ကြာ​သော​အ​ခါ​ကာ​ဣ​န သည် အ​သီး​အ​နှံ​များ​ကို​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​၏။- 4အာ​ဗေ​လ​သည်​လည်း​မိ​မိ​သိုး​အုပ်​မှ အ​ဦး ဆုံး​ပေါက်​သော​သိုး​ကို​ယူ​ဆောင်​ခဲ့​၍​သတ် ပြီး​လျှင် အ​ကောင်း​ဆုံး​သော​အ​ပိုင်း​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အာ​ဗေ​လ​နှင့်​သူ​၏​ပူ​ဇော်​သ​ကာ​ကို နှစ်​သက်​တော်​မူ​၏။- 5သို့​ရာ​တွင်​ကာ​ဣန​နှင့်​သူ​၏​ပူ​ဇော်​သ​ကာ​ကို မူ​ကား နှစ်​သက်​တော်​မ​မူ။ ထို့​ကြောင့်​ကာ​ဣန သည်​အ​လွန်​ဒေါ​သ​ထွက်​၍​မျက်​မှောင်​ကြုတ် လေ​၏။- 6ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က“သင်​သည်​အ​ဘယ် ကြောင့်​ဒေါ​သ​ထွက်​၍​မျက်​မှောင်​ကြုတ်​ရ​သ နည်း။- 7သင်​သည်​မှန်​ကန်​စွာ​ပြု​ခဲ့​လျှင်​မျက်​နှာ​ပြုံး​ရွှင် နိုင်​ရ​မည်။ သို့​ရာ​တွင်​သင်​သည်​မ​ကောင်း​မှု​ကို​ပြု​ခဲ့​သ​ဖြင့် အ​ပြစ်​တ​ရား​သည်​သား​ရဲ​တိ​ရစ္ဆာန်​ကဲ့​သို့ သင့် တံ​ခါး​အ​နီး​တွင်​ချောင်း​မြောင်း​လျက်​ရှိ​၏။ အ​ပြစ်​က​သင့်​ကို​အုပ်​စိုး​လို​သော်​လည်း သင် က​အ​ပြစ်​ကို​နိုင်​ရ​မည်” ဟု​ကာ​ဣန​အား​မိန့် တော်​မူ​၏။

8ကာ​ဣ​န​သည်​ညီ​အာ​ဗေ​လ​အား“လမ်း​လျှောက် ထွက်​ကြ​မည်” ဟု​ခေါ်​၍​လယ်​ထဲ​သို့​ရောက်​ရှိ ကြ​လျှင် ညီ​အာ​ဗေ​လ​ကို​ရန်​ဘက်​ပြု​ကာ သတ်​လေ​၏။

9ထာ​ဝ​ရ​ဘု​ရား​က“သင့်​ညီ​အာ​ဗေ​လ​အ​ဘယ် မှာ​ရှိ​သ​နည်း” ဟု​ကာ​ဣ​န​အား​မေး​တော် မူ​၏။

ကာ​ဣ​န​က“အ​ကျွန်ုပ်​မ​သိ​ပါ။ အ​ကျွန်ုပ်​သည် ညီ​ကို​ထိန်း​ရ​သော​သူ​ဖြစ်​ပါ​သ​လော” ဟု ပြန်​၍​လျှောက်​၏။

10ထာ​ဝ​ရ​ဘု​ရား​က“သင်​သည်​အ​ဘယ်​ကြောင့် ဤ​ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​ရ​သ​နည်း။ သင့် ညီ​အ​သွေး​၏​အ​သံ​သည်​မြေ​ထဲ​မှ ငါ့​ထံ​သို့ အော်​ဟစ်​လျက်​ရှိ​သည်​တ​ကား။- 11သင်​သည်​ကျိန်​စာ​သင့်​၍​မြေ​ကို​ထွန်​ယက်​စိုက် ပျိုး​မှု​မ​ပြု​နိုင်​တော့​ပြီ။ သင့်​လက်​ချက်​ကြောင့် ထွက်​သော​သင့်​ညီ​၏​သွေး​ကို မြေ​သည်​ခံ​တွင်း ဖြင့်​ခံ​ယူ​သ​ကဲ့​သို့​စုတ်​ယူ​ခဲ့​လေ​ပြီ။- 12သင်​သည်​မြေ​ကို​ထွန်​ယက်​စိုက်​ပျိုး​သော်​လည်း အ​သီး​အ​နှံ​ထွက်​မည်​မ​ဟုတ်။ သင်​သည်​အိုး အိမ်​မဲ့​လျက်​မြေ​ကြီး​ပေါ်​တွင်​လှည့်​လည် နေ​ရ​မည်” ဟု​မိန့်​တော်​မူ​၏။

13ထို​အ​ခါ​ကာ​ဣ​န​က“ကိုယ်​တော်​ပေး​သော အ​ပြစ်​ဒဏ်​သည် ပြင်း​ထန်​လွန်း​လှ​ပါ​၏။- 14ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​ဤ​မြေ​မှ​နှင်​ထုတ် တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​မျက်​မှောက်​တော်​မှ လည်း​နှင်​ထုတ်​တော်​မူ​ပါ​ပြီ။ အိုး​အိမ်​မဲ့​လျက် မြေ​ကြီး​ပေါ်​တွင် လှည့်​လည်​နေ​ရ​ပါ​မည်။ တွေ့ သ​မျှ​သော​သူ​တို့​သည် အ​ကျွန်ုပ်​အား​သတ် ကြ​ပါ​လိမ့်​မည်” ဟု​ပြန်​၍​လျှောက်​၏။

15ထာ​ဝ​ရ​ဘု​ရား​က“သင်​၌​ထို​သို့​မ​ဖြစ်​စေ​ရ။ သင့်​အား​သတ်​သော​သူ​မည်​သည်​ကား ခု​နစ်​ဆ သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်” ဟု​မိန့်​တော်​မူ ၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ကာ​ဣ​န ကို​တွေ့​ရှိ​သူ​သည်​သူ့​ကို​မ​သတ်​ရန် သ​တိ ပေး​သည့်​အ​မှတ်​လက္ခ​ဏာ​ဖြင့်​သူ့​အ​ပေါ် တွင်​မှတ်​သား​ပေး​တော်​မူ​၏။

၁. ကာဣနက ပဉ္စမပညတ်တော်ကို ဘယ်လိုချိုးဖောက်ခဲ့လဲ။
 

၂. ကာဣနက သူ့ညီကို စောင့်ရှောက်ဖို့ တာဝန်ရှိခဲ့လား။
 

၃. သင်က ဘယ်သူတွေအတွက် တာဝန်ရှိလဲ။
 

၄. ဘုရားသခင်က ကာဣနအပေါ် သနားခြင်းကရုဏာတော်ကို ဘယ်လိုပြသခဲ့လဲ။
 

၅. ဘုရားသခင်က သင့်အပေါ် သနားခြင်းကရုဏာတော်ကို ဘယ်လိုပြလဲ။
 
 ပဉ္စမပညတ်တော်
 

လူအသက်ကို မသတ်နှင့်

ဒါက ဘာကိုဆိုလိုတာလဲ။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ချစ်တယ်ဆိုတော့ သူတပါးရဲ့ ကိုယ်ခန္ဓာကို နာကျင်အောင် မလုပ်ဘဲ ထိုသူနဲ့ မိတ်သဟာရဖွဲ့ပြီး ဘာပဲလိုလို ကူညီပေးရမယ်။

လုကာ ၁၀း၂၅-၃၇

25ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည်​အ​ထံ​တော် သို့​လာ​၍ “ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ အ​သက်​ကို​ရ​အံ့​သော​ငှာ​အ​ဘယ်​သို့​ပြု​ရ ပါ​မည်​နည်း” ဟု​ကိုယ်​တော်​အား​ပ​ညာ​စမ်း လို​သ​ဖြင့်​မေး​လျှောက်​၏။

26ကိုယ်​တော်​က “ပညတ္တိ​ကျမ်း​တွင်​အ​ဘယ်​သို့ ဖော်​ပြ​ထား​သ​နည်း။ သင်​အ​ဘယ်​သို့​ဖတ်​ဖူး သ​နည်း” ဟု​မေး​တော်​မူ​လျှင်၊

27ထို​သူ​က “သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း ရှိ​သ​မျှ​နှင့်​ချစ်​လော့။ သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ် နှင့်​အ​မျှ​ချစ်​လော့​ဟု​ပါ​ရှိ​ပါ​သည်” ဟူ​၍ လျှောက်​၏။

28ကိုယ်​တော်​က “သင်​၏​အ​ဖြေ​သည်​မှန်​ပေ​၏။ ဤ အ​တိုင်း​ပြု​လျှင်​သင်​သည်​ထာ​ဝ​ရ​အ​သက်​ကို ရ​လိမ့်​မည်” ဟု​မိန့်​တော်​မူ​၏။

29ထို​သူ​သည်​မိ​မိ​၏​ပညာ​ကို​ဖော်​ပြ​လို သ​ဖြင့် “အ​ဘယ်​သူ​သည်​အ​ကျွန်ုပ်​၏​အိမ် နီး​ချင်း​ဖြစ်​ပါ​သ​နည်း” ဟု​မေး​မြန်း​၏။

30ထို​အ​ခါ​သ​ခင်​ယေ​ရှု​က “လူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​ယေ​ရိ​ခေါ​မြို့​ကို​သွား​ရာ လမ်း​တွင်​ဋ္ဌား​ပြ​များ​နှင့်​တွေ့​၏။ ဋ္ဌား​ပြ​တို့​သည် ထို​သူ​၏​အဝတ်​များ​ကို​ချွတ်​ယူ​ကြ​၏။ ထို​နောက် သူ့​ကို​ရိုက်​နှက်​၍​သေ​လု​နီး​ပါး​ရှိ​သော​အ​ခါ ပစ်​ထား​ခဲ့​ကြ​၏။- 31ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည်​ထို​လမ်း​အ​တိုင်း ခ​ရီး​ပြု​လာ​စဉ်​ထို​သူ​ကို​မြင်​၏။ သို့​ရာ​တွင် သူ​သည်​ရှောင်​ကွင်း​၍​သွား​၏။- 32ထို​နည်း​တူ​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ယောက်​သည်​ထို နေ​ရာ​သို့​ရောက်​လာ​၏။ သူ​သည်​လည်း​လူ​နာ​ကို လာ​ကြည့်​ပြီး​လျှင်​ရှောင်​ကွင်း​၍​သွား​လေ​၏။- 33သို့​ရာ​တွင်​ရှ​မာ​ရိ​အ​မျိုး​သား​တစ်​ယောက်​သည် ခ​ရီး​ပြု​လာ​စဉ်​သူ​နာ​ရှိ​ရာ​သို့​ရောက်​လာ​သော် သူ​နာ​ကို​မြင်​၍​သ​နား​ကြင်​နာ​စိတ်​ရှိ​သ​ဖြင့်၊- 34သူ​နာ​၏​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင် သူ​နာ​၏​ဒဏ် ရာ​များ​ကို​ဆီ​နှင့်​စ​ပျစ်​ရည်​လိမ်း​ကျံ​၍​အ​ဝတ် ဖြင့်​စည်း​ပေး​၏။ ထို​နောက်​မိ​မိ​မြည်း​ပေါ်​မှာ သူ​နာ​ကို​တင်​လျက်​တည်း​ခို​ရိပ်​သာ​သို့​ဆောင် သွား​၍​ပြု​စု​လေ​၏။- 35နောက်​တစ်​နေ့​၌​တည်း​ခို​ရိပ်​သာ​မှ​ထွက်​ခွာ​ချိန် တွင်​သူ​သည်​ဒေ​နာ​ရိ​ဒင်္ဂါး​နှစ်​ပြား​ကို​ထုတ်​၍ တည်း​ခို​ရိပ်​သာ​ပိုင်​ရှင်​အား​ပေး​ပြီး​လျှင် `ဤ သူ​နာ​ကို​ကြည့်​ရှု​ပြု​စု​ပါ။ နောက်​ထပ်​ကုန်​ကျ သ​မျှ​ကို​အ​ကျွန်ုပ်​ပြန်​လာ​သော​အ​ခါ​ပေး ပါ​မည်’ ဟု​ပြော​၏။

36ထို​သူ​သုံး​ယောက်​တို့​အ​နက်​အ​ဘယ်​သူ​သည် ဋ္ဌား​ပြ​ဘေး​နှင့်​တွေ့​ရ​သူ​၏​အိမ်​နီး​ချင်း​ဖြစ် မည်​ဟု​သင်​ထင်​သ​နည်း” ဟု​မေး​တော်​မူ​၏။

37ကျမ်း​တတ်​ဆ​ရာ​က “သူ​နာ​အား​သ​နား​ကြင်​နာ စွာ​ပြု​စု​သူ​ဖြစ်​ပါ​သည်” ဟု​လျှောက်​လျှင်၊

သ​ခင်​ယေ​ရှု​က “သင်​သည်​သွား​၍​ထို​နည်း​တူ ပြု​လော့” ဟု​မိန့်​တော်​မူ​၏။
 
 ၁. သူခိုးတွေက ပဉ္စမပညတ်တော်ကို ဘယ်လိုချိုးဖောက်ခဲ့လဲ။
 

၂. ယဇ်ပုရောဟိတ်နဲ့ လေဝိသားတစ်ယောက်က ပဉ္စမပညတ်တော်ကို ဘယ်လိုချိုးဖောက်ခဲ့လဲ။
 

၃. ရှမာရိမြို့သားက ပဉ္စမပညတ်တော်ကို ဘယ်လိုစောင့်ထိန်းခဲ့လဲ။
 

၄. သင်နဲ့ စပ်ဆိုင်တဲ့သူက ဘယ်သူလဲ။
 

၅. သင်အနေနဲ့ ပဉ္စမပညတ်တော်ကို ဘယ်လိုစောင့်ထိန်းနိုင်မလဲ။
 

© Lutheran Agency for Missions to Burmese (LAMB). (2025). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work. 

ဒီအရင်းအမြစ်ကိုရရှိဖို့ရန် ဒီမှာနှိပ်ပါ။

Burmese 5th Commandment

စတုတ္ထပညတ်တော်