

သင့်ဇနီးအတွက် တံခါးတွေဖွင့်ပေးနေပြီလား။ အရှုံးမပေးပါနဲ့။
“ဒီဇာတ်ကားရဲ့ ဒုတိယအခန်းပါ ။ “ကို”က သူများရဲ့အကြံအဉာဏ်ကိုဘယ်လိုလိုက်နာသလဲဆိုတာကို ကြည့်ရှုပါ။
သင့်ဇနီးအတွက် တံခါးဖွင့်ပေးရာမှာ “ကို”ထက် သင်ဟာ ပိုသာမလို့ မျှော်လင့်ပါတယ်။ ဆက်လက်ပြီး ကျင့်ယူပါ။
ဇာတ်ကားရဲ့ တတိယအခန်းပါ။ လုပ်ဆောင်ချက်အသစ်တစ်ခုရှိပါတယ်။ တံခါးတွေ ဆက်လက်ပြီးဖွင့်ပေးပါ။
သင့်ဇနီးကို ကူညီရာမှာ အဆင်ပြေရဲ့လား။ ပန်းကန်ဆေးတာပဲဖြစ်ဖြစ်၊ ဟင်းချက်တာပဲဖြစ်ဖြစ်၊ ခဏလောက် ကလေးထိန်းတာပဲဖြစ်ဖြစ် ကူညီဖို့နည်းလမ်းအမျိုးမျိုးရှိပါတယ်။
ဇာတ်ကားရဲ့ စတုတ္ထအခန်းဖြစ်ပါတယ်။ လုပ်ဆောင်ချက်အသစ်တစ်ခုလည်း ပါပါတယ်။ တံခါးတွေဆက်ဖွင့်ပေးပြီး သူ့တာဝန်တွေပေါ့ပါးစေဖို့ ဆက်လက်ပြီးကူညီပါ။
ကိုယ့်ဇနီးက ကိုယ့်ကိုပြောမယ့်စကားကို နားထောင်ပေးဖို့ အချိန်ပေးတာ ခက်ခဲနိုင်ပါတယ်။ ရုံးဆင်းပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ သူဒီနေ့ဘာတွေလုပ်လဲဆိုတဲ့အကြောင်းကိုမေးပြီး နားထောင်ပေးလိုက်ပါ။ ပြဿနာတွေဖြေရှင်းဖို့ မလုပ်ပါနဲ့။ ဖုန်းမဆော့နဲ့၊ တီဗွီမကြည့်နဲ့၊ သင့်မိန်းမကိုသာကြည့်ပြီး သူ့ပြောတာတွေကို နားထောင်ပေးပါ။
ဇာတ်ကားရဲ့ ပဉ္စမအခန်းပါ။ လုပ်ဆောင်ချက်အသစ်တစ်ခုလည်းပါပါတယ်။ လွန်ခဲ့တဲ့လုပ်ဆောင်ချက်တွေကိုလည်း ဆက်လက်ပြီးလုပ်ဆောင်ပါ။
ဆဋ္ဌမအခန်းမှာ “မ”ပြောတဲ့စကားတွေကိုကြားရတော့ အံ့ဩသွားသလား။ သူ့စိတ်ထဲမှာ စဉ်းစားတဲ့အတိုင်း ဘာလို့လိုက်မလုပ်တာလဲ။ ကျန်တဲ့လုပ်ဆောင်ချက်တွေကို ဆက်လက်ပြီးလုပ်ဆောင်ပါ။ ရက်အနည်းငယ်မှာ သတ္တမအခန်းကို တင်ဆက်ပါမယ်။
ဇာတ်ကားရဲ့ ဆဋ္ဌမအခန်းပါ။ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ဖို့မရပ်တန့်ပါနဲ့။
သမ္မာကျမ်းစာနဲ့ပတ်သက်လို့ ပိုသိချင်သလား။ မြန်မာ(သို့)ကရင်ဘာသာစကားနဲ့သမ္မာကျမ်းစာကို အသံအားဖြင့်နားထောင်ဖို့ ဒီလင့်(ခ်)ကို နှိပ်လိုက်ပါ https://www.faithcomesbyhearing.com/audio-bible-resources/mp3-downloads။