ဒသမပညတ်တော်




ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ကျွန် ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။
၂ ရာ ၁၁း၁-၅, ၁၄-၁၇, ၂၆-၂၇, ၁၂း၁-၅, ၇-၉, ၁၃
1ထိုနှစ်နွေဦးပေါက်၍ ဘုရင်တို့စစ်တိုက် ထွက်လေ့ရှိသည့်အချိန်ရောက်သောအခါ ဒါဝိဒ်သည်ယွာဘအားသူ၏တပ်မှူးများ နှင့်ဣသရေလတပ်မတော်ကိုစေလွှတ်ရာ သူတို့သည်အမ္မုန်ပြည်သားတို့ကိုနှိမ်နင်း၍ ရဗ္ဗာမြို့ကိုဝိုင်းထားကြ၏။ ဒါဝိဒ်မူကား ယေရုရှလင်မြို့တွင်နေရစ်သတည်း။
2တစ်နေ့သ၌ညနေခင်းအချိန်တွင်ဒါဝိဒ် သည်အိပ်စက်နားနေရာမှနိုးထ၍ နန်းတော် အမိုးပေါ်သို့တက်ပြီးလျှင်စင်္ကြံလျှောက်နေ စဉ် ရှုချင်ဖွယ်အဆင်းလှသောအမျိုးသမီး တစ်ယောက်ရေချိုးနေသည်ကိုမြင်တော်မူ၏။- 3သို့ဖြစ်၍ဒါဝိဒ်သည်လူလွှတ်၍မည်သူဖြစ် ကြောင်းစုံစမ်းစေရာဧလျံ၏သမီး၊ ဟိတ္တိ အမျိုးသားဥရိယ၏ဇနီးဗာသရှေဘ ဖြစ်ကြောင်းကိုသိရှိတော်မူရ၏။- 4မင်းကြီးသည်လူလွှတ်၍ထိုအမျိုးသမီး အားခေါ်စေပြီးလျှင်သူနှင့်ချစ်တင်းနှီးနှော တော်မူ၏။ (ဗာသရှေဘသည်မိန်းမတို့ဋ္ဌမ္မ တာရာသီပန်းပွင့်မှုကိုသန့်စင်ပြီးစအချိန် ဖြစ်သတည်း) ထိုနောက်ဗာသရှေဘသည် အိမ်သို့ပြန်၏။- 5မိမိ၌ပဋိသန္ဓေရှိနေကြောင်းသိရသော အခါ ဒါဝိဒ်ထံသို့သတင်းပေးပို့လျှောက် ထားလေသည်။
14နောက်တစ်နေ့၌ဒါဝိဒ်သည်ယွာဘထံသို့ စာတစ်စောင်ရေး၍ဥရိယနှင့်ပေးလိုက်၏။- 15စာတွင်“တိုက်ပွဲအပြင်းထန်ဆုံးရှေ့တန်းစစ် မျက်နှာသို့ဥရိယအားစေလွှတ်လော့။ ထို နောက်သူအသတ်ခံရစေရန်သင်သည်နောက် သို့ဆုတ်ခွာလာခဲ့လော့” ဟုပါရှိ၏။- 16ထို့ကြောင့်ယွာဘသည်မြို့ကိုမိမိဝိုင်းရံ လျက်နေစဉ် ဥရိယအားရန်သူအင်အား ကြီးမားသည့်စစ်မျက်နှာသို့စေလွှတ်၏။- 17ရန်သူတပ်သားတို့သည်မြို့ထဲမှထွက်လာ ပြီးနောက် ယွာဘ၏တပ်သားများနှင့်တိုက် ခိုက်ကြရာ ဒါဝိဒ်၏တပ်မှူးအချို့ကျဆုံး သွားကြလေသည်။ ယင်းသို့ကျဆုံးသူတို့ အထဲတွင်ဥရိယလည်းပါ၏။ 26ဗာသရှေဘသည်မိမိ၏ခင်ပွန်းကျဆုံး ကြောင်းကိုကြားသိသောအခါ ငိုကြွေး မြည်တမ်းခြင်းကိုပြု၏။- 27ငိုကြွေးမြည်တမ်းချိန်ကုန်လွန်သောအခါဒါဝိဒ် သည် သူ့အားနန်းတော်သို့ခေါ်စေ၍မိဖုရားမြှောက် ရာသားတော်ကိုဖွားမြင်လေသည်။ သို့ရာတွင် ထာဝရဘုရားသည်ဒါဝိဒ်ပြုခဲ့သည့်အမှု ကိုနှစ်သက်တော်မမူ။ 1ထာဝရဘုရားသည်ပရောဖက်နာသန်အား ဒါဝိဒ်ထံသို့စေလွှတ်တော်မူသဖြင့် နာသန်သည် သွား၍မင်းကြီးအား“အခါတစ်ပါးကတစ်မြို့ တည်းနေလူနှစ်ယောက်ရှိ၏။ တစ်ယောက်သည်ချမ်း သာကြွယ်ဝ၍တစ်ယောက်ကဆင်းရဲ၏။- 2သူဌေးတွင်နွားနှင့်သိုးအမြောက်အမြားရှိ၏။- 3သူဆင်းရဲ၌ကားမိမိဝယ်ထားသောသိုးကလေး တစ်ကောင်သာရှိ၏။ သူသည်ထိုသိုးငယ်ကိုကြည့်ရှု စောင့်ရှောက်၏။ သိုးငယ်သည်သမီးသဖွယ်အိမ်တွင် သားသမီးများနှင့်အတူကြီးပြင်းလာသည်။ သူသည်သိုးငယ်အားမိမိစားသည့်အစား အစာကိုကျွေးတတ်၏။ မိမိ၏သောက်ရေခွက် မှရေကိုတိုက်၍ပေါင်ပေါ်တွင်ချီပွေ့ထား တတ်၏။- 4တစ်နေ့သ၌သူဌေး၏အိမ်သို့ဧည့်သည်တစ် ယောက်ရောက်ရှိလာ၏။ သူဌေးသည်ဧည့်ဝတ် ပြုရန်အတွက်မိမိ၏သိုးနွားကိုမသတ် လိုသဖြင့် သူဆင်းရဲ၏သိုးငယ်ကိုယူ၍ သတ်ပြီးလျှင်ဧည့်သည်အားကျွေးမွေးရန် ချက်ပါ၏” ဟုလျှောက်၏။
5ထိုအခါဒါဝိဒ်သည်ထိုသူဌေးအားလွန်စွာ အမျက်ထွက်သဖြင့်“ဤသို့သောအမှုကိုပြုသူ သည်သေဒဏ်ခံသင့်ကြောင်းအသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါကျိန် ဆိုပါ၏။-
7နာသန်က“ထိုသူကားအရှင်မင်းကြီးပင်ဖြစ် ပါ၏။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက`ငါသည်သင့်ကို ဣသရေလဘုရင်အဖြစ်ခန့်ထား၍ရှောလု လက်မှကယ်ဆယ်ခဲ့၏။- 8သင့်အားရှောလု၏နိုင်ငံနှင့်မိဖုရားတို့ ကိုပေးအပ်ခဲ့၏။ ဣသရေလပြည်နှင့်ယုဒပြည်တို့ကိုအစိုးရသောဘုရင်ဖြစ်စေခဲ့၏။ အကယ်၍ဤမျှနှင့်မလုံလောက်သေးပါ မူငါသည်သင့်အားနှစ်ဆတိုး၍ပေးဦး မည်ဖြစ်သည်။- 9သင်သည်အဘယ်ကြောင့်ငါ၏အမိန့်တော် ကိုမနာခံသနည်း။ အဘယ်ကြောင့်ဤဆိုး ညစ်မှုကိုပြုဘိသနည်း။ သင်သည်ဥရိယ အားစစ်ပွဲတွင်ကျဆုံးစေခဲ့၏။ အမ္မုန်ပြည် သားတို့အားသူ့ကိုသတ်ခွင့်ပေးပြီးလျှင် သူ ၏ဇနီးကိုသိမ်းပိုက်ခဲ့ပါသည်တကား။-13ဒါဝိဒ်က“အကျွန်ုပ်သည်ထာဝရဘုရားကို ပြစ်မှားမိပါပြီ” ဟုဝန်ချလျှင်နာသန် က“ထာဝရဘုရားသည်သင်၏အပြစ်ကို ဖြေလွှတ်၍သေဒဏ်မှချမ်းသာစေတော် မူပြီ။-
၁) ဒါဝိဒ်မင်းကြီးက ဒသမပညတ်တော်ကို ဘယ်လိုချိုးဖောက်ခဲ့လဲ။
၂) တပ်မက်လိုချင်တဲ့စိတ်ရှိခြင်းကြောင့် ဒါဝိဒ်မင်းကြီးက တခြားပညတ်တော်တွေကိုလည်း ချိုးဖောက်ခဲ့တယ်။ ဘယ်ဟာတွေလဲ။
၃) ဘုရားသခင်က ဒါဝိဒ်မင်းကြီးကို ဘာဖြစ်လို့ ခွင့်လွှတ်ခဲ့တာလဲ။
၄) ဘုရားသခင်က သင့်ကို ဘာဖြစ်လို့ခွင့်လွှတ်တာလဲ။
ဒသမပညတ်တော်


ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ကျွန် ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။
ဒါက ဘာကိုဆိုလိုတာလဲ။
ဘုရားသခင်ကို ကြောက်ရွံ့ပြီး ချစ်တယ်ဆိုတော့ ကိုယ်နဲ့စပ်ဆိုင်တဲ့သူရဲ့ မိန်းမ၊ သူ့ဝန်ထမ်းတွေ (သို့) သူ့နွားတွေ အတင်းအဓမ္မမခွဲရဘူး၊ မြူဆွဲပြီး မခွဲရဘူး။ ဆက်ပေါင်းသင်းပြီး သူတို့တာဝန်ကိုထမ်းဆောင်ဖို့ပဲ သူတို့ကို အားပေးရမယ်။
ကမ္ဘာဦး ၁၆း၁-၁၀
1အာဗြံ၏မယားစာရဲတွင်သားတစ်ယောက်မျှ မထွန်းကားချေ။ စာရဲ၌ဟာဂရအမည်ရှိ သောအီဂျစ်ပြည်သူကျွန်မတစ်ယောက်ရှိ၏။- 2သို့ဖြစ်၍စာရဲကအာဗြံအား“ထာဝရဘုရား သည် ကျွန်မကိုသားသမီးမထွန်းကားစေပါ။ ကျွန်မ၏ကျွန်မကိုသိမ်းပိုက်ပါလော့။ သူ့အား ဖြင့်ကျွန်မသားရကောင်းရလိမ့်မည်” ဟုပြော၏။ အာဗြံသည်စာရဲအကြံပေးချက်ကိုလက်ခံ သဖြင့်၊- 3စာရဲသည်ဟာဂရကိုသူ့လက်သို့အပ်လေ၏။ (အာဗြံသည်ခါနာန်ပြည်တွင်ဆယ်နှစ်နေထိုင် ပြီးနောက် ဟာဂရကိုမယားငယ်အဖြစ် သိမ်းပိုက်ခဲ့လေသည်။-) 4အာဗြံသည်ဟာဂရနှင့်ဆက်ဆံသဖြင့် ဟာဂရ ၌ပဋိသန္ဓေစွဲလေ၏။ ဟာဂရသည်သူ၌ပဋိ သန္ဓေစွဲကြောင်းသိရလျှင် မာန်မာနဝင်လာ၍ စာရဲကိုမထီလေးစားပြုလေ၏။
5ထိုအခါစာရဲကအာဗြံအား“ကိုယ်တော်ကြောင့် ဟာဂရသည် ကျွန်မအားမထီလေးစားပြုပါ ပြီ။ ကျွန်မကသူ့ကိုကိုယ်တော်ထံအပ်၍ သူ၌ ပဋိသန္ဓေစွဲကြောင်းသိသည်နှင့် ကျွန်မအား မထီလေးစားပြုလာပါသည်။ ကိုယ်တော်နှင့် ကျွန်မတို့နှစ်ဦးအတွက် တရားသဖြင့်ဖြစ် စေရန်ထာဝရဘုရားစီရင်တော်မူပါစေ” ဟုဆို၏။
6အာဗြံက“သူသည်သင်၏ကျွန်မဖြစ်၍သင့် လက်ထဲ၌ရှိသည်။ သူ့အားသင်ပြုလိုရာပြု နိုင်သည်” ဟုပြန်ပြော၏။ ထိုအခါစာရဲသည် ဟာဂရအားမနေနိုင်လောက်အောင်ညှင်းဆဲ သဖြင့် ဟာဂရထွက်ပြေးလေသည်။
7ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာလမ်း၊ တောကန္တာရထဲ ရှိစမ်းရေတွင်းအနီးတွင်ဟာဂရကိုတွေ့ လျှင်၊- 8“စာရဲ၏ကျွန်မဟာဂရ၊ သင်ဘယ်အရပ် သို့သွားမည်နည်း” ဟုမေးလေ၏။
ဟာဂရက“ကျွန်မသည်သခင်မထံမှထွက် ပြေးလာပါသည်” ဟုပြန်ဖြေ၏။
9ထာဝရဘုရား၏ကောင်းကင်တမန်က လည်း“သခင်မထံသို့ပြန်၍ကျွန်ခံလော့” ဟု ဆို၏။- 10တစ်ဖန်ထာဝရဘုရား၏ကောင်းကင်တမန် က“သင်၏အမျိုးအနွယ်ကိုမရေမတွက် နိုင်အောင်များပြားစေမည်။
၁) စာရဲက ဒသမပညတ်တော်ကို ဘယ်လိုချိုးဖောက်ခဲ့လဲ။
၂) ကောင်းကင်တမန်က ဒသမပညတ်တော်ကို ဘယ်လိုစောင့်ထိန်းခဲ့လဲ။
၃) ယခုခေတ်မှာ လူတွေက ဒသမပညတ်တော်ကို ဘယ်လိုချိုးဖောက်ကြလဲ။
၄) ကိုယ့်ရဲ့စိတ်ထဲကနေပဲ တပ်မက်လိုချင်တဲ့စိတ်ရှိတာက အဆင်ပြေလား။ အဆင်မပြေဘူးလား။ ရှင်းပြပေးပါ။
© Lutheran Agency for Missions to Burmese (LAMB). (2025). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work.
ဒီအရင်းအမြစ်ကိုရရှိဖို့ရန် ဒီမှာနှိပ်ပါ။