နဝမပညတ်တော်




သးကွံပှၤလၢနဃၢၤအဟံၣ်တဂ့ၤသးကွံပှၤလၢနဃၢၤအဟံၣ်တဂ့ၤ
၃ ရာ ၂၁း၁-၄, ၇-၁၁, ၁၇-၁၉, ၂၃-၂၄
1ယေဇရေလမြို့ရှိအာဟပ်မင်း၏နန်းတော် အနီးတွင် နာဗုတ်ဆိုသူပိုင်သည့်စပျစ် ဥယျာဉ်ရှိသည်ဖြစ်၍၊- 2အာဟပ်သည်နာဗုတ်အား“သင်၏ဥယျာဉ် ကိုငါအလိုရှိသည်။ ထိုဥယျာဉ်သည်ငါ့နန်း တော်အနီးတွင်ရှိသဖြင့် ထိုမြေကိုယာခင်း ပြုလုပ်လိုသည်။ သင့်အားထိုဥယျာဉ်ထက် ပို၍ကောင်းသည့်စပျစ်ဥယျာဉ်ကိုငါပေး မည်။ သို့မဟုတ်သင်အလိုရှိလျှင်သင့်လျော် သောအဖိုးငွေကိုငါပေးမည်” ဟုဆို၏။
3နာဗုတ်က“အကျွန်ုပ်သည်ဤဥယျာဉ်ကို ဘိုးဘေးများထံမှအမွေရရှိထားသဖြင့် အရှင့်အားဆက်သမှုကိုထာဝရဘုရား ဆီးတားတော်မူပါစေသော” ဟုလျှောက်၏။- 4အာဟပ်သည်နာဗုတ်၏စကားကြောင့်စိတ် မချမ်းမသာဖြစ်၏။ အမျက်ထွက်၍နန်းတော် သို့ပြန်တော်မူ၏။ သူသည်နံရံဘက်သို့လှည့်၍ အိပ်ရာပေါ်တွင်လှဲလျောင်းကာပွဲတော်မတည် ဘဲနေ၏။- 7ယေဇဗေလက“အရှင်သည်ဣသရေလဘုရင် ဖြစ်သည်မဟုတ်ပါလော။ အိပ်ယာမှထတော်မူ ၍ရွှင်လန်းစွာစားတော်ခေါ်တော်မူပါ။ နာဗုတ် ၏ဥယျာဉ်ကိုအရှင်၏လက်တော်သို့ကျွန်မ အပ်ပါမည်” ဟုလျှောက်၏။
8ထိုနောက်ယေဇဗေလသည်စာများကိုရေး ပြီးလျှင် အာဟပ်အမည်ဖြင့်လက်မှတ်ရေးထိုး ကာ ဘုရင့်တံဆိပ်ခပ်နှိပ်၍ယေဇရေလမြို့ ရှိမြို့မိမြို့ဖများနှင့်မှူးမတ်များထံသို့ ပေးပို့လိုက်လေသည်။- 9ထိုအမိန့်တော်စာကား“သင်တို့သည်အစာရှောင် ရန်နေ့ရက်တစ်ရက်ကိုကြေညာကာ ပြည်သူတို့ အားစုဝေးစေ၍နာဗုတ်အားဂုဏ်ထူးဆောင် နေရာထိုင်ခင်းကိုပေးကြလော့။- 10ထိုနောက်သူ့ကိုမျက်နှာပြောင်တိုက်၍`ဤသူသည် ဘုရားသခင်နှင့်ဘုရင်မင်းမြတ်အားပုတ်ခတ် ပြောဆိုသူဖြစ်ပါသည်’ ဟုမသမာသူလူနှစ် ယောက်ကိုပြစ်တင်စွပ်စွဲခိုင်းကြလော့။ ထို့နောက် သူ့အားမြို့ပြင်သို့ထုတ်၍ခဲနှင့်ပေါက်သတ်ကြ လော့” ဟူသတည်း။
11မှူးမတ်များနှင့်ယေဇရေလမြို့ရှိ မြို့မိမြို့ဖ များသည်လည်းယေဇဗေလအမိန့်ပေးသည့် အတိုင်းပြုကြ၏။-
17ထိုအခါထာဝရဘုရားသည်တိရှဘိမြို့သား ပရောဖက်ဧလိယအား၊- 18“သင်သည်ရှမာရိမြို့ရှိအာဟပ်မင်းထံသို့သွား လော့။ သူသည်နာဗုတ်၏ဥယျာဉ်ကိုသိမ်းယူရန် ထိုဥယျာဉ်ထဲ၌ရှိနေသည်ကိုတွေ့လိမ့်မည်။- 19ငါထာဝရဘုရားက`သင်သည်လူကိုသတ်ပြီး နောက် ထိုသူ၏ဥစ္စာကိုသိမ်းယူပါမည်လော’ ဟု မိန့်တော်မူကြောင်းသူ့အားပြောကြားလော့။ `ခွေး တို့သည်နာဗုတ်၏သွေးကိုလျက်ကြသည့်အရပ် ၌ပင်လျှင် သင်၏သွေးကိုလျက်ကြလိမ့်မည်’ ဟု ငါမိန့်တော်မူကြောင်းကိုလည်းသူ့အားပြော ကြားလော့” ဟုမိန့်မှာတော်မူ၏။
23ယေဇဗေလနှင့်ပတ်သက်၍ထာဝရဘုရား က`ယေဇရေလမြို့တွင်ထိုအမျိုးသမီး၏ အလောင်းသည်ခွေးစာဖြစ်လိမ့်မည်။ သူ၏ ဆွေမျိုးမှန်သမျှတို့သည်လည်းမြို့တွင်း ၌သေလျှင်ခွေးစာ၊- 24မြို့ပြင်၌သေလျှင်လင်းတစာဖြစ်ကြလိမ့် မည်’ ဟုမိန့်တော်မူ၏” ဟုဆင့်ဆို၏။
၁) အာဟပ်မင်းက နာဗုတ်ရဲ့ ပစ္စည်းဥစ္စာတွေကို တပ်မက်လိုချင်ခဲ့တယ်။ ကိုယ့်အတွက် သူများပစ္စည်းတွေ တပ်မက်လိုချင်တဲ့စိတ်ရှိခြင်းက အာဟပ်နဲ့ ယေဇဗေလတို့က တခြားအပြစ်တွေလုပ်ဖို့ ဘယ်လိုဆွဲဆောင်ခံခဲ့ရတာလဲဆိုတာ ပြောပြပါ။
၂) ဒုစရိုက်အပြစ်ရဲ့အကျိုးဆက်တွေအကြောင်းနဲ့ပတ်သက်ပြီး ဒီကျမ်းပိုဒ်ကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်မလဲ။
၃) ဓမ္မသစ်ကျမ်းမှာ အပြစ်ကင်းတဲ့လူတစ်ယောက် အသေခံခြင်းအားဖြင့် သင်နဲ့ကျွန်ုပ်အပါအဝင် မထိုက်တဲ့သူတွေ ထိုက်တန်တဲ့အမွေတွေကို ရရှိစေတယ်။
နဝမပညတ်တော်


သးကွံပှၤလၢနဃၢၤအဟံၣ်တဂ့ၤသးကွံပှၤလၢနဃၢၤအဟံၣ်တဂ့ၤ
ဒါက ဘာကိုဆိုလိုတာလဲ။
ဘုရားသခင်ကို ကြောက်ရွံ့ပြီး ချစ်တယ်ဆိုတော့ ကိုယ်နဲ့စပ်ဆိုင်တဲ့သူရဲ့ အမွေ (သို့) အိမ်ကိုလှည့်စားမှုနဲ့ရဖို့ မကြိုးစားရဘူး။ သူ့အမွေနဲ့ သူ့အိမ်ကို ထိန်းသိမ်းဖို့ အစေခံပြီး ကူညီရမယ်။
ကမ္ဘာဦး ၁၄း၈-၂၄
ထို့နောက်ဘုရင်ငါးပါးဖြစ်ကြသည့်သောဒုံဘုရင်၊ ဂေါမောရဘုရင်၊ အာဋ္ဌမာဘုရင်၊ ဇေဘိုင်ဘုရင် နှင့်ဗေလာဘုရင်တို့၏စစ်သည်များသည်စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စုရုံး၍၊- 9ဘုရင်လေးပါးဖြစ်ကြသောဧလံဘုရင်၊ ဂေါအိမ် ဘုရင်၊ ဗာဗုလုန်ဘုရင်၊ ဧလာသာဘုရင်တို့နှင့် စစ်တိုက်ကြ၏။- 10ထိုချိုင့်ဝှမ်းတွင်ကတ္တရာတွင်းများပြည့်နှက်လျက် ရှိရာ သောဒုံဘုရင်နှင့်ဂေါမောရဘုရင်တို့သည် စစ်ရေးမလှသဖြင့် ထွက်ပြေးကြသောအခါ ထိုတွင်းများထဲသို့ကျကြကုန်၏။ ကျန်သော ဘုရင်သုံးပါးတို့သည်တောင်များပေါ်သို့ထွက် ပြေးကြလေသည်။- 11အောင်ပွဲရဘုရင်လေးပါးတို့သည်သောဒုံမြို့ နှင့်ဂေါမောရမြို့များမှ စားနပ်ရိက္ခာနှင့်တကွ ရှိသမျှပစ္စည်းတို့ကိုသိမ်းယူ၍ထွက်ခွာသွား ကြသည်။- 12သောဒုံမြို့တွင်နေထိုင်သောအာဗြံ၏တူ လောတနှင့်တကွ သူ၏ပစ္စည်းရှိသမျှတို့ ကိုဖမ်းဆီးယူဆောင်သွားကြလေသည်။
13ထိုမြို့သားတစ်ယောက်သည် ရန်သူလက်မှလွတ် မြောက်ထွက်ပြေးလာ၍ဟေဗြဲအမျိုးသား အာဗြံအား အထက်ပါအဖြစ်အပျက်အကြောင်း စုံကိုပြောပြလေ၏။ အာဗြံသည်အာမောရိ အမျိုးသား မံရေပိုင်သောသစ်ပင်များအနီး တွင်နေထိုင်လျက်ရှိသည်။ မံရေနှင့်သူ၏ညီ များဖြစ်ကြသောဧရှကောလနှင့် အာနေရ တို့သည်အာဗြံ၏မဟာမိတ်များဖြစ်ကြ၏။- 14သူ၏တူဖမ်းဆီးခြင်းခံရကြောင်းကိုကြား သိရသောအခါ အာဗြံသည်သူ၏စခန်းမှ တိုက်ရည်ခိုက်ရည်ရှိသူသုံးရာတစ်ဆယ့်ရှစ် ယောက်တို့ကိုစုရုံးပြီးလျှင် ဘုရင်လေးပါး နောက်သို့ဒန်မြို့တိုင်အောင်လိုက်လေ၏။- 15ထိုအရပ်တွင်သူ၏လူများကိုနှစ်စုခွဲလျက် ညအချိန်၌ ရန်သူအားတိုက်ခိုက်၍အောင်မြင် လေသည်။ ထိုနောက်သူသည်ရန်သူကို ဒမာသက် မြို့မြောက်ဘက်ဟောဘမြို့တိုင်အောင်လိုက်လံ တိုက်ခိုက်၍၊- 16သိမ်းယူသွားသောပစ္စည်းအားလုံးကိုပြန်လည် ရရှိလေသည်။ တူလောတနှင့်သူ၏ပစ္စည်းများ ကိုလည်းကောင်း၊ အမျိုးသမီးများနှင့်အခြား အဖမ်းခံရသူများကိုလည်းကောင်း ပြန်လည် ခေါ်ဆောင်ခဲ့လေသည်။
17အာဗြံသည်ခေဒေါရလောမာဘုရင်နှင့် အခြား အပေါင်းပါဘုရင်တို့ကိုတိုက်ခိုက်အောင်မြင်၍ ပြန်လာသောအခါ သောဒုံဘုရင်သည်ခရီးဦး ကြိုဆိုရန်ရှာဝေချိုင့်ဝှမ်း(ဘုရင့်ချိုင့်ဝှမ်းဟု လည်းခေါ်တွင်၏) သို့သွားရောက်လေ၏။- 18အမြင့်ဆုံးသောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဖြစ်၍ ရှာလင်ဘုရင်လည်းဖြစ်သောမေလခိ ဇေဒက်သည် အာဗြံထံသို့မုန့်နှင့်စပျစ်ရည်ကို ယူခဲ့ပြီးလျှင်၊- 19သူ့အားကောင်းချီးပေးလျက်“ကောင်းကင်နှင့်မြေ ကြီးကိုဖန်ဆင်းတော်မူသောအမြင့်ဆုံးသော ထာဝရဘုရားသည်အာဗြံအားကောင်းချီး ပေးတော်မူပါစေသော။- 20သင်၏ရန်သူများကိုအောင်စေသည့်အမြင့်ဆုံး သောထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း” ဟုမြွက်ဆိုလေ၏။ အာဗြံကလည်းမိမိသိမ်းယူခဲ့သောပစ္စည်း အားလုံးမှဆယ်ပုံတစ်ပုံကို ယဇ်ပုရောဟိတ် မင်းအားပေးလှူလိုက်လေ၏။
21သောဒုံဘုရင်က“ကိုယ်တော်သိမ်းယူခဲ့သမျှ သောပစ္စည်းများကိုအပိုင်ယူပါ။ ကျွန်ုပ်၏လူ တို့ကိုသာပြန်ပေးပါ” ဟုအာဗြံအားဆို၏။
22-24ထိုအခါအာဗြံက“သင်၏ဥစ္စာဟူ၍အပ်ချည် တစ်မျှင်၊ ခြေနင်းကြိုးတစ်စကိုမျှငါမယူလို။ သို့မှသာလျှင်အာဗြံအားကြွယ်ဝချမ်းသာစေ သောသူကား ငါပင်ဖြစ်၏ဟုသင်မဆိုနိုင်။ ငါ့ အတွက်မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှ မယူ။ ငါ၏လူများသုံးစွဲပြီးသမျှတို့ကို သာ ငါယူသည်ဟုထင်မှတ်ပါလော့။ သို့ရာတွင် ငါ၏မဟာမိတ်များဖြစ်ကြသောအာနေရ၊ ဧရှကောလနှင့်မံရေတို့ကိုမူကားသူတို့ ၏ဝေစုကိုခွဲယူကြပါစေ။ ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူသော အမြင့်ဆုံး သောထာဝရအရှင်ဘုရားသခင်ကိုတိုင် တည်၍ ငါမြွက်ဆိုပါသည်” ဟုဖြေကြား လေ၏။
၁) အာဗြံက ဒီပညတ်တော်ကို ဘယ်လိုစောင့်ထိန်းခဲ့လဲ။
၂) အာဗြံက သောဒုံမြုိ့ရဲ့ ပစ္စည်းဥစ္စာတွေကို သူက မတပ်မက်ဘူးဆိုတာကို ဘယ်လိုပြသခဲ့လဲ။
၃) သူရဲ့ မိတ်ဆွေတွေရဲ့ကောင်းစားဖို့အတွက် လုပ်ဆောင်နေတယ်ဆိုတာကို ဘယ်လိုပြသခဲ့လဲ။
၄) မေလခိဇေဒက်မင်းဆီကို အာဗြံက ပိုင်ဆိုင်သမျှထဲကနေ ဆယ်ဖို့တစ်ဖို့ ဘာဖြစ်လို့ပေးခဲ့တာလဲ။
၅) နဝမပညတ်တော်ကို စောင့်ထိန်းနေခဲ့တယ်ဆိုတာကို သူ ဆယ်ဖို့တစ်ဖို့ပေးခြင်းက ဘယ်လိုပြသလဲ။
၆) သင့်အနေနဲ့ နဝမပညတ်တော်ကို စောင့်ထိန်းဖို့ ဘာလုပ်နိုင်မလဲ။
© Lutheran Agency for Missions to Burmese (LAMB). (2025). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work.
ဒီအရင်းအမြစ်ကိုရရှိဖို့ရန် ဒီမှာနှိပ်ပါ။