ဆဋ္ဌမပညတ်တော်

commands61

သူ့မယားကို မပြစ်မှားနှင့်

ယောဟန် ၈း၁-၁၁

1ထို​နောက်​သူ​တို့​သည်​မိ​မိ​တို့​အိမ်​သို့​အ​သီး သီး​ပြန်​သွား​ကြ​၏။ သ​ခင်​ယေ​ရှု​မူ​ကား သံ​လွင်​တောင်​သို့​ကြွ​တော်​မူ​၏။- 2နောက်​တစ်​နေ့​နံ​နက်​စော​စော​ဗိ​မာန်​တော်​သို့ တစ်​ဖန်​ကြွ​တော်​မူ​သော​အ​ခါ လူ​အ​ပေါင်း​တို့ သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ ကိုယ်​တော်​သည် ထိုင်​တော်​မူ​လျက်​ထို​သူ​တို့​အား​ဟော​ပြော သွန်​သင်​တော်​မူ​၏။- 3ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​သည် အ​မျိုး​သ​မီး​တစ်​ယောက်​ကို​အ​ထံ​တော်​သို့ ခေါ်​ခဲ့​ကြ​၏။ သူ​သည်​မျောက်​မ​ထား​နေ​စဉ် အ​ဖမ်း​ခံ​ရ​ခြင်း​ဖြစ်​၏။ ကျမ်း​တတ်​ဆ​ရာ များ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည်​အ​မျိုး​သ​မီး​ကို မိ​မိ​တို့​ရှေ့​တွင်​ရပ်​စေ​ပြီး​လျှင်၊- 4သ​ခင်​ယေ​ရှု​အား “အ​ရှင်​ဘု​ရား၊ ဤ​မိန်း​မ မျောက်​မ​ထား​သည်​ကို​အ​ကျွန်ုပ်​တို့​လက်​ပူး လက်​ကြပ်​ဖမ်း​မိ​ပါ​၏။- 5ပ​ညတ်​တ​ရား​တွင်​မော​ရှေ​က ထို​သို့​သော မိန်း​မ​မျိုး​ကို​ကျောက်​ခဲ​နှင့်​ပေါက်​၍​သတ်​ရ မည်​ဟု အ​ကျွန်ုပ်​တို့​အား​ပ​ညတ်​ခဲ့​ပါ​သည်။ ကိုယ်​တော်​သည်​မည်​သို့​ဆို​ပါ​မည်​နည်း” ဟု လျှောက်​ကြ​၏။- 6သူ​တို့​သည်​ကိုယ်​တော်​ကို​ပြစ်​တင်​စွပ်​စွဲ​နိုင်​ရန် ဤ​သို့​အ​ကွက်​ဆင်​၍​လျှောက်​ထား​ကြ​ခြင်း ဖြစ်​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ငုံ့​၍ မြေ​ပေါ်​တွင်​လက်​ညှိုး​တော်​ဖြင့်​ရေး​ခြစ် လျက်​နေ​တော်​မူ​၏။
 7ထို​သူ​တို့​သည်​ထပ်​ကာ​ထပ်​ကာ​မေး​မြန်း လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​သည် မော်​၍​ကြည့်​တော်​မူ​လျက် “သင်​တို့​အ​နက် အ​ပြစ်​ကင်း​သူ​သည် ဦး​စွာ​ပ​ထ​မ​သူ့​ကို ကျောက်​ခဲ​နှင့်​ပေါက်​ပါ​စေ” ဟု​မိန့်​တော်​မူ​၏။- 8ထို​နောက်​ငုံ့​၍​မြေ​ပေါ်​တွင်​ရေး​ခြစ်​လျက် နေ​တော်​မူ​ပြန်​၏။- 9ထို​သူ​တို့​သည်​ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​သည် ကို​ကြား​ကြ​သော​အ​ခါ အ​သက်​ကြီး​သူ​များ က​အ​စ​ပြု​၍​တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက် သွား​ကြ​၏။- 
 10သ​ခင်​ယေ​ရှု​သည်​မော်​၍​ကြည့်​တော်​မူ​ပြန် လျှင် “အ​ချင်း​အ​မျိုး​သ​မီး၊ ထို​သူ​တို့​ကား အ​ဘယ်​မှာ​နည်း။ သင့်​အား​အ​ပြစ်​ဒဏ်​စီ​ရင် မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ​သ​လော” ဟု​မေး တော်​မူ​၏။

11ထို​အ​ခါ​အ​မျိုး​သ​မီး​က “အ​ရှင်၊ တစ်​ယောက် မျှ​မ​ရှိ​တော့​ပါ” ဟု​ပြန်​လည်​၍​လျှောက်​ထား ၏။

သ​ခင်​ယေ​ရှု​က “ငါ​သည်​လည်း​သင့်​အား​အ​ပြစ် ဒဏ်​မ​စီ​ရင်​ပြီ။ သွား​လော့။ နောက်​တစ်​ဖန်​အ​ပြစ် မ​ပြု​နှင့်” ဟု​မိန့်​တော်​မူ​၏။]

၁. အဲဒီအမျိုးသမီးက ဆဋ္ဌမပညတ်တော်ကို ဘယ်လိုချိုးဖောက်ခဲ့လဲ။
 

၂. ဆဋ္ဌမပညတ်တော်ကို ချိုးဖောက်တာက ခွင့်မလွှတ်နိုင်တဲ့အပြစ်လား။ သင်ရဲ့အမြင်ကို ပြောပြပါ။
 

၃. ဘုရားသခင်က ဖောက်ပြန်ခြင်းကို ခွင့်မပြုတာ အကြောင်း အရင်းတစ်ခုက ခရစ်တော်နဲ့ သန့်ရှင်းသောအသင်းတော်ရဲ့ ရင်းနှီးမှုအတွက် လက်ထပ်မင်္ဂလာဆောင်ခြင်းက လက္ခဏာ တခုဖြစ်တယ် (ဧဖက် ၅:၂၂-၃၃)။ လက်ထပ်မင်္ဂလာဆောင်ခြင်းက ခရစ်တော်နဲ့ သန့်ရှင်းသောအသင်းတော်ရဲ့ ဆက်နွယ်မှုကို ဘယ်လိုပြသသလဲဆိုတာကို နည်းလမ်းတချို့ပြောပြပါ။
 

ဆဋ္ဌမပညတ်တော်

သူ့မယားကို မပြစ်မှားနှင့်

ဒါက ဘာကိုဆိုလိုတာလဲ။
 ဘုရားသခင်ကို ကြောက်ရွံ့ပြီး ချစ်တယ်ဆိုတော့ ကျွန်ုပ်တို့ရဲ့ အသက်တာက စကားအားဖြင့်၊ အကျင့်အားဖြင့် သန့်ရှင်းပြီး ရိုးသားရမယ်။ ကိုယ့်ယောကျား၊ ကိုယ့်မိန်းမကို ချစ်ပြီး ရိုသေရမယ်။

ယောဟန် ၂း၁-၁၁

1နောက်​နှစ်​ရက်​ကြာ​သော​အ​ခါ​ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့​မှာ​မင်္ဂ​လာ​ဆောင်​ပွဲ​ကျင်း​ပ​ရာ သ​ခင်​ယေ​ရှု​၏​မယ်​တော်​ကြွ​ရောက်​၏။- 2သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​အား​လည်း ထို​ပွဲ​သို့​ဖိတ်​ကြား​ထား​၏။- 3စပျစ်​ရည်​ကုန်​သွား​သော​အ​ခါ​သ​ခင်​ယေ​ရှု ၏​မယ်​တော်​က “ထို​သူ​တို့​မှာ​စ​ပျစ်​ရည်​မ​ရှိ တော့​ပါ” ဟု​ကိုယ်​တော်​အား​ပြော​ကြား​၏။
 4သ​ခင်​ယေ​ရှု​က “မယ်​တော်၊ အ​ဘယ်​အ​မှု​ပြု ရ​မည်​ကို​အ​ကျွန်ုပ်​အား​မ​ပြော​ပါ​နှင့်။ အ​ကျွန်ုပ် လုပ်​ဆောင်​ရန်​အ​ချိန်​မ​ကျ​သေး​ပါ” ဟု​မိန့်​တော် မူ​၏။
 5ထို​အ​ခါ​မယ်​တော်​သည်​အ​စေ​ခံ​တို့​အား ကိုယ် တော်​စေ​ခိုင်း​သည့်​အ​တိုင်း​ပြု​ကြ​ရန်​မှာ​ကြား​၏။
 6ထို​နေ​ရာ​တွင် ရေ​နှစ်​ထမ်း​သုံး​ထမ်း​ခန့်​စီ​ဝင်​သော ကျောက်​အိုး​ကြီး​ခြောက်​လုံး​ရှိ​၏။ ယု​ဒ​မျိုး​သား တို့​၏​ဘာ​သာ​ဋ္ဌ​လေ့​အ​ရ သန့်​စင်​မှု​ကို​ပြု​ရန် ထို​အိုး​များ​ကို​ထား​ရှိ​ခြင်း​ဖြစ်​၏။- 7သ​ခင်​ယေ​ရှု​က “ဤ​အိုး​များ​တွင်​ရေ​အ​ပြည့် ထည့်​ကြ​လော့” ဟု​အ​စေ​ခံ​တို့​အား​မိန့်​တော်​မူ လျှင် သူ​တို့​သည်​အိုး​နှုတ်​ခမ်း​အ​ထိ​ရေ​ပြည့် အောင်​ထည့်​ကြ​၏။- 8ထို​နောက်​ကိုယ်​တော်​က “ဤ​အိုး​များ​မှ​ရေ အ​နည်း​ငယ်​ကို​ခပ်​၍​ပွဲ​အုပ်​ထံ​ယူ​သွား​ကြ လော့” ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​စေ​ခံ တို့​သည်​ယူ​သွား​ကြ​၏။- 9ပွဲ​အုပ်​သည်​စ​ပျစ်​ရည်​အ​ဖြစ်​သို့​ပြောင်း​လဲ လာ​သော​ရေ​ကို​မြည်း​စမ်း​ကြည့်​၏။ အ​စေ​ခံ များ​သည်​စ​ပျစ်​ရည်​ကို​အ​ဘယ်​မှ​ရ​ရှိ ကြောင်း​သိ​ကြ​သော်​လည်း ပွဲ​အုပ်​မူ​ကား မ​သိ။ သို့​ဖြစ်​၍​ပွဲ​အုပ်​သည်​မင်္ဂ​လာ​ဆောင် သ​တို့​သား​အား​ခေါ်​ပြီး​လျှင်၊- 10“လူ​တိုင်း​ပင်​စ​ပျစ်​ရည်​ကောင်း​နှင့်​ဦး​စွာ​ဧည့်​ခံ တတ်​၏။ လူ​တို့​စိတ်​ရှိ​သောက်​ကြ​ပြီး​မှ စ​ပျစ် ရည်​အ​ညံ့​ကို​ထည့်​ပေး​လေ့​ရှိ​၏။ သင်​မူ​ကား စ​ပျစ်​ရည်​ကောင်း​ကို​ယ​ခု​မှ​ထုတ်​ပေး​ပါ သည်​တ​ကား” ဟု​ဆို​၏။
 11သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​တွင် ဤ​သို့​ဦး​စွာ​ပ​ထ​မ​အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ ဏာ​ကို​ပြ​တော်​မူ​လျက် မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို​ထွန်း​တောက်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် ကြ​၏။
 

၁. မင်္ဂလာဆောင်ခြင်းကိုတန်ဖိုးထားကြောင်း သခင်ယေရှုက ဘယ်လိုပြသခဲ့လဲ။
 

၂. အခုချိန်ထိ သခင်ယေရှုက အိမ်ထောင်တွေကို ဘယ်လိုကောင်းကြီးပေးလဲ။
 

၃. မင်္ဂလာဆောင်ပွဲမှာ ကတိသစ္စာပြုခြင်းက ခရစ်ယာန်ယုံကြည်သူ သစ္စာရှိဖို့ ကတိပြုခြင်းပါ။
 

        က. ငါတို့အပေါ် သူရဲ့ သစ္စာတရားကို ဘုရားသခင်က ဘယ်လိုပြသလဲ။
 

        ခ. မင်္ဂလာမဆောင်ခင် အပျို၊ လူပျိုစစ်စစ်ဖြစ်ခြင်းအားဖြင့် သင့်ခင်ပွန်း၊ ဇနီးဖြစ်မဲ့သူအပေါ် သစ္စာတရား ဘယ်လိုပြသလဲ။
 

ဂ. အခုခေတ် အမေရိကန်နိုင်ငံမှာ လူတစ်ယောက်က လိင်ပိုင်းဆိုင်ရာသန့်သန့်ရှင်းရှင်း ဘယ်လိုနေနိုင်မလဲ။

  ဃ. မိဘတွေက ကိုယ့်ကလေးတွေကို အပျို၊လူပျိုစစ်စစ်ဖြစ်ခြင်းရဲ့ ကောင်းကျိုးတွေအကြောင်းကို ဘယ်လိုပြောနိုင်မလဲ။
 

© Lutheran Agency for Missions to Burmese (LAMB). (2025). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work. 

ဒီအရင်းအမြစ်ကိုရရှိဖို့ရန် ဒီမှာနှိပ်ပါ။

Burmese 6th Commandment

ပဉ္စမပညတ်တော်

သတ္တမပညတ်တော်