ဒုတိယပညတ်တော်




သင်၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်ဆိုနှင့်။
၁ ဓမ္မရာဇဝင် ၁၇း၁-၁၁, ၃၂-၅၂
ဖိလိတ္တိအမျိုးသားတို့သည်ယုဒပြည်ရှောခေါ မြို့တွင်စုရုံးကာ ထိုမြို့နှင့်အဇေကာမြို့စပ် ကြားဧဖက်ဒမိမ်အရပ်တွင်တပ်ချထား ကြ၏။- 2ရှောလုနှင့်ဣသရေလအမျိုးသားများသည် လည်းစုရုံး၍ ဝက်သစ်ချချိုင့်ဝှမ်းတွင်တပ်ချ ပြီးလျှင်ဖိလိတ္တိတပ်သားတို့အားတိုက်ခိုက် ရန်အသင့်ပြင်ဆင်ကြ၏။- 3ဖိလိတ္တိအမျိုးသားတို့ကတောင်ကုန်းတစ်ခု ပေါ်တွင်လည်းကောင်း၊ ဣသရေလအမျိုးသား တို့ကအခြားတောင်ကုန်းတစ်ခုပေါ်တွင် လည်းကောင်းနေရာယူထားကြ၏။ သူတို့၏ စပ်ကြားတွင်ကားချိုင့်ဝှမ်းခံလျက်နေသတည်း။
4ဂါသမြို့သားဂေါလျတ်ဆိုသူသည်ဖိလိတ္တိတပ် စခန်းမှထွက်လာပြီးလျှင် ဣသရေလအမျိုးသား တို့အားမိမိနှင့်တစ်ဦးချင်းစစ်ထိုးရန်စိန်ခေါ် လေသည်။ သူသည်အရပ်ကိုးပေ ခန့်မြင့်၍၊- 5တစ်ရာနှစ်ဆယ့်ငါးပေါင်ခန့်လေးသောကြေးဝါ သံချပ်အင်္ကျီကိုဝတ်ဆင်ကာကြေးဝါခမောက် ကိုဆောင်းထား၏။- 6ကြေးဝါခြေစွပ်ကိုလည်းဝတ်လျက်ကြေးဝါ လက်ပစ်လှံကိုပုခုံးတွင်လွယ်ထား၏။- 7သူ၏လက်ထိုးလှံအရိုးသည်ယက်ကန်းလက် လိပ်တန်တမျှကြီး၏။ သံလှံသွားမှာလည်း တစ်ဆယ့်ငါးပေါင်ခန့်လေးသည်။ သူ၏ဒိုင်း လွှားကိုကိုင်ဆောင်သူစစ်သည်ကသူ၏ရှေ့ မှသွားရ၏။- 8ဂေါလျတ်သည်ရပ်လျက်ဣသရေလအမျိုးသား တို့အား“သင်တို့သည်အဘယ်ကြောင့်ဤအရပ်သို့ လာကြသနည်း။ စစ်တိုက်ရန်လော။ အချင်းရှောလု ၏ကျွန်တို့၊ ငါသည်ဖိလိတ္တိအမျိုးသားဖြစ်၏။ ငါနှင့်စစ်ထိုးရန်သင်တို့အထဲမှလူတစ် ယောက်ကိုရွေးချယ်ကြလော့။- 9အကယ်၍ထိုသူသည်ငါ့ကိုနှိမ်နင်းသတ် ဖြတ်နိုင်လျှင် ငါတို့သည်သင်တို့ထံတွင်ကျွန် ခံမည်။ သို့ရာတွင်အကယ်၍ငါသည်သူ့ကို နှိမ်နင်းသတ်ဖြတ်နိုင်ပါမူ သင်တို့သည်ငါ တို့ထံ၌ကျွန်ခံရကြမည်။-
10ယခုငါသည်ဣသရေလတပ်မတော်အားငါ နှင့်တစ်ဦးချင်းစစ်ထိုးရန်စိန်ခေါ်ပါ၏။ ငါနှင့် တိုက်ခိုက်ရန်လူတစ်ဦးကိုရွေးချယ်ကြလော့” ဟုဆို၏။- 11ထိုစကားကိုကြားသောအခါရှောလုနှင့် သူ၏စစ်သည်တပ်သားတို့သည်ထိတ်လန့် ကြကုန်၏။
32ဒါဝိဒ်က“အရှင်မင်းကြီး၊ ဤဖိလိတ္တိအမျိုး သားအား အဘယ်သူမျှမကြောက်သင့်ပါ။ အကျွန်ုပ်သည်သွား၍သူနှင့်စစ်ထိုးပါမည်” ဟုရှောလုအားလျှောက်၏။
33ရှောလုက“အဘယ်သို့လျှင်သင်သည်သူနှင့် စစ်ထိုးနိုင်ပါမည်နည်း။ သင်သည်သူငယ်မျှ သာရှိသေး၏။ ထိုသူမူကားတစ်သက်လုံး စစ်သူရဲလုပ်ခဲ့သူဖြစ်၏” ဟုဆိုသော်၊
34ဒါဝိဒ်က“အရှင်မင်းကြီး၊ အကျွန်ုပ်သည် ဖခင်၏သိုးများကိုထိန်းကျောင်းရသူ ဖြစ်ပါ၏။ သိုးတစ်ကောင်ကိုခြင်္သေ့သော် လည်းကောင်း၊ ဝက်ဝံသော်လည်းကောင်း ကိုက်ချီသွားပါလျှင်၊- 35အကျွန်ုပ်သည်ထိုသားရဲကိုလိုက်လံတိုက်ခိုက် ကာ သိုးငယ်ကိုကယ်ဆယ်ပါ၏။ အကယ်၍ခြင်္သေ့ သို့မဟုတ်ဝက်ဝံသည် အကျွန်ုပ်ကိုလှည့်၍ကိုက် ခဲ့သော်အကျွန်ုပ်သည်သူ၏လည်မြိုကိုကိုင်၍ ရိုက်သတ်ပါ၏။- 36အကျွန်ုပ်သည်ခြင်္သေ့နှင့်ဝက်ဝံတို့ကိုသတ်ခဲ့သူ ဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင်၏ တပ်မတော်ကိုအံတုသူ၊ ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားအားလည်းသတ်ဖြတ်နိုင်ပါသည်။- 37ထာဝရဘုရားသည်အကျွန်ုပ်အားခြင်္သေ့ ဘေး၊ ဝက်ဝံဘေးမှကယ်တော်မူခဲ့ပါပြီ။ ကိုယ်တော်သည်အကျွန်ုပ်အား ဤဖိလိတ္တိ အမျိုးသား၏လက်မှလည်းကယ်တော် မူပါလိမ့်မည်” ဟုလျှောက်၏။
ရှောလုက“ကောင်းပြီ၊ သွားလော့။ ထာဝရ ဘုရားသည် သင်နှင့်အတူရှိတော်မူပါ စေသော” ဟုဆိုကာ၊- 38မိမိကိုယ်ပိုင်လက်နက်စုံကိုဒါဝိဒ်အား တပ်ဆင်ပေး၏။ ကြေးဝါခမောက်ကိုဆောင်း ပေးပြီးလျှင်သံချပ်အင်္ကျီကိုဝတ်ဆင်စေ တော်မူ၏။- 39ဒါဝိဒ်သည်သံချပ်အင်္ကျီအပေါ်တွင် ရှောလု ၏ဋ္ဌားကိုချိတ်ဆွဲကာလမ်းလျှောက်ကြည့်၏။ သို့ရာတွင်သံချပ်အင်္ကျီဝတ်ကျင့်မရှိသဖြင့် သူသည်လမ်းလျှောက်၍မရ။ ထို့ကြောင့်ရှောလု အား“အကျွန်ုပ်သည်ဤတန်ဆာမျိုးကိုဝတ် ကျင့်မရှိပါ” ဟုလျှောက်ပြီးလျှင်ချွတ် လိုက်၏။- 40သူသည်မိမိ၏သိုးထိန်းတောင်ဝှေးကိုယူ၍ စမ်းချောင်းထဲမှကျောက်ခဲငါးလုံးကိုကောက် ယူကာလွယ်အိတ်ထဲသို့ထည့်လိုက်၏။ ထိုနောက် လောက်လွှဲကိုအသင့်ကိုင်၍ ဂေါလျတ်နှင့် တွေ့ဆုံရန်ထွက်သွားလေသည်။
41ဂေါလျတ်သည်မိမိ၏ဒိုင်းလွှားကိုင်ဆောင် သူ၏နောက်မှနေ၍ ဒါဝိဒ်ရှိရာသို့ချဉ်း ကပ်လာ၏။- 42သူသည်ဒါဝိဒ်ကိုသေချာစွာကြည့်သော အခါ ဒါဝိဒ်ကားရှုချင်ဖွယ်ကောင်းသည့် သူငယ်တစ်ယောက်မျှသာဖြစ်သည်ကိုတွေ့ ရှိရသောကြောင့် သူ့အားမထီလေးစားပြု လေသည်။- 43သူကဒါဝိဒ်အား“တောင်ဝှေးနှင့်အဘယ်ကြောင့် လာပါသနည်း။ ငါ့အားခွေးထင်မှတ်သလော” ဟုဆိုပြီးလျှင်မိမိ၏ဘုရားကိုတိုင်တည်၍ ဒါဝိဒ်အားကျိန်ဆဲလေသည်။- 44ထိုနောက်“လာခဲ့လော့။ ငါသည်သင့်အသား ကိုငှက်များနှင့်သားရဲတိရစ္ဆာန်များ၏ အစာဖြစ်စေအံ့” ဟုဆို၏။
45ဒါဝိဒ်က“သင်သည်ဋ္ဌား၊ ပစ်လှံ၊ ထိုးလှံတို့နှင့် သာလာ၏။ ငါမူကားသင်အံတုသည့်ဣသရေ လစစ်သည်တော်တို့၏ဘုရားဖြစ်တော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရား၏နာမတော် နှင့်လာ၏။- 46ယနေ့ပင်လျှင်ထာဝရဘုရားသည်သင့်အား ငါ၏လက်တွင်အပ်နှင်းတော်မူလိမ့်မည်။ ငါ သည်သင့်ကိုနှိမ်နင်း၍သင်၏ဦးခေါင်းကို ဖြတ်ပစ်မည်။ ဖိလိတ္တိတပ်သားတို့၏အသေ ကောင်များကိုငှက်များ၊ သားရဲတိရစ္ဆာန်များ ၏အစာဖြစ်စေမည်။ ထိုအခါဣသရေလ အမျိုးသားတို့တွင် ဘုရားရှိတော်မူကြောင်း တစ်ကမ္ဘာလုံးသိကြလိမ့်မည်။-
47ကိုယ်တော်သည်မိမိ၏လူမျိုးတော်အားကယ် တင်ရန်အတွက် ဋ္ဌား၊ လှံလက်နက်များကိုအသုံး ပြုတော်မူရန်မလိုကြောင်းကိုလည်း ဤအရပ် တွင်ရှိသမျှသောလူတို့တွေ့မြင်ရကြလိမ့် မည်။ ကိုယ်တော်သည်စစ်မက်ရေးရာကိုပိုင် တော်မူသဖြင့် သင်တို့အားလုံးကိုငါတို့ လက်သို့အပ်နှင်းတော်မူလိမ့်မည်” ဟုဆို၏။
48ဂေါလျတ်သည် ဒါဝိဒ်ရှိရာသို့တစ်ဖန်ချဉ်းကပ် လာ၏။ ဒါဝိဒ်သည်သူနှင့်စစ်ထိုးရန်ဖိလိတ္တိ တပ်ဦးသို့အလျင်အမြန်ပြေး၍၊- 49မိမိလွယ်အိတ်မှကျောက်ခဲတစ်လုံးကိုနှိုက်ယူ ပြီးလျှင် လောက်လွှဲနှင့်ဂေါလျတ်အားပစ်လိုက်၏။ ကျောက်ခဲသည်ဂေါလျတ်၏နဖူးကိုထိမှန်၍ နဖူးပေါက်သဖြင့်ဂေါလျတ်သည်မြေပေါ်သို့ ငိုက်စိုက်လဲကျသွားတော့၏။- 50ဤကဲ့သို့ဒါဝိဒ်သည်ဋ္ဌားမပါဘဲ လောက်လွှဲနှင့် ကျောက်ခဲတစ်လုံးဖြင့်ဂေါလျတ်အားသေ လောက်သည့်ဒဏ်ရာရစေလျက်နှိမ်နင်းလိုက် သတည်း။- 51သူသည်ဂေါလျတ်ရှိရာသို့ပြေးပြီးနောက် သူ့ကို ခြေနှင့်နင်းကာသူ၏ဋ္ဌားကိုဋ္ဌားအိမ်မှဆွဲထုတ် ပြီးလျှင် ခေါင်းကိုဖြတ်၍သတ်လေတော့သည်။
ဖိလိတ္တိအမျိုးသားများသည် မိမိတို့သူရဲ ကောင်းကြီးကျဆုံးသွားသည်ကိုမြင်ကြ သောအခါထွက်ပြေးကြကုန်၏။- 52ဣသရေလနှင့်ယုဒတပ်သားများသည်လည်း အော်သံပေးကာဂါသမြို့နှင့် ဧကြုန်မြို့တံခါးများတိုင်အောင်သူတို့အား လိုက်လံတိုက်ခိုက်ကြ၏။ ဖိလိတ္တိအမျိုးသား တို့သည်ဒဏ်ရာရ၍ ဂါသမြို့နှင့်ဧကြုန်မြို့ တိုင်အောင်ရှာရိမ်လမ်းတစ်လျှောက်လုံး၌ ကျဆုံးကြကုန်၏။
၁. ဂေါလျတ်က ဘုရားသခင်ရဲ့ နာမတော်ကို ဘယ်လိုအလွဲသုံးခဲ့လဲ။ (ဘယ်လိုမှားသုံးလဲ)
၂. ဒါဝိဒ်မင်းက ဘုရားသခင်ရဲ့ နာမတော်ကို ဘယ်လို ရိုသေလေးမြတ်ခဲ့လဲ။
ဒုတိယပညတ်တော်


သင်၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်ဆိုနှင့်။
ဒါက ဘာကိုဆိုလိုတာလဲ။ ။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ချစ်တယ်ဆိုတော့ ကျွန်ုပ်တို့က မဆဲရဘူး။ မကျိန်ဆဲရဘူး။ နတ်ဝိဇ္ဇျာအတတ်ပညာကို မကျင့်သုံးရဘူး။ မလိမ်ညာရဘူး။ ပြီးတော့ သူ့နာမတော်ကို မှားယွင်းစွာသုံးပြီး မလှည့်စားရဘူး။ ဘာလုပ်ရမှာလဲဆိုတော့ ဒုက္ခရောက်တိုင်း သူ့နာမတော်ကို ခေါ်ရမယ်။ ဆုတောင်းရမယ်။ ပြီးတော့ ကျေးဇူးတော်ချီးမွမ်းရမယ်။
လဒံယေလ ၆း၁-၂၅
ဒါရိမင်းသည်မိမိ၏အင်ပါယာနိုင်ငံ တစ်ဝန်းလုံးအုပ်ချုပ်မှုအတွက် ဘုရင်ခံ တစ်ရာ့နှစ်ဆယ်ကိုခန့်ထားရန်ဆုံးဖြတ် တော်မူပြီးလျှင်၊- 2ဒံယေလနှင့်အခြားသူနှစ်ယောက်တို့ အားဘုရင်ခံများကိုကွပ်ကဲကြီးကြပ် ရန်နှင့် ဘုရင့်အကျိုးတော်ကိုစောင့်ရှောက် ရန်အတွက်ရွေးချယ်ခန့်ထားတော်မူ၏။- 3ထို့နောက်မကြာမီဒံယေလသည်အခြား ကြီးကြပ်ရေးအဖွဲ့ဝင်များဘုရင်ခံများ ထက်ပို၍ အရည်အချင်းကောင်းမွန်သူ ဖြစ်ကြောင်းသိသာထင်ရှားလာ၏။ သူသည် အလွန်ပင်ထူးချွန်သဖြင့် မင်းကြီးသည် သူ့အားအင်ပါယာနိုင်ငံတစ်ခုလုံးကို ကွပ်ကဲအုပ်ချုပ်စေရန်အကြံရှိတော် မူ၏။- 4ထိုအခါအခြားကြီးကြပ်ရေးအဖွဲ့ဝင် များနှင့်ဘုရင်ခံတို့သည် ဒံယေလ၏စီမံ အုပ်ချုပ်မှု၌အမှားကိုရှာကြလေသည်။ သို့ရာတွင်မည်သည့်အမှားကိုမျှမတွေ့ မရှိနိုင်ကြ။ အဘယ်ကြောင့်ဆိုသော်ဒံယေလ သည်သစ္စာရှိသူဖြစ်သဖြင့်မည်သည့်အမှား၊ မည်သည့်မရိုးမဖြောင့်မှုကိုမျှမပြု သောကြောင့်ဖြစ်၏။- 5သူတို့က“ငါတို့သည်ဒံယေလအား သူ ကိုးကွယ်သည့်ဘာသာနှင့်ပတ်သက်သော ကိစ္စမှတစ်ပါး အခြားအဘယ်အမှုတွင် မျှပြစ်တင်စွပ်စွဲစရာတွေ့နိုင်မည်မဟုတ်” ဟုအချင်းချင်းပြောဆိုကြ၏။
6ထိုနောက်သူတို့သည်မင်းကြီးရှေ့တော်သို့ သွားရောက်၍“ဒါရိမင်းမြတ်သက်တော်ရာ ကျော်ရှည်တော်မူပါစေ။- 7အရှင်မင်းကြီးသည်အမိန့်တော်တစ်ရပ် ကိုထုတ်ဆင့်ကာ ထိုအမိန့်တော်ကိုလူတို့ တိကျစွာလိုက်နာကြစေသင့်ကြောင်းကြီး ကြပ်ရေးအဖွဲ့ဝင်များ၊ ဘုရင်ခံများ၊ လက် ထောက်ဘုရင်ခံများနှင့်အကြံပေးအရာ ရှိများဖြစ်သည့်နိုင်ငံတော်ကိုစီမံအုပ်ချုပ် ကြသူ အကျွန်ုပ်တို့အားလုံးသဘောတူညီ ကြပါ၏။ ရက်ပေါင်းသုံးဆယ်တိုင်တိုင် အဘယ်သူမျှအရှင်မင်းကြီးမှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရား ထံသော်လည်းကောင်းဆုတောင်းသူမည်သူ မဆို ခြင်္သေ့လှောင်သောတွင်းထဲသို့ပစ်ချ ခြင်းကိုခံစေဟူသောအမိန့်ထုတ်တော် မူပါ။- 8ထိုအမိန့်တော်ကိုအရှင်မင်းကြီးထုတ် ၍တံဆိပ်ခတ်နှိပ်၍လက်မှတ်ရေးထိုး တော်မူပါလျှင် ယင်းအမိန့်တော်သည်ပြင် ဆင်ပြောင်းလဲ၍မရနိုင်သောမေဒိနှင့် ပါရှလူမျိုးများ၏ဋ္ဌမ္မသတ်ဖြစ်လာ ပါလိမ့်မည်” ဟုလျှောက်ထားကြ၏။- 9သို့ဖြစ်၍ဒါရိမင်းသည်ထိုအမိန့်တော် ကို တံဆိပ်ခတ်လက်မှတ်ရေးထိုးတော်မူ၏။- 10မင်းကြီးဤသို့လက်မှတ်ရေးထိုးပြီး ကြောင်းကိုကြားသိသောအခါ ဒံယေလ သည်အိမ်သို့ပြန်လေ၏။ သူ၏အိမ်အထက် ခန်းတွင်ယေရုရှလင်မြို့သို့မျက်နှာမူ သည့်ပြူတင်းပေါက်များရှိ၏။ သူသည်ထို အခန်းတွင်မိမိပြုလေ့ရှိသည်အတိုင်း ပြူတင်းပေါက်များအနီးတွင် ဒူးထောက် လျက်တစ်နေ့လျှင်သုံးကြိမ်ဘုရားသခင်အားဆုတောင်းပတ္ထနာပြုလေ၏။
11သူ၏ရန်သူတို့သည်ဘုရားသခင်အား ဒံယေလဆုတောင်းပတ္ထနာပြုလျက်နေ သည်ကိုမြင်သောအခါ၊- 12တစ်စုတစ်ရုံးတည်းဘုရင့်ရှေ့တော်သို့ဝင်၍ ဒံယေလအားပြစ်တင်စွပ်စွဲကြကုန်၏။ သူ တို့က“အရှင်မင်းကြီးကိုယ်တော်သည်နောက် ရက်ပေါင်းသုံးဆယ်တိုင်တိုင်အရှင်မင်းကြီး မှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရားထံသော်လည်းကောင်းဆုတောင်းသူ မည်သူမဆိုခြင်္သေ့လှောင်သောတွင်းထဲသို့ ပစ်ချခြင်းကိုခံစေဟူသောအမိန့်တော် ကိုလက်မှတ်ရေးထိုးတော်မူခဲ့သည် မဟုတ်ပါလော” ဟုမေးလျှောက်ကြ၏။
မင်းကြီးက“ထိုအမိန့်သည်ပြောင်းလဲ၍ မရသောမေဒိနှင့်ပါရှလူမျိုးတို့၏ ဋ္ဌမ္မသတ်အတိုင်းမှန်ပေ၏” ဟုမိန့်တော် မူ၏။
13ထိုအခါသူတို့သည်မင်းကြီးအား“ယုဒ ပြည်မှဖမ်းဆီးခဲ့သူများအနက်တစ်ဦး ဖြစ်သူဒံယေလသည်အရှင်မင်းကြီး အားရိုသေလေးစားမှုမရှိ။ အရှင်ထုတ် ပြန်သည့်အမိန့်တော်ကိုလည်းမလိုက်နာ။ သူသည်တစ်နေ့လျှင်သုံးကြိမ်တိုင်တိုင် အချိန်မှန်မှန်ဆုတောင်း၍နေပါသည်” ဟုလျှောက်ထားကြ၏။
14ဤလျှောက်ထားချက်ကိုမင်းကြီးကြား တော်မူလျှင် အလွန်စိတ်မချမ်းမသာဖြစ် တော်မူလျက်ဒံယေလအားကယ်ဆယ်ရန် နည်းလမ်းကိုနေဝင်သည်တိုင်အောင်အစွမ်း ကုန်ကြိုးစား၍ရှာကြံတော်မူ၏။- 15ထိုနောက်မှူးမတ်အရာရှိတို့သည်အထံတော် သို့ပြန်လည်ရောက်ရှိလာကြကာ“မေဒိ နှင့်ပါရှလူမျိုးတို့၏ဥပဒေများအရ ဘုရင့်အမိန့်တော်မည်သည်မှာပြန်လည် ပြင်ဆင်ပြောင်းလဲ၍မရနိုင်ကြောင်းအရှင် မင်းကြီးသိတော်မူပါ၏” ဟုလျှောက် ထားကြ၏။
16ထို့ကြောင့်မင်းကြီး၏အမိန့်အရဒံယေလ အားခြင်္သေ့လှောင်ရာတွင်းထဲသို့ပစ်ချလိုက် ကြ၏။ မင်းကြီးကဒံယေလအား“သင်သစ္စာ ရှိစွာကိုးကွယ်သောဘုရားသည်သင့်ကို ကယ်ဆယ်တော်မူပါစေသော” ဟုမိန့်တော် မူ၏။- 17ကျောက်ပြားဖြင့်တွင်းဝကိုပိတ်စေပြီး နောက်မင်းကြီးသည် အဘယ်သူမျှဒံယေလ အားမကယ်နိုင်စေရန် မိမိ၏တံဆိပ်တော် နှင့်မှူးမတ်တို့၏တံဆိပ်များကို ကျောက် ပြားပေါ်တွင်ခတ်နှိပ်၍ထားစေတော်မူ၏။- 18မင်းကြီးသည်နန်းတော်သို့ပြန်တော်မူ၍ တစ်ညဥ့်လုံးစားတော်မခေါ်။ အဘယ်သို့ သောဖြေဖျော်မှုကိုမျှခံယူတော်မမူ။ စက်တော်ခေါ်၍မပျော်နိုင်။
19မိုးသောက်ချိန်၌မင်းကြီးသည်ထ၍ ခြင်္သေ့တွင်းသို့အလျင်အမြန်ကြွ တော်မူ၏။- 20ခြင်္သေ့တွင်းသို့ရောက်သောအခါစိုးရိမ်ပူ ပန်သောအသံနှင့်“အသက်ရှင်တော်မူသော ဘုရား၏အစေခံ၊ ဒံယေလ၊ သင်သစ္စာရှိ စွာကိုးကွယ်သောဘုရားသခင်သည်သင့် အားခြင်္သေ့များ၏ဘေးမှကယ်တော်မူ နိုင်ပါ၏လော” ဟုမေးတော်မူ၏။
21ဒံယေလက“အရှင်မင်းကြီးသက်တော်ရာ ကျော်ရှည်တော်မူပါစေသော။- 22ခြင်္သေ့တို့သည်အကျွန်ုပ်အားဘေးအန္တရာယ် မပြုနိုင်စေရန်ဘုရားသခင်သည် မိမိ၏ ကောင်းကင်တမန်ကိုစေလွှတ်၍ခြင်္သေ့တို့ ၏နှုတ်ကိုပိတ်ထားတော်မူပါ၏။ ဤကဲ့သို့ ပြုတော်မူခြင်းမှာအကျွန်ုပ်၌အပြစ်မ ရှိကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် အရှင်မင်းကြီးအားမပြစ်မှားခဲ့ကြောင်း ကိုလည်းကောင်းသိတော်မူသောကြောင့် ဖြစ်ပါ၏” ဟုလျှောက်လေ၏။
23မင်းကြီးသည်လွန်စွာဝမ်းမြောက်အားရ တော်မူသဖြင့် ဒံယေလအားခြင်္သေ့တွင်း မှဆွဲတင်ကြရန်အမိန့်ပေးတော်မူ၏။ သို့ ဖြစ်၍လူတို့သည်ဆွဲတင်ကြရာဒံယေလ သည် ဘုရားသခင်ကိုယုံကြည်ကိုးစားသူ ဖြစ်သဖြင့် မည်သို့မျှဘေးအန္တရာယ်မဖြစ် ဘဲရှိသည်ကိုတွေ့မြင်ကြ၏။- 24ထိုနောက်မင်းကြီးသည်ဒံယေလအားပြစ် တင်စွပ်စွဲကြသူအပေါင်းတို့ကိုဖမ်းဆီး စေပြီးလျှင် သူတို့၏သားမယားများနှင့် တကွခြင်္သေ့တွင်းထဲသို့ပစ်ချရန်အမိန့် ပေးတော်မူ၏။ မြေသို့မရောက်ရှိမီပင်သူ တို့အားခြင်္သေ့တို့သည်ခုန်အုပ်ပြီးလျှင် အရိုးပါမကျန်ကိုက်စားလိုက်ကြလေ သည်။
25ထိုနောက်ဒါရိမင်းသည်ကမ္ဘာပေါ်ရှိဘာသာ စကားအမျိုးမျိုးပြောဆိုသူလူမျိုးအသီး သီးနှင့် နိုင်ငံအသီးသီးရှိလူအပေါင်းတို့ ထံသို့သဝဏ်လွှာတစ်စောင်ရေးသားပေး ပို့တော်မူ၏။ ထိုသဝဏ်လွှာတွင်“သင်တို့သည်ချမ်းမြေ့ သာယာကြပါစေသော။-
၁. ဂေါလျတ်က ဘုရားသခင်ရဲ့ နာမတော်ကို ဘယ်လိုအလွဲသုံးခဲ့လဲ။ (ဘယ်လိုမှားသုံးလဲ)
၂. စီၤဒၤနံးယ့လးပာ်ဒိၣ်ပာ်ထီ(ယူးယီၣ်ပာ်ကဲ)ကစၢ်ယွၤအမံၤဒ်လဲၣ်.
၃. မုၢ်မဆါတနံၤပှၤဟီၣ်ခိၣ်ဖိတဖၣ် ပှ့ၤဘၣ် ယွၤကစၢ်အမံၤလၢတၢ်ကလီကလီဒ်လဲၣ်.
၄) မ့ၢ်နပှ့ၤဘၣ်ယွၤကစၢ်အမံၤလၢတၢ်ကလီကလီဒ်လဲၣ်.
၅) မ့ၢ်နပာ်ဒိၣ်ပာ်ထီ(ယူးယီၣ်ပာ်ကဲ)ကစၢ်ယွၤအမံၤလၢကျဲဒ်လဲၣ်တဖၣ်လဲၣ်.
၆) ဖဲလဲၣ်တခါန့ၣ်ညီဒိၣ်လဲၣ်.တၢ်ပှ့ၤဘၣ်ယွၤကစၢ်အမံၤလၢတၢ်ကလီကလီဧါ(မ့တမ့ၢ်)တၢ်ပာ်ဒိၣ်ပာ်ထီ(ယူးယီၣ်ပာ်ကဲ)ကစၢ်ယွၤအမံၤဧါ. ဘၣ်မနုၤအဃိလဲၣ်.
၇) ဒ်သိးနကပာ်ဒိၣ်ပာ်ထီ(ယူးယီၣ်ပာ်ကဲ)ကစၢ်ယွၤအမံၤအါန့ၢ်ဒ်နပှ့ၤဘၣ် ယွၤကစၢ်အမံၤလၢတၢ်ကလီကလအပူၤန့ၣ်နမၤမနုၤတဖၣ်သ့လဲၣ်.
© Lutheran Agency for Missions to Burmese (LAMB). (2025). Fort Wayne, Indiana. The Lutheran Agency for Missions to Burmese (LAMB) gives permission for this translation to be copied and used as a public domain work.
ဒီအရင်းအမြစ်ကိုရရှိဖို့ရန် ဒီမှာနှိပ်ပါ။